August 31, 2020
August 30, 2020
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၇) ထွက်ရှိ
စက်တင်ဘာလ (၁) ရက်နေ့မှာ ထွက်ရှိမယ့် ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၇) မှာတော့ -
*** စာတတ်မြောက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်း (အထူးဆောင်းပါး)
*** ရိက္ခာလုံခြုံရေးအတွက် အော်ဂင်းနစ်နှင့် ဂျီအေပီစနစ်၏ အကျိုးသက်ရောက်မှု (စိုက်ပျိုးရေးဆောင်းပါး)
*** အိမ်ခြံဝင်းစိုက်ခင်းအတွက် မိတ်ဖက်ဟင်းသီးဟင်းရွက်များ (စိုက်ပျိုးရေးဆောင်းပါး)
*** မြေပဲတောင့်ကို ဒုက္ခပေးတဲ့ကျိုင်းညို ဒီလိုကာကွယ်နှိမ်နင်းပါ (စိုက်ပျိုးရေးဆောင်းပါး)
*** လယ်ယာလုပ်ငန်းခွင်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အစဉ်ကြိုးပမ်းနေသည့် လယ်ယာသုံးစက်ပစ္စည်းလုပ်ငန်းစု (စိုက်ပျိုးရေးအင်တာဗျူး)
*** မိဘနှင့် သားသမီးချစ် (အခန်းဆက်ဝတ္ထု)
*** ဆိတ်ထီးလေးများ၏ ခရီးသွားလိုမှုဆန္ဒ (ပုံပြင်)
*** သမီးကိုမွေးတုန်းက (သုတရသဆောင်းပါး)
*** အတုယူသင့်တဲ့ တောင်ကိုရီးယားနိုင်ငံရွေးကောက်ပွဲ အတွေ့အကြုံ (အတွေးအမြင်ဆောင်းပါး)
*** ကျွဲ နွား သိုး ဆိတ် မွေးမြူရေးအတွက် အစာစီမံခန့်ခွဲမှု (၄) (မွေးမြူရေးဆောင်းပါး)
*** ငါး ပုစွန် မွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ဖို့ (မွေးမြူရေးဆောင်းပါး)
*** အစာခြေစနစ်ကောင်းမွန်မှ သက်ရှည်ကျန်းမာနေထိုင်ရ (ကျန်းမာရေးဆောင်းပါး)
*** စိတ်ဖိစီးမှုနှင့် စိတ်ကျရောဂါ (ကျန်းမာရေးဆောင်းပါး)
*** မျက်စိနှင့် ဦးနှောက်အာရုံကြည်စေသည့် လေ့ကျင့်ခန်း (ကျန်းမာရေးဆောင်းပါး)
*** ပေါက်ပန်းဖြူအစွမ်း အံ့မခန်း (ကျန်းမာရေးဆောင်းပါး)
*** ကုန်ကျစရိတ်နည်းပါးသည့် အိန္ဒိယ၏ စပါးစိုက်ပျိုးရေးနည်းသစ် (နိုင်ငံတကာဆောင်းပါး)
စတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သုတရသ၊ အတွေးအမြင်၊ ကျန်းမာရေး၊ နိုင်ငံတကာ ဆောင်းပါးများအပြင် မျက်မှောက်ရေးရာ၊ စာပေအနုပညာဆိုင်ရာ၊ အားကစား၊ နိုင်ငံတကာသတင်းများ၊ ကဗျာ၊ ဟာသ၊ ကာတွန်းများလည်း ပါရှိပါတယ်။
ဒို့ကျေးရွာဂျာနယ်ကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများနဲ့ စာပေဗိမာန်စာအုပ်ဆိုင်များမှာ တစ်စောင်လျှင် ၂၀၀ ကျပ်နှုန်းနဲ့ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။
August 29, 2020
August 28, 2020
August 27, 2020
August 26, 2020
August 25, 2020
August 24, 2020
တန်ဖိုးရှိသော ပန်းတိုင်
မိုးပန်းမွန်(ရာမည)
လူတိုင်း လူတိုင်း ရည်ရွယ်ချက်ရှိကြသည်။
စကားတတ်စ ကလေးဘဝမှာပင် မိဘများက မေးခွန်းဖြင့် လုပ်ငန်းစကြသည်။ ကြီးလာလျှင် ဘာလုပ်မလဲဟု မေးတတ်သည်။ ကလေးက သူ့စိတ်ကူးရှိရာ သူဖြေလိမ့်မည်။ လူကြီးသူမများက သဘောကျ ရယ်မောပျော်ရွှင်ကြရစမြဲ။ ထိုကလေးငယ်များ၏ ရင်ထဲတွင် ရည်ရွယ်ချက်ဟူ၍ ရှိသည်မဟုတ်။
August 23, 2020
ဆေးဖက်လည်းဝင် ဝင်ငွေလည်းရ ရုံးပတီပင်ကို စိုက်ပျိုးကြ
ရွှေမင်းအောင် (ကျောက်ပန်းတောင်း)
ယနေ့ခေတ် မိသားစုကျန်းမာရေးအတွက် အစာလည်းဆေး၊ ဆေးလည်းအစာဆိုသည့်အတိုင်း ဟင်းသီးဟင်းရွက်စိုက်ပျိုးပင်များထဲမှ ဆေးဖက်လည်းဝင်သည့် ရုံးပတီပင်စိုက်ပျိုးရေးကိုလည်း ဆောင်ရွက်သွားကြရန် လိုအပ်ပါသည်။ ရုံးပတီသီးကို စားသုံးပေးခြင်းအားဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ အရိုးများကို သန်မာစေခြင်း၊ နှလုံးအားကို ကောင်းစေသဖြင့် နှလုံးရောဂါများကို ကာကွယ်ပေးခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေခြင်း၊ သွေးပေါင်ကို ထိန်းပေးခြင်း၊ ခန္ဓာကိုယ်သွေးလည်ပတ်မှုအားကို ကောင်းစေခြင်း၊ မျက်စိကြည်လင်စေခြင်း၊ ခန္ဓာကိုယ် ညောင်းညာကိုက်ခဲခြင်းများကို သက်သာစေနိုင်ပါသည်။
August 22, 2020
မျိုးစပ်ငါးခူ သားဖောက်မွေးမြူမည်ဆိုလျှင်
စံလွင် (ငါးဦးစီး)
ယခုတလော ငါးခူမွေးမြူရေးနှင့် ပတ်သက်၍ သတင်းများ တက်လာသည်ကို ဖတ်ရှုမိပါသည်။ အချိန်တိုအတွင်း မွေးမြူထုတ်လုပ်နိုင်၍ မွေးမြူသင့်ကြောင်း သတင်းများတက်လာသည့်နည်းတူ မွေးမြူခွင့် ရှိ၊ မရှိမွေးမြူ၍ရ၊ မရကို သိရှိလိုကြောင်း မေးခွန်းများကိုလည်း ဖတ်ရှုရပါသည်။
August 21, 2020
စီးပွားရေးတွက်ခြေကိုက်ပြီး ရာသီမရွေးစိုက်ပျိုးရောင်းချနိုင်သည့် ငွေနှင်းမှို
အောင်ရဲနိုင် (သုံးဆူ)
ယခုအခါ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ ရပ်ကွက်ကျေးရွာများတွင် ငွေနှင်းမှိုများကို တစ်ပိုင်တစ်နိုင်မှသည် ကျယ်ကျယ်ပြန့်ပြန့် စီးပွားဖြစ် စိုက်ပျိုးလျက်ရှိရာ ငွေနှင်းမှိုစိုက်ပျိုးရေးနှင့်ပတ်သက်၍ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ တပ်ရင်း(၃)ကျေးရွာမှ ငွေနှင်းမှိုစိုက်ပျိုးသူ ဦးနိုင်အောင်ထူးအား ယခုလိုမေးမြန်းခဲ့ပါတယ်။
August 20, 2020
နှလုံးရောဂါအတွက် ကာကွယ်ရေးနည်းလမ်းခုနစ်ချက်
ဒေါက်တာလွင်သန့်
နှလုံးရောဂါသည် မျိုးရိုးလိုက်နိုင်တဲ့ရောဂါဖြစ်ပြီး အနေအထိုင် အစားအသောက်ဆင်ခြင်မှု မရှိခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ဆေးလိပ်၊ အရက် အလွန်အကျွံသောက်သုံးခြင်း စတဲ့အချက်တွေကြောင့် ရောဂါဖြစ်ပွားတဲ့နှုန်းများပြားလ်တယ်။ နှလုံးဟာ ခန္ဓာကိုယ်အတွက် အဓိကမောင်းနှင်ပေးတဲ့ အင်ဂျင်ဖြစ်ပြီး စနစ်တကျ ဂရုစိုက်မှုမရှိရင် စွမ်းဆောင်ရည်ကျဆင်းကာ မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးများ ခံစားကြရလိမ့်မယ်။ နှလုံးရောဂါဖြစ်ပွားခြင်းမှ ကြိုတင်ရှောင်ရှားနိုင်မယ့် ကာကွယ်ရေးနည်းလမ်း ခုနစ်ချက်ရှိပါတယ်။
August 19, 2020
August 18, 2020
ကျွဲ နွား သိုး ဆိတ် မွေးမြူရေးအတွက် အစာစီမံခန့်ခွဲမှု (၃)
ကိုသက်
ကျွဲ၊ နွား၊ သိုး၊ ဆိတ် မွေးမြူရေးအတွက် အစာစီမံခန့်ခွဲမှုအကြောင်း ပြောတဲ့အခါ စားမြုံ့ပြန်ခြင်း (Rumination) ရဲ့ အရေးပါပုံအကြောင်း ထည့်မပြောလို့ မဖြစ်ပါဘူး။ ကျွဲ၊ နွား၊ သိုး၊ ဆိတ် ဆိုတဲ့ မွေးမြူရေးသတ္တဝါတွေကို စားမြုံ့ပြန်သတ္တဝါ (Ruminants) လို့ ခေါ်တာကလည်း အဲဒီလို စားမြုံ့ပြန်တတ်တဲ့ သဘာဝရှိခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆောင်းပါးနှစ်ပုဒ်မှာ စားမြုံ့ပြန်သတ္တဝါတွေရဲ့ အစာအိမ်အကန့် ၄ ခုအနက်က ရူမင် (Rumen) ဆိုတဲ့ အစာအိမ်အကန့်ရဲ့ တည်ဆောက်ပုံ၊ လုပ်ငန်းလုပ်ဆောင်ပုံ အချို့ကို တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ရူမင်အစာအိမ်နဲ့ စားမြုံ့ပြန်ခြင်း ဆက်စပ်ပုံ၊ အရေးပါပုံတွေကို ဆက်လက် ဆွေးနွေးတင်ပြသွားပါဦးမယ်။
August 17, 2020
ကျေးဇူးတင်တတ်တဲ့ အလေ့အကျင့်
ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်)
"လောကမှာ လူတစ်ကိုယ် ကံတစ်မျိုးနဲ့ လာတတ်တာပါပဲ။ တစ်နေရာမှာ တစ်ယောက်အဖို့ ပြည့်စုံနေရင် နောက်တစ်နေရာမှာ နောက်တစ်ယောက်အဖို့ မပြည့်စုံတာကို တွေ့ရပါလိမ့်မယ်။ အဲသည်လို မပြည့်စုံတာတွေကို အသင့်အတင့် နှလုံးသွင်းရင် သွင်းနိုင်အောင် ကြိုးစားခွင့်ရရင် အဆိုးထဲက အကောင်း ဖြစ်မှာပါပဲ။"
August 16, 2020
ဒုတိယအရွယ် (၁၄)
လယ်တွင်းသားစောချစ်
ဘာမှ မသိပါ။ ဘာမှလည်း မမေးမိပါ။
‘‘အေးဗျာ..ဒါဆိုရင် သေချာတာကတော့ မနက်ဖြန်ကျောင်းပိတ်ရမှာပေ့ါ။ ကျွန်တော်လည်း မန္တလေးသွားပြီး တိုင်းပညာဝန်ရုံးမှာ မေးရမှာပေါ့’’
လွှတ်တော်အတွက် ရွေးကောက်ပွဲမဲပေးမှု ဘာကြောင့်အရေးပါရသလဲ
ထူးကျော်ဝင်း
“ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်လိုချင်နှစ်သက်တဲ့ အစိုးရတစ်ရပ်ကို နိုင်ငံအတွက် စီမံခန့်ခွဲအုပ်ချုပ်ပေးဖို့အတွက် တွန်းတင်ပေးနိုင်ဖို့က လက်ရှိစနစ်အရဆို လွှတ်တော်ထဲ အမတ်နေရာအများစုရမှ ဖြစ်တာမို့ ရွေးကောက်ပွဲမှာ မဲပေးမှုက အလွန်အရေးပါတဲ့ အနေအထားမှာ ရှိနေတာပါ”
August 15, 2020
ဒုတိယအရွယ် (၁၃)
လယ်တွင်းသားစောချစ်
တိုင်းပညာဝန်
ခန့်စာရပြီးနောက် ကျောက်မီးရွာသို့ အလျင်မသွားသေးဘဲ မန္တလေးတိုင်းဒေသကြီးက ပညာဝန်ရုံးသို့ သွားသည်။
တိုင်းပညာဝန်၏ ရုံးခန်းမှာ စာတန်းတစ်ခု ချိတ်ဆွဲထား၏။
August 14, 2020
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၆) ထွက်ရှိ
ဩဂုတ်လ (၁၅) ရက်နေ့မှာ ထွက်ရှိမယ့် ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၆) မှာတော့ -
*** မြန်မာမှု အတွေးပေးသည့် “မိုး”၏ စကားဆိုရိုး (အထူးဆောင်းပါး)
*** မြန်မာ့ဆန် ပြည်ပပိုမိုတင်ပို့ရန် ကြိုးပမ်းမှု၏ အောင်မြင်မှုခြေလှမ်း (စိုက်ပျိုးရေးဆောင်းပါး)
*** မြေပဲသီးနှံအထွက်တိုးစေရ န် စိုက်ပျိုးနည်းစနစ်များ (စိုက်ပျိုးရေးဆောင်းပါး)
***ပဲမျိုးစုံအထွက်အပေါ် မော်လစ်ဒီနန်ဓာတ်၏ အကျိုးသက်ရောက်မှု (စိုက်ပျိုးရေးဆောင်းပါး)
***ခေတ်မီဒစ်ဂျစ်တယ်နည်းပညာသုံး စိုက်ပျိုးရေးသို့ (စိုက်ပျိုးရေးဆောင်းပါး)
*** မိဘနှင့် သားသမီးချစ် (ဝတ္ထု)
*** ဗုံတီးသော ကျားသစ်လေး (ပုံပြင်)
*** အစဉ်ရှင်သန်သူ (သုတရသဆောင်းပါး)
*** လွှတ်တော်အတွက် ရွေးကောက်ပွဲမဲပေးမှု ဘာကြောင့်အရေးပါရသလဲ (အတွေးအမြင်ဆောင်းပါး)
*** ကျွဲ နွား သိုး ဆိတ် မွေးမြူရေးအတွက် အစာစီမံခန့်ခွဲမှု (၃) (မွေးမြူရေးဆောင်းပါး)
*** ကြက်များအား ကာကွယ်ဆေးတိုက်ကျွေးရာတွင် ကျွမ်းကျင်မှုရှိရန် လေ့ကျင့်သင့်သည့်အချက်များ (မွေးမြူရေးဆောင်းပါး)
*** သွေးလွန်တုပ်ကွေးရောဂါ ကူးစက်နိုင်မှု ကြိုတင်သတိပြု (ကျန်းမာရေးဆောင်းပါး)
*** ဆီးချိုရောဂါရှိသူများ တီဘီရောဂါကူးစက်မှုမှ ကာကွယ်ပါ (ကျန်းမာရေးဆောင်းပါး)
*** အာရှဒေသ စပါးစိုက်ပျိုးနည်းများက ပဋိဇီ၀ဆေးယဉ်ပါးမှုကို ပိုမိုအားကောင်းစေသလား (နိုင်ငံတကာဆောင်းပါး)
စတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သုတရသ၊ အတွေးအမြင်၊ ကျန်းမာရေး၊ နိုင်ငံတကာ ဆောင်းပါးများ၊ မျက်မှောက်ရေးရာ၊ စာပေအနုပညာဆိုင်ရာ၊ အားကစား၊ နိုင်ငံတကာသတင်းများ၊ ကဗျာ၊ ဟာသ၊ ကာတွန်းများလည်း ပါရှိပါတယ်။
ဒို့ကျေးရွာဂျာနယ်ကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများနဲ့ စာပေဗိမာန်စာအုပ်ဆိုင်များမှာ တစ်စောင်လျှင် ၂၀၀ ကျပ်နှုန်းနဲ့ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။
August 13, 2020
ကလေးနှင့် သွေးတိုးရောဂါ
ဒေါက်တာမြင့်သန်းထွန်း
လူကြီးများတွင် သွေးတိုးရောဂါရှိသကဲ့သို့ ကလေးများတွင်လည်း သွေးတိုးရောဂါရှိပါသည်။ ကလေးများတွင်ဖြစ်သော သွေးတိုးရောဂါသည် အခြေခံအကြောင်းရင်းတစ်ခုခုကြောင့်သာ ဖြစ်တတ်ပါသည်။ ရောဂါဖြစ်သော အကြောင်းအရင်းကိုသာ ရှာဖွေပြီး ကုသနိုင်ပါသည်။ ကလေးတွင်ဖြစ်သော သွေးတိုးရောဂါကို မပေါ့ဆသင့်ပါ။
August 12, 2020
ကျွဲ နွားများအတွက် သတိထားစရာ သည်းကြီးရင်ကားရောဂါ
မောင်အောင်(မွေး/ကု)
ဦးကြီးရွှေမောင်။ အေးကွာ ဒို့ရွာတွေလည်း မြို့နဲ့ဆက်သွယ်ဖို့ လမ်းတွေ ကောင်းလာတာတော့မှန်ပါရဲ့။ လူတွေလည်း အကြားအမြင်ဗဟုသုတတွေတော့ တိုးလာပါရဲ့။ ဒို့ငယ်ငယ်တုန်းကဆို ရွာမှာ ဓာတ်စက်တစ်လုံးပဲရှိတာ။ ဒါတောင်သူကြီးဦးသီးအိမ်မှာပဲရှိတာ။ သူကြီးအိမ်က ဦးဖိုးစိန်တို့၊ ရွှေမန်းတင်မောင်တို့၊ စိန်အောင်မင်းတို့ ဇာတ်ထုပ်တွေများဖွင့်ရင် ငါတို့မှာ အလုပ်လုပ်ရင်းနားထောင်၊ ညဘက်များဖွင့်လို့ကတော့ အိပ်တောင်မအိပ်ဘဲ နားထောင်ခဲ့ရတာကွ။
August 11, 2020
သားသားမီးမီး ကျန်းမာရေး မေမေ့နို့ချိုတိုက်ကျွေးပေး
ပေါက်ပေါက်
ရင်သွေးငယ်များ ဘက်စုံကျန်းမာကြံ့ခိုင်စေရေးအတွက် မိခင်နို့ရည်ဟာ ဘယ်လောက်တောင် အရေးပါတယ်ဆိုတာကို ကမ္ဘာ့နိုင်ငံအသီးသီးမှ သက်ဆိုင်ရာကျန်းမာရေးအဖွဲ့အစည်းများက ကျန်းမာရေးအသိဖြင့် နှိုးဆော်လျက်ရှိပြီး နိုင်ငံတိုင်းမှ မိခင်များကလည်း သိနှင့်ထားကြပြီးဖြစ်ပါတယ်။ ထူးခြားချက်အနေဖြင့် ဂရိနိုင်ငံ၌ လူမြင်ကွင်းမှာ ကလေးငယ်များကို နို့ချိုတိုက်ကျွေးခြင်းအား ရှေးနှစ်ပေါင်းများစွာကတည်းက တားမြစ်ပိတ်ပင်ထားခဲ့ပါတယ်။ ဒါကြောင့်လည်း ဂရိနိုင်ငံမှာ ကလေးငယ်များကို မိခင်နို့ချိုတိုက်ကျွေးနှုန်းဟာ အလွန်နိမ့်ကျလျက်ရှိပါတယ်။ သို့သော် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလမှာတော့ ဂရိနိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာနက နို့ချိုတိုက်ကျွေးရေး သီတင်းပတ်အခမ်းအနားကို ပါဝင်ဆင်နွှဲကြရန်အတွက် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး နိုဝင်ဘာရဲ့တစ်ခုသောတနင်္ဂနွေနေ့မှာတော့ ဂရိနိုင်ငံရှိမြို့ပေါင်း ၅ဝကျော်မှ မိခင်များက ‘ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးသော သီတင်းပတ်’ကို အားတက်သရော ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ ထိုအခမ်းအနားမှာ မိခင်ပေါင်း ၆ဝဝ ကျော်ခန့်ဟာ လူမြင်ကွင်းမှာ နို့ချိုတိုက်ကျွေးခဲ့ကြပါတယ်။
August 10, 2020
အချိန်ကို သုံးတတ်လျှင် တော်လည်းတော်နိုင်ပါတယ် ပျော်လည်းပျော်နိုင်ပါတယ်
ဒေါက်တာမတင်ဝင်း(ပညာရေးတက္ကသိုလ်)
လူတိုင်းဟာ တော်ချင်ကြပါတယ်။ တတ်ချင်ကြပါတယ်။ အောင်မြင်တိုးတက်ချင်ကြပါတယ်။ ပြီးတော့လည်း တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ ပျော်မွေ့စွာ နေချင်ကြပါတယ်။ အဲဒီလိုအကျိုးကျေးဇူးများကို ရနိုင်ဖို့အတွက် အချိန်ကို အသုံးချတတ်ဖို့ လိုပါတယ်။ ကျွန်မဟာ ဒီဆောင်းပါးမှာ လူတတ်ကြီး၊ ဆရာကြီးတစ်ယောက်အနေနဲ့ ဘာမှမပြောနိုင်ပါဘူး။ ကျမ်းများကိုလည်း ကိုးကားပြီး မပြောလိုပါဘူး။ ကိုယ်ကိုယ်တိုင် စာသင်သားတစ်ယောက်အနေနဲ့ အခုထက်တိုင် ပြုမူကျင့်ကြံနေဆဲဖြစ်တဲ့ အချိန်နဲ့ပတ်သက်တဲ့ အလေ့အကျင့်များကို တင်ပြလိုပါတယ်။
August 9, 2020
ဒုတိယအရွယ် (၁၂)
လယ်တွင်းသားစောချစ်
နှစ်ယောက်လွှတ်လျှင် လေးယောက်လာသည်။ မျက်လုံးမထိုးမိအောင်လည်း ရှောင်ရသေးသည်။ ထိုအချိန်တွင် တပည့်မလေး တစ်ယောက်က -
‘‘ဆရာကြီး ဧည့်သည်လာတယ်၊ ဧည့်သည်’’ ဟုသတင်းပေးသည်။
သီးနှံအရည်အသွေး ကျဆင်းစေသောအချက်များ ဖယ်ရှားရန် နည်းလမ်းများ (၂)
အောင်ဆန်း (စိုက်ပျိုးရေး)
ရိက္ခာသီးနှံများ ရိတ်သိမ်းချိန်တွင် ကိုင်တွယ်ထိန်းသိမ်းမှုသည်လည်း သီးနှံများ၏ အရည်အသွေးကျဆင်းမှုကို ကြီးစွာလွမ်းမိုးထားပါသည်။ သီးနှံများအား ရိတ်သိမ်းဆွတ်ခူးချိန်တွင် ထိခိုက်ပွန်းပဲ့ခြင်း၊ ဒဏ်ရာရရှိခြင်း၊ ခြစ်မိခြင်း၊ ဖြတ်မိခြင်းများဖြစ်ပါက ဒဏ်ရာများဖြစ်သည့်အပြင် ရောဂါဝင်ရောက်ပြီး ပုပ်ရိစေပါသည်။ အရည်အသွေး ကျဆင်းစေပါသည်။ သို့အတွက် သီးနှံများ ရိတ်သိမ်းရာတွင် ဂရုတစိုက် ကိုင်တွယ်ထိန်းသိမ်းခြင်းဖြင့် အရည်အသွေးကျဆင်းခြင်းကို ရှောင်လွှဲနိုင်မည်ဖြစ်သည်။ သီးနှံ၏ အရည်အသွေး အမြင့်ဆုံးအချိန်တွင် ရိတ်သိမ်းဆွတ်ခူးရန် လိုပါသည်။
August 8, 2020
ဒုတိယအရွယ် (၁၁)
လယ်တွင်းသားစောချစ်
‘‘ရပါတယ်။ ဖျာလေးက စုတ်ပေမယ့် ချောပါတယ်’’
ကျွန်တော်မြန်မြန် ထိုင်လိုက်ရသည်။
‘‘ဆရာကြီးဖို့ ရေနွေးဘန်းယူခဲ့ပါ’’
ယောကျ်ားက ဧည့်ခံကောင်းပါသည်။ အမျိုးသမီးက မြေကရားအိုးအမည်းကြီး ယူလာသည်။ လက်ဖက်ရည်ပန်းကန်က နှုတ်ခမ်းပဲ့နေသည်။
သီးနှံအရည်အသွေး ကျဆင်းစေသောအချက်များ ဖယ်ရှားရန် နည်းလမ်းများ
အောင်ဆန်း(စိုက်ပျိုးရေး)
နိုင်ငံတကာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ လမ်းညွှန်မှုဖြင့် အရည်အသွေးပြည့်မီပြီး ဘေးကင်းလုံခြုံသော လယ်ယာထွက်ကုန်သီးနှံများ၊ သစ်သီးဝလံဟင်းသီးဟင်းရွက်များကို ရွေးချယ်စားသုံးလာကြသည်။ လယ်ယာထွက်ကုန်သီးနှံများနှင့် သစ်သီးဝလံဟင်းသီးဟင်းရွက်များကို ထုတ်လုပ်ရောင်းချသူများသည် သီးနှံများ၏ အရည်အသွေးကောင်းမွန်မှုနှင့် ဘေးကင်းလုံခြုံမှုကို အဓိကထားထုတ်လုပ်လာကြသည်ကို တွေ့ရသည်။
August 7, 2020
ရှားပါးမျိုးစိတ်ဝင် ဧရာဝတီလင်းပိုင်များ
August 6, 2020
ကျွဲ နွား သိုး ဆိတ် မွေးမြူရေးအတွက် အစာစီမံခန့်ခွဲမှု (၂)
August 5, 2020
ရွေးကောက်ပွဲနှင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေး
August 4, 2020
မနက်တိုင်း အသစ်အဖြစ်ခံယူသူ
August 3, 2020
လမြတ်ချိန်ခါ ဒေသနာ တရားဦးဓမ္မစကြာ
August 2, 2020
ဒုတိယအရွယ် (၁၀)
ကျွဲ နွား သိုး ဆိတ် မွေးမြူရေးအတွက် အစာစီမံခန့်ခွဲမှု
August 1, 2020
ဒုတိယအရွယ် (၉)
Popular Posts
-
လယ်တွင်းသားစောချစ် "ရွာတွင် လယ်ယာလုပ်ငန်းမှာ မြွေဆိုးအန္တရာယ်ကြောင့် အသက်ဆုံးရှုံးရသည်များ ရှိပါသည်။ လူငယ်များက ရှေးဦးသူနာပြုနည်းကို စန...
-
နေဝင်းလွင် (မွေး/ကု) မေး။ ကျွန်တော်တို့ ကျေးလက်ဒေသအနေဖြင့် တောကြက်(ခေါ်) ဒေသကြက်မွေးမြူရာတွင် ကျွန်တော်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ...