စိုးတင့် (စာကြည့်တိုက်)
စာရေးသူတို့ရွာတွင် အပျော်တမ်းကြက်ခိုးသူ ကိုသိန်းဆိုသည့်လူတစ်ယောက်ရှိသည်။ ကိုသိန်းသည် ကြက်ခိုးပြီးလျှင် (ကြက်ရှင်) ပိုင်ရှင်ထံသို့ တစ်ဝက်တခြမ်းသားကို ပြန်ပြီးပို့ပေးသည်။ သို့မို့ကြောင့် သူ့အား အပြစ်မဆိုသာ။
လမှောင်ရက်တစ်ညတွင် ရွာလယ်က အိမ်တစ်အိမ်မှ "ကြက်သူခိုးဗျို့...ကြက်သူခိုး"ဟု အော်သဖြင့် အိမ်နီးနားချင်းများ လိုက်ကြရာ ရှေ့မှပြေးနေသော ကြက်သူခိုးမှာ ပြေးရင်းလွှားရင်း ခြေခလုတ်တိုက်လဲသွားသည်။ ရွာသားများလည်း ကြက်သူခိုးကို ဝိုင်းမိသွားသည်။ လဲနေသည့် ကြက်သူခိုးမှာ နာမည်ရ ကိုသိန်းပင်ဖြစ်နေသည်။
သို့သော်လည်း အမှတ်မထင် အော်ပြောလိုက်သည့် ကိုသိန်းအသံကြောင့် ကြက်သူခိုးလိုက်သည့် ကြက်ပိုင်ရှင်နှင့် ရွာသားများ ပြုံးစိစိ ဖြစ်သွားကြသည်။
ကြက်သူခိုးကိုသိန်း ပြောလိုက်တာက "မိပြီကွ ကြက်ကတော့ မိပြီကွ...သူခိုးကတော့ မမိဘူး" ဟူသတည်း။
ဒိုကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁)
No comments:
Post a Comment