ညီမင်း (လည်ငေါက်)
ဆေးရုံတစ်ရုံတွင်ဖြစ်သည်။ ဆရာဝန်က လူနာရှင်ကိုခေါ်၍ လူနာ၏ရောဂါအခြေအနေကို ရှင်းပြနေသည်။
ဆရာဝန်။ ခင်ဗျားယောကျ်ားက အတိတ်မေ့နေတာဗျ ။ ဘယ်နေမှ သတိပြန်ရမယ်ဆိုတာ မပြောနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဘက်ကတော့ အစွမ်းကုန်ကြိုးစားပေးပါ့မယ်။
လူနာရှင်။ မကြိုးစားပါနဲ့ရှင်။ မကြိုးစားပါနဲ့။ ဒီအတိုင်းပဲ ထားလိုက်ပါ။
ဆရာဝန်။ ဘာဖြစ်လို့လဲ။ ပိုက်ဆံကုန်မှာ စိုးလို့လား။
လူနာရှင်။ မဟုတ်ပါဘူးရှင်။ သူသတိပြန်ရလာရင် ကျွန်မနဲ့ ရန်တွေ ခဏခဏ ဖြစ်နေရမှာစိုးလို့ပါ။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၂၄)
No comments:
Post a Comment