မောင်မောင်ရှိန်
နဘက်ရွာကြီးတွင် အလွန်ကပ်စေးနှဲသော ဒေါ်လှဆိုသည့် မိန်းမကြီးတစ်ယောက်ရှိသည်။ ဆွေမျိုးသားချင်းကိုပင် ပေးကမ်းခြင်း အလွန်နည်းသည်။ မေးလိုက်လျှင် တောင်းလိုက်လျှင် မရှိပါဘူးကွယ်။ကုန်ပါပြီကွယ် ဖြင့်သာ ပြောလွှတ်တတ်သည်။ တစ်နေ့ သူ၏ တူတော်သူ ဖိုးထူးက ထန်းလျက်စားချင်သဖြင့် ထန်းလျက်သည်လာပုံဖြင့် ခပ်ဝေးဝေးမှ -
ဖိုးထူး။ အဒေါ်ရေ ထန်းလျက်တွေကောင်းလိုက်တာ ဝယ်ဦးမလား။
ဒေါ်လှ။ မဝယ်တော့ပါဘူး။ မနေ့ကမှ ဝယ်ထားတယ်။
ဖိုးထူး။ ဒါဆိုလည်း ကျွန်တော့်ကို တစ်လုံးလောက် ပေးစားပါဗျာ။
ဒေါ်လှခမျာ မရှိပါဘူးကွယ် မပြောနိုင်တော့ဘဲ ဖိုးထူးအား ထန်းလျက်တစ်လုံး ထုတ်ပေးလိုက်ရပါတော့သည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၇)
No comments:
Post a Comment