July 31, 2020

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၅) ထွက်ရှိ




        ဩဂုတ်လ (၁) ရက်နေ့မှာ ထွက်ရှိမယ့် ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၅) မှာတော့ -

        *** ကိုဗစ်-၁၉ ပုံစံအသစ်နှင့် ကမ္ဘာရွာ (အထူးဆောင်းပါး)

        *** စပါးသီးနှံပိုးမွှားရောဂါ ထိထိရောက်ရောက် ကာကွယ်နှိမ်နင်းပါ (စိုက်ပျိုးရေးဆောင်းပါး)

        *** ကျွဲ နွား သိုး ဆိတ် မွေးမြူရေးအတွက် အစာစီမံခန့်ခွဲမှု (မွေးမြူရေးဆောင်းပါး)

        *** ဝက်မွေးမြူရေးနှင့် ဝက်ငယ်ကလေးများ နို့ခွဲချိန်ကာလ (မွေးမြူရေးဆောင်းပါး)

        *** ဘက်စုံအသုံးဝင် နှံစားပြောင်းပင် (စိုက်ပျိုးရေးဆောင်းပါး)

        *** ကုလားပဲစိုက်မည်ဆိုရင် အထွက်ကောင်းမျိုးနဲ့ အပင်ညှိုးသေရောဂါဒဏ်ခံနိုင်တဲ့မျိုး ရွေးချယ်စိုက်ပျိုးပါ (စိုက်ပျိုးရေးဆောင်းပါး)

        *** ပိုက်ဆံလျှော်စိုက်ပျိုးခြင်းနှင့် ကမ္ဘာကြီး၏ ကျန်းမာရေး (စိုက်ပျိုးရေးဆောင်းပါး)

        *** မိဘနှင့် သားသမီးချစ် (ဝတ္ထု)

        *** ငှက်တို့ရဲ့ဘုရင် (ပုံပြင်)

        *** အစဉ်ရှင်သန်သူ (သုတရသဆောင်းပါး)

        *** ရွေးကောက်ပွဲနှင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေး (အတွေးအမြင်ဆောင်းပါး)

        *** မိုးရာသီနှင့် ရင်သွေးငယ်များ ကျန်းမာရေး (ကျန်းမာရေးဆောင်းပါး)

        *** ငါးစားသုံးခြင်း၏ အကျိုးကျေးဇူးများ (ကျန်းမာရေးဆောင်းပါး)

        *** စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအပေါ် ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုများ (နိုင်ငံတကာဆောင်းပါး)

        စတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သုတရသ၊ အတွေးအမြင်၊ ကျန်းမာရေး၊ နိုင်ငံတကာ ဆောင်းပါးများ၊ မျက်မှောက်ရေးရာ၊ စာပေအနုပညာဆိုင်ရာ၊ အားကစား၊ နိုင်ငံတကာသတင်းများ၊ ကဗျာ၊ ဟာသ၊ ကာတွန်းများလည်း ပါရှိပါတယ်။

        ဒို့ကျေးရွာဂျာနယ်ကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများနဲ့ စာပေဗိမာန်စာအုပ်ဆိုင်များမှာ တစ်စောင်လျှင် ၂၀၀ ကျပ်နှုန်းနဲ့ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။

ဒို့ကျေးရွာကာတွန်း


ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၃)

ဇက်ကြောတက်ခြင်းဝေဒနာ သက်သာစေရန်

 ဒေါက်တာမြင့်သန်းထွန်း 

        ဇက်ကြောတက်ခြင်းဝေဒနာကို အသက်အရွယ် အနည်းငယ်ကြီးလာသည်နှင့်အမျှ ခံစားရနိုင်ပါသည်။ ယောကျ်ား၊ မိန်းမ နှစ်ဦးစလုံး ဖြစ်နိုင်ပါသည်။ မတ်တပ်ရပ်မှု မမှန်ကန်ခြင်း၊ ကိုယ်ဟန်အနေအထားမမှန်ခြင်း၊ မိမိနှင့် မသင့်တော်သော စားပွဲနှင့် ထိုင်ခုံတွင် ထိုင်ခြင်း၊ အိပ်ရေးပျက်ခြင်း၊ ကိုယ်လက်ပင်ပန်းနွမ်းနယ်မှုရှိခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ခေါင်းအုံးပုံစံကျစွာ မသုံးခြင်း၊ ပခုံးအေးခြင်း၊ သွေးလည်ပတ်မှု မကောင်းခြင်းနှင့် သွေးဖိအားတက်ခြင်း စသည်တို့ ကြောင့်ဖြစ်တတ်ပါသည်။ ဇက်ကြောတက်ခြင်းသည် နေထိုင်ပုံစနစ်ကို ပြုပြင် ပြောင်းလဲပါက သက်သာပျောက်ကင်းနိုင်ပါသည်။

July 30, 2020

ဒို့ကျေးရွာကာတွန်း



ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၅)

စပါးပင် နီတိုဖြစ်မှုအန္တရာယ် ကာကွယ်ရန်

မြင့်ဆွေ(စိုက်ပျိုးရေး)

စပါးပင်များတွင် နီတိုဟုခေါ်သည့် အပင်များပုတိုသွားပြီး အရွက်များ နီညိုရောင်ဖြစ်သွားမှုကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ စပါးစိုက်ကျေးရွာမှ တောင်သူတစ်ဦး၏ မေးမြန်းချက်များနှင့်  စာရေးသူ၏ ဖြေကြားချက်များကို ဒို့ကျေးရွာတောင်သူများ ဗဟုသုတရရှိစေရန် တင်ပြလိုက်ရပါသည်။

July 29, 2020

ဒို့ကျေးရွာကာတွန်း



ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၄)

ကျွဲနို့၏ ကောင်းခြင်းငါးဖြာ အံ့သြစရာ

မောင်အောင်(မွေး/ကု) 

        လူတိုင်း နွားနို့ကို နှစ်ခြိုက်စွာ သောက်သုံးဖူးကြသော်လည်း ကျွဲနို့ကို သောက်သုံးဖူးသူရှားပါမည်။ ယေဘုယျအားဖြင့် ကျွဲနို့သည် နွားနို့ထက် ပို၍ စိမ့်သည်။ ပို၍ အရသာရှိသည်။ ကျွဲနို့သောက်သုံးခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည်။ အထူးသဖြင့် အရိုးများ ကြံ့ခိုင်သန်စွမ်းစေပြီး ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသည်။ သွေးလည်ပတ်မှုကောင်းမွန်စေပြီး သွေးဖိအားလျော့ကျစေသဖြင့် သွေးတိုးရောဂါဖြစ်ပွားမှုမှ လျော့ကျစေသည်။ သို့ဖြစ်၍ ကျွဲနို့မှာ သောက်သုံးသင့်သည့် နို့တစ်မျိုးပင်ဖြစ်သည်။

July 28, 2020

ဒို့ကျေးရွာကာတွန်း



ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၃)

သစ်သီးဝလံ ဟင်းသီးဟင်းရွက်များ၏ ဇီဝကမ္မဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအား ထိန်းချုပ်ခြင်း (၂)

‌အောင်ဆန်း (စိုက်ပျိုး‌ရေး)

        လိမ္မော်တွင် နိုက်ထရိုဂျင်ဓာတ် လွန်ကဲစွာ အသုံးပြုခြင်းသည် အပင်၏ ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲမှုကြောင့် အခွံထူစေခြင်းနှင့် အသီးအဝါရောင်သို့ ပြောင်းလဲမှုအချိန် ကြာမြင့်စေပါသည်။ ဟင်းသီးဟင်းရွက်များတွင် နိုက်ထရိုဂျင် ဓာတ်ချို့တဲ့ပါက အပင်၏ ဇီဝကမ္မဖြစ်စဉ်ပြောင်းလဲမှု ဖြစ်စဉ်ကြောင့် အပင်ပုခြင်း၊ အရွက်ဝါခြင်း၊ ကယ်လ်စီယမ်ဓာတ်ချို့တဲ့ပါက ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲမှုဖြစ်စဉ်ကြောင့် ခရမ်းချဉ်သီး ထိပ်ပုပ်နာဖြစ်စေပြီး ပန်းသီးအခွံပေါ်တွင် အချိုင့်ဖြစ်ပေါ်စေပါသည်။ ဘိုရွန်ဓာတ်ချို့တဲ့ပါက သင်္ဘောသီးတွင် အဖုအတုံးအခဲလေးများဖြစ်ခြင်း၊ ဂေါ်ဖီထုပ်နှင့် ပန်းမုန်လာတွင် ပင်စည်ခေါင်းပွဖြစ်ခြင်း၊ မုန်လာဥတွင် အက်ကွဲခြင်းများ ဖြစ်ပေါ်စေပါသည်။ 

July 27, 2020

ဒို့ကျေးရွာကာတွန်း



ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၂)

ကျွမ်းကျင်သူ ဖြစ်စေနည်း

ချစ်နိုင်(စိတ်ပညာ)

        လူတစ်ယောက်ဟာ ပတ်ဝန်းကျင်အလယ်မှာ ထည်ထည်ဝါဝါ နေရာတစ်နေရာရဖို့ဆိုရင် အခြေခံအားဖြင့် ရိုးသားမှု ရှိရမယ်။ ကြိုးစားမှုရှိရမယ်။ ဒါကို သမီးလေးကို မကြာခဏပြောပြနေကြနော်။ မရိုးသားဘဲအောင်မြင်မြင့်မားလာခဲ့ရင် တစ်ကွေ့ကွေ့မှာ အကျနာတတ်တယ်။ မရိုးသားရင် တာရှည်မခံဘူး။ လိမ်တာညာတာ ဖုံးကွယ်လှည့်စားတာမျိုးဟာ တစ်နေ့မဟုတ် တစ်နေ့ ပေါ်ပေါက်တော့တာပဲ။ ရေရှည်ခိုင်မာခိုင်ခံ့တာက ရိုးရိုးသားသား လုပ်ဆောင်ခြင်းနဲ့ရတဲ့ ကောင်းကျိုး။


July 26, 2020

ဒုတိယအရွယ် (၈)

လယ်တွင်းသားစောချစ်

‘‘သဘောမကျပါနဲ့ ဆရာရယ်။ အာဏာဆိုတာ ပူတယ်ဗျ။ မတွေ့ဘူးလား။ ဒေါသကြီးနေတဲ့ လူတွေကို သူတို့ထက်ပိုလွှမ်းအောင် မာရေကျောရေပြောရတာ။ ခြိမ်းခြောက် ဟိန်းဟောက် လုပ်ရတာ မကောင်းပါဘူး။ မလုပ်ရင်မဖြစ်လို့ လုပ်ရတာ။ တကယ်တော့ ဆရာတို့ ဆရာမတို့က မေတ္တာနဲ့အသက်မွေးရလို့ အေးချမ်းတာ’’

သစ်သီးဝလံ ဟင်းသီးဟင်းရွက်များ၏ ဇီဝကမ္မဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအား ထိန်းချုပ်ခြင်း (၁)

အောင်ဆန်း(စိုက်ပျိုးရေး) 

        မြန်မာနိုင်ငံတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို အမယ်ပေါင်းများစွာ ဧကပေါင်းများစွာ စိုက်ပျိုးလျက်ရှိပါသည်။ မတူညီသော ရာသီဥတုအခြေအနေ၊ မြေမျက်နှာပြင် အနိမ့်အမြင့် ကွာခြားမှုများအရ ဒေသအလိုက်တွင် မတူကွဲပြားသော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးလျက်ရှိပါသည်။ 

July 25, 2020

ဒုတိယအရွယ် (၇)

လယ်တွင်းသားစောချစ်

        ကားလမ်းဘေးမှ သပ်သပ်ရပ်ရပ်ရှိသော တစ်ထပ်အိမ်လေးကိုငှားပြီး ပုသိမ်ကြီးမြို့နယ်ခွဲ၊ လက်ထောက်မြို့ပိုင်ရုံး ကျောက်မီးရွာဟု ဆိုင်းဘုတ်တပ်လိုက်သည်။ နေတော့လည်း ထိုရုံးမှာပင် တစ်ပိုင်းကန့်၍နေသည်။ ဘကြီးမှုံအိမ်နှင့်မဝေး၍ ဘကြီးမှုံအိမ်မှာပင် ကျွန်တော်နှင့်အတူ ထမင်းလခပေးစားသည်။ ဒေါ်ဒေါ်မြိုင်အတွက်
ဖောက်သည်တစ်ယောက် တိုးသွား၏။

ပိုးသတ်ဆေးအန္တရာယ် သတိပြုကိုင်တွယ်

မောင်ငြိမ်းအောင်(တန့်ဆည်)

        စိုက်ပျိုးရေးလုပ်ငန်းနှင့် ကျန်းမာရေးလုပ်ငန်းများအတွက် ပိုးသတ်ဆေးများသည် မရှိမဖြစ် လိုအပ်သောအရာ ဖြစ်သည်။ ကမ္ဘာတွင် တစ်နေ့ထက်တစ်နေ့ ပိုးသတ်ဆေးသုံးစွဲမှုများ မြင့်တက်နေသည်။ ၂၀၀၉ ခုနှစ် နောက်ပိုင်းမှစ၍ ကမ္ဘာပေါ်တွင် သီးနှံကာကွယ်ရေးနှင့် ကျန်းမာရေးလုပ်ငန်းများအတွက် နှစ်စဉ် ပိုးသတ်ဆေးတန်ချိန် သုံးသန်းကျော်ခန့် သုံးစွဲလျက်ရှိသည်ကို တွေ့ရသည်။ 

July 23, 2020

ဒို့ကျေးရွာကာတွန်း



ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၂၃)

ခါးနာခြင်းမှ ကင်းဝေးစေရန်

ဒေါက်တာမြင့်သန်းထွန်း

        ခါးနာခြင်းဖြစ်စေနိုင်သော အကြောင်းအရင်းများစွာ ရှိပါသည်။ ခုန်ချလိုက်မိခြင်း၊ အနှိပ်ခံခြင်း၊ အချိုးခံရခြင်း၊ မတော်တဆထိခိုက်မိခြင်း၊ ပြင်းထန်သောအလေးအပင်မခြင်းနှင့် ပစ္စည်းရုတ်တရက်ကုန်းကောက်မိခြင်းနှင့် အမြင့်ပေါ်မှ ပြုတ်ကျခြင်း စသည်တို့ကြောင့် ခါးနာတတ်ပါသည်။ ခါးနာခြင်းသည် ခါးဆစ်ရိုးနှစ်ခုကြားတွင်ရှိသော ခုခံထားသည့် အရွတ်ဝါရှာကလေး ကျွံသွား၍ဖြစ်ပါသည်။ ထိုအရွတ်ဝါရှာကလေးကျွံသွားပြီး အာရုံကြောကို သွားထောက်တတ်ပါသည်။ ထို့ကြောင့် ခါးမှစပြီး နာလာပါသည်။ ၄င်းမှတစ်ဆင့် တင်ပါးခွက်၊ ပေါင်၊ ခြေသလုံးအပြင်ဘက် အတွင်းဘက်တွင် ထုံကျဉ်နေပြီး နောက်ပိုင်းတွင် ခြေမကော့၍ မရသည်အထိ ဖြစ်လာနိုင်ပါသည်။

စပါးအထွက်တိုးစေဖို့ ပိုတက်စီယမ်ဓာတ် ဖြည့်စွက်ရန်နည်းလမ်းများ

အောင်ဆန်း(စိုက်ပျိုးရေး)

        စပါးပင် ရှင်သန်ကြီးထွားရန်နှင့် အထွက်တိုးရန်အတွက် အာဟာရဓာတ် ၁၆ မျိုးကို စုပ်ယူမှီဝဲရသည်။ အပင်ကလိုအပ်သည့် အာဟာရဓာတ် ၁၆ မျိုးမှာ နိုက်ထရိုဂျင်ဓာတ်၊ ပိုတက်စီယမ်ဓာတ်၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်၊ ဟိုက်ဒရိုဂျင်၊ အောက်စီဂျင်၊ မဂ္ဂနီစီယမ်၊ ကယ်လ်စီယမ်၊ ဆာလ်ဖာ၊ သံ၊ မဂ္ဂနီးစ်၊ ကြေးနီ၊ သွပ်၊ ဘိုရွန်၊ မော်လ်ဘိဒီနန်၊ ကလိုရင်းဓာတ်တို့ဖြစ်သည်။ ဤအာဟာရဓာတ် ၁၆ မျိုးတွင် နိုက်ထရိုဂျင်၊ ပိုတက်စီယမ်၊ ဖော့စ်ဖရပ်ဓာတ်တို့ကို မြေဩဇာအဖြစ် ထည့်သွင်းပေးခြင်းဖြင့် အပင်က စုပ်ယူရရှိသည်။ ပျမ်းမျှအားဖြင့် စပါးတစ်တင်းထွက်ရှိရန် စပါးပင်က နိုက်ထရိုဂျင်ဓာတ် သုံးပေါင်၊ ဖော့စ်ဖိတ် နှစ်ပေါင်၊ ပိုတက်စီယမ်ဓာတ် တစ်ပေါင် လိုအပ်သည်။ အဆိုပါ လိုအပ်သည့်ဓာတ်များ၏ ၂၅ ရာခိုင်နှုန်းခန့်ကို မြေတွင်ရှိပြီးဓာတ်များမှ စုပ်ယူပြီး ကျန် ၇၅ ရာခိုင်နှုန်းခန့်ကို ဓာတ်မြေဩဇာအဖြစ် ဖြည့်ဆည်းပေးရသည်။ အဆိုပါဓာတ်များ မြေတွင် နည်းနေပါက လူတို့က ပို၍ သုံးစွဲပေးရခြင်း ဖြစ်ပါသည်။ 

July 21, 2020

ဒို့ကျေးရွာကာတွန်း


ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၆)

ကျွဲ နွားတို့တွင် ဖြစ်ပွားသော အစာအိမ်လေဖောင်းရောဂါ

ထွန်းလှိုင်(မြိုင်) 

‘‘ကျွဲ၊ နွား၊ သိုး၊ ဆိတ်တို့၏ ကျန်းမာနေကြောင်းကို သိရှိနိုင်ရန်အတွက် အဓိကအချက်မှာ မိမိ ကျွဲ၊ နွားများ စားမြုံ့ပြန်နေခြင်းပင်ဖြစ်သည်။ စားမြုံ့ပြန်ခြင်းသည် အစာအိမ်လေးလုံးရှိသော ကျွဲ၊ နွား၊ သိုး၊ ဆိတ် တိရစ္ဆာန်တို့၏ အစာချေခြင်းလုပ်ငန်းဖြစ်သည်’’

July 19, 2020

ဒို့ကျေးရွာကာတွန်း



ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၃)

ငါးမျိုးများ မပြုန်းတီးစေဖို့ ဘက်ထရီရှော့တိုက်ငါးဖမ်းခြင်းကို တားဆီးကြပါစို့

စံလွင်(ငါးဦးစီး) 

        ငါးသယံဇာတများကို မျိုးပြုန်းတီးစေသော အကြောင်းရင်းများစွာအနက် ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးခြင်းသည် အဆိုးရွားဆုံး ဖြစ်ပါ၏။ အကြောင်းမှာ ၄င်းငါးဖမ်းနည်းသည် သဘာဝရေပြင်တစ်နေရာ၌ လျှပ်စစ်ဓာတ်လွှတ်ကာ ထိုအဝန်းအဝိုင်းရှိ ကြီးကြီးငယ်ငယ် ရေသတ္တဝါမှန်သမျှကို ဓာတ်လိုက်သေစေပြီးမှ ဖမ်းယူခြင်းကြောင့် ဖြစ်ပါ၏။ အဆင်မသင့်ပါက ငါးရှာသူကိုယ်တိုင် ဓာတ်လိုက်၍ အသက်သေဆုံးရခြင်းမျိုးလည်း ရှိပါသေးသည်။

ဒုတိယအရွယ် (၆)

လယ်တွင်းသားစောချစ်

‘‘ဆရာကြီးက မျက်နှာလိုက်သတော့၊ ကလေးတွေခေါ်တာ တစ်လမ်းလုံးထူးတယ်တော့ . . . ကျုပ်တို့ ကလေးနှစ်ယောက်ခေါ်တာတော့ မထူးဘူးတော်’’ဟု ငိုပြီးပြောနေကြပါသည်။ သူတို့တော်တော် စိတ်မကောင်းဖြစ်နေကြပါသည်။

July 18, 2020

ယနေ့ထိတိုင် မမေ့နိုင် ၁၉ ဇူလိုင်

မင်းသန်းနိုင်(မုဒုံ)

        မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သော လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ ယခု ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် (၇၃)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။  အာဇာနည်နေ့ရောက်တိုင်း ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးကိုးဦးကို ပြည်သူပြည်သားအပေါင်းတို့က ရင်မှာတသသ လွမ်းဆွတ်ရစမြဲ၊ ယနေ့ထိတိုင် မေ့မရနေဆဲပင်ဖြစ်သည်။

ဒုတိယအရွယ် (၅)

လယ်တွင်းသားစောချစ်

"ရွာတွင် လယ်ယာလုပ်ငန်းမှာ မြွေဆိုးအန္တရာယ်ကြောင့် အသက်ဆုံးရှုံးရသည်များ ရှိပါသည်။ လူငယ်များက ရှေးဦးသူနာပြုနည်းကို စနစ်တကျသင်ကြားပေးရန် တောင်းဆိုလာကြသည်။ အလွန်ကောင်းသော တောင်းဆိုမှုဖြစ်သည်"
 

ပေါက်ပွားမှုမြန်ဆန် ဖျက်ဆီးမှုပြင်းထန် ကန္တာရကျိုင်းကောင်ဘေးရန် သတိပြုကာကွယ်

အောင်ဆန်း (စိုက်ပျိုးရေး)

"ကန္တာရကျိုင်းကောင်များဟာ လေဖြင့် လေဟုန်စီး၍ တစ်နေရာမှ တစ်နေရာသို့ မိုင်ပေါင်းများစွာ ကူးစက်ပျံသန်းနိုင်ကြတဲ့အတွက် လေမုန်တိုင်း တိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း အခြေအနေများပေးလျှင် ပါလာနိုင်တဲ့အတွက် မိုးလေဝသသတင်းများကို ချိန်ခါမလပ် သတင်း ထောက်လှမ်း နားဆင်၍ စူးစမ်းလေ့လာနေရန် လိုအပ်ပါတယ်"
 

July 17, 2020

ဒို့ကျေးရွာကာတွန်း


ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁)

ကျောင်းဖွင့်ချိန်နှင့် ကိုဗစ်ကာကွယ်ရေး

ခင်မောင်ဌေး(ပညာရေး)
        "ကျောင်းများဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို အထူးလိုက်နာရန် လိုအပ်ပါသည်။ သို့ဖြစ်ရာ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအပါအဝင် ဖွင့်လှစ်တော့မည်ဖြစ်ရာ မိဘများအနေဖြင့် ပူးပေါင်းပါဝင်ရန် လိုအပ်သည်။ အထူးသဖြင့် မိမိတို့၏ သား၊ သမီးငယ်များအား ကိုဗစ်-၁၉ နှင့်ပတ်သက်၍ အသိပညာပေးရန် ဖြစ်သည်။ ကျောင်းကြို/ပို့ရာတွင်လည်းကောင်း၊ ကျောင်းကားစီးရာတွင်လည်း စည်းကမ်းလိုက်နာကြဖို့ လိုသည်။"
 

July 16, 2020

ဒို့ကျေးရွာကာတွန်း




ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၉)

နို့စားနွားမွေးမြူရေးနှင့် မေထုန်မဲ့သားစပ်လုပ်ငန်းစီမံခန့်ခွဲမှု (၂)

ကိုသက် 

        ပြီးခဲ့တဲ့အပတ် ဒို့ကျေးရွာဂျာနယ်မှာ နို့စားနွားမွေးမြူရေးနှင့် မေထုန်မဲ့သားစပ်လုပ်ငန်း စီမံခန့်ခွဲမှုခေါင်းစဉ်နဲ့ ဆောင်းပါးရေးသားတင်ပြခဲ့ပြီး ဘာကြောင့် မေထုန်မဲ့သားစပ်လုပ်ငန်းကို ဆောင်ရွက်ရတယ်ဆိုတာနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ မေထုန်မဲ့သားစပ်လုပ်ငန်းမှာ လိုအပ်ချက်နှစ်ရပ်ရှိနေကြောင်း တင်ပြခဲ့ပါတယ်။ အရည်အသွေးကောင်းမွန်တဲ့ မျိုးနွားသိုးတွေကို ရွေးချယ်နိုင်ဖို့နဲ့ မျိုးနီးသားစပ်ခြင်း မဖြစ်ရအောင် သေသေ ချာချာ စီမံခန့်ခွဲဖို့ဆိုတဲ့ လိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ အပူပိုင်းဒေသနိုင်ငံ တစ်နိုင်ငံဖြစ်ပေမယ့် နို့စားနွားမွေးမြူရေး အလွန်ထွန်းကားတဲ့ အစ္စရေးလ်နိုင်ငံမှာ အဲဒီလိုအပ်ချက်တွေ မဖြစ်ပေါ်ရအောင် ဘယ်လိုဆောင်ရွက်နေသလဲဆိုတာကို တင်ပြသွားပါမယ်။ 

July 14, 2020

တစ်ယောက်တစ်ဝက် (ဒို့ကျေးရွာဟာသ)

စိုးတင့်(စာကြည့်တိုက်)

        အလွန်ရိုးသားသည့် ဒေါ်မှုံသည် မကွေးမြို့၊ မြသလွန်ဘုရားပွဲတော်သို့ တစ်ခေါက်မျှ မရောက်ဖူးသဖြင့် မြသလွန်ဘုရားဖူးသွားရန် ဆိုက်ကားစောင့်နေစဉ် ဆိုက်ကားနင်းသမားတစ်ယောက် ရောက်လာပြီး -

        ‘‘အဒေါ် ဆိုက်ကားစီးမှာလား တောင်စျေးကြီးနဲ့ မြသလွန် ဘယ်ပို့ပေးရမလဲ’’ဟုမေးရာ ဒေါ်မှုံက ခပ်တည်တည်ဖြင့် -

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၄) ထွက်ရှိ

        ဇူလိုင်လ (၁၅) ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၄) မှာတော့ -

*** ယနေ့ထိတိုင် မမေ့နိုင် ၁၉ ဇူလိုင် (အထူးဆောင်းပါး)

*** ပေါက်ပွားမှုမြန်ဆန် ဖျက်ဆီးမှုပြင်းထန် ကန္တာရကျိုင်းကောင်ဘေးရန် သတိပြုကာကွယ် (စိုက်ပျိုးရေးဆောင်းပါး)

*** ကျွဲ၊ နွား၊ သိုး၊ ဆိတ် မွေးမြူရေးအတွက် အစာစီမံခန့်ခွဲမှု (မွေးမြူရေးဆောင်းပါး)

*** ရာသီတုပ်ကွေးနှင့် ခြင်စားဒေါင်းငါး (မွေးမြူရေးဆောင်းပါး)

*** တွက်ခြေကိုက်သည့် မျိုးထုပ်ပြောင်း စိုက်ပျိုးပါ (စိုက်ပျိုးရေးဆောင်းပါး)

*** ပိုးသတ်ဆေးအန္တရာယ် သတိပြုကိုင်တွယ် (စိုက်ပျိုးရေးဆောင်းပါး)

*** ကျောင်းဖွင့်ချိန်နှင့် ကိုဗစ်ကာကွယ်ရေး (သုတရသဆောင်းပါး)

*** မျက်နှာမွဲကြီး ရယ်လိမ့်မည် (ဝတ္ထု)

*** ဉာဏ်ကောင်းတဲ့ နဂါးပန်းချီဆရာ (ပုံပြင်)

*** ဖေဖေ့ရဲ့ ဉုံဖွဆေး (သုတရသဆောင်းပါး)

*** မဲပေးရတော့မယ် (အတွေးအမြင်ဆောင်းပါး)

*** ဝက်သက်ရောဂါနှင့် ကာကွယ်ဆေးထိုးခြင်း၏ အရေးပါမှု (ကျန်းမာရေးဆောင်းပါး)

*** သက်သတ်လွတ်စားခြင်းနှင့် အစုံစားခြင်းအကျိုး (ကျန်းမာရေးဆောင်းပါး)

*** ကမ္ဘာ့စားနပ်ရိက္ခာ ထုတ်လုပ်မှုနှင့် ပြည်သူ့ကျန်းမာရေး (နိုင်ငံတကာဆောင်းပါး)

စတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သုတရသ၊ အတွေးအမြင်၊ ကျန်းမာရေး၊ နိုင်ငံတကာ ဆောင်းပါးများ၊ မျက်မှောက်ရေးရာ၊ စာပေအနုပညာဆိုင်ရာ၊ အားကစား၊ နိုင်ငံတကာသတင်းများ၊ ကဗျာ၊ ကာတွန်း၊ ဟာသများလည်း ပါရှိပါတယ်။

        ဒို့ကျေးရွာဂျာနယ်ကို မြို့နယ်၊ ခရိုင်နဲ့ တိုင်းဒေသကြီးအသီးသီးမှာရှိတဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများနဲ့ စာပေဗိမာန်စာအုပ်ဆိုင်များမှာ တစ်စောင်လျှင် ၂၀၀ ကျပ်နှုန်းနဲ့ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။




အိမ်ခြံဝင်းစိုက်ပျိုးရေးနှင့် မိသားစုကျန်းမာရေး

  ဒေါက်တာစိန်လှဗိုလ်

"အိမ်ခြံဝင်းအတွင်း စားသုံးသီးနှံများ စိုက်ပျိုးရာတွင် တစ်နှစ်ပတ်လုံး ခူးဆွတ်စားသုံးနိုင်တဲ့အပင်မျိုးများကို ဦးစားပေးစိုက်ပျိုးထားရန် လိုအပ်သကဲ့သို့ ရာသီအလိုက်စားသုံးရတဲ့ နှစ်ရှည်စားသုံးသီးပင်များအပြင် အိမ်ထောင်စုဝင်မိသားစုများ စားသုံးနိုင်ရန်အတွက် ရာသီအလိုက် ဟင်းသီးဟင်းရွက်ပင်များနဲ့ အလှစိုက်ပန်းပင်များကိုလည်း တွဲဖက်စိုက်ပျိုးနိုင်ပါတယ်" 
 

July 13, 2020

ဒို့ကျေးရွာကာတွန်း



ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၅)

စီးပွားအောင်မြင် ကံကောင်းချင်လျှင်

ချစ်နိုင် (စိတ်ပညာ)

"ဒီမျိုးစေ့ကို ဒီရေမြေ၊ ဒီကမ္ဘာမြေ၊ ဒီကမ္ဘာပေါ်မှာ ရာသီဥတုမှာ စိုက်ပျိုးမယ်ဆိုပါစို့။ ဘာမှ သံသယရှိစရာ မလိုပါဘူး။ အလားတူ ဒီအသီးမျိုးသာပဲ မလွဲမသွေသီးမှာပဲ။ သရက်ပင်က ကြက်ဟင်းခါးသီး မသီး။ သခွားပွင့်က ငှက်ပျောသီး မသီး။ ဒါကြောင့် မီလျံနာစိတ်ကူး၊ မီလျံနာအတွေး၊ သန်းကြွယ်သူဋေးတွေရဲ့ စိတ်နေစိတ်ထားမျိုးတွေ ငါတို့စိတ်မှာ ကူးယူကြပါစို့။ ညှိယူလိုက်ကြပါစို့။

July 12, 2020

ဒုတိယအရွယ် (၄)

လယ်တွင်းသားစောချစ်

"လူဆိုတာ မိမိကိုယ်ကိုယ် ကောင်းအောင်ကြိုးစားရတယ်။ ကျောင်းသားတစ်ယောက်ဟာ ကျောင်းမှန်မှန်တက်တာ မိမိကိုယ်ကိုယ် ကောင်းစွာစောင့်ရှောက်တာပဲ။ ဆရာစာသင်တဲ့အချိန်မှာ အသေအချာနားထောင်ရတယ်"
 

တောကြက် (ခေါ်) ဒေသကြက်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာဆိုင်ရာ အလေ့အကျင့်များ

နေဝင်းလွင် (မွေး/ကု)

မေး။ ကျွန်တော်တို့ ကျေးလက်ဒေသအနေဖြင့် တောကြက်(ခေါ်) ဒေသကြက်မွေးမြူရာတွင် ကျွန်တော်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် မွေးမြူရေးနည်းလမ်းတွေရှိရင် ပြောပြပါခင်ဗျာ။

July 11, 2020

ဒုတိယအရွယ် (၃)

လယ်တွင်းသားစောချစ်

"တပည့်လေးများကို ချစ်ခင်စိတ်ဖြစ်ရသည်။ နောက်နေ့များမှာလည်း ကျွန်တော် တံမြက်စည်း မလှည်းရတော့ပါ။ ကျောင်းအစောဆုံးရောက်သူက တံမြက်စည်းကို အရင်ဆုံးဦးထားသည်။ သို့သော် ကျွန်တော်ကတော့ မပျက်မကွက်သွားကြည့်ပြီး ချီးကျူးပေးရသည်။"
 

စပါးကို နှစ်ကြာ ဆက်တိုက်စိုက်ပျိုးခြင်းကြောင့် မြေဆီလွှာအတွင်းဖြစ်ပေါ်သော ပရိယာယ်များ

 အောင်ဆန်း (စိုက်ပျိုးရေး) 
"စပါးကို နှစ်စဉ်ဆက်တိုက် ကြာရှည်စွာ စိုက်ပျိုးရာတွင် လိုအပ်သော ဓာတ်မြေသြဇာများ လုံလောက်သည့်ပမာဏ မထည့်သွင်းခြင်း၊ သဘာဝမြေသြဇာများ လုံးဝမထည့်သွင်းခြင်းဖြစ်ပါက မြေ၏ပျက်စီးဆုံးရှုံးမှုများ ပိုမိုဖြစ်ပေါ်စေသည်ကို ဂရုမူသင့်ကြပါသည်။"
 

July 10, 2020

ဒို့ကျေးရွာကာတွန်း

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၄)

မှိုတက်သောအစားအစာများမှ ဖြစ်ပွားရသည့်ရောဂါများ

 ဒေါက်တာသက်လွင် 

‘ကောက်ပဲသီးနှံများအနေဖြင့် ရိတ်သိမ်းပြီးခါစတွင် ရေခိုးရေငွေ့ကုန်စေရန် သေချာစွာနေလှန်းခြင်း၊ အခြောက်ခံခြင်းတို့ ပြုလုပ်ခြင်းဖြင့် မှိုမပေါက်အောင် ကာကွယ်နိုင်သည်’ 

        အစားအစာတို့တွင် သဘာဝ အလျောက်ပေါက်ပွားသော မှို (Fungus)နှင့် တစေး (Yeast)တို့ မျိုးစိတ်ပေါင်း ရာနှင့်ချီရှိသည်။

July 9, 2020

ဒို့ကျေးရွာကာတွန်း


ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၃)

နွားမများ သားစပ်ရာတွင် ဘာကြောင့်သားမအောင်ရသလဲ

ထွန်းလှိုင် (မြိုင်) 

        နွားမွေးမြူရေးလုပ်ငန်းတွင် နို့စားနွားမွေးမြူရေးသည် စီးပွားရေးတွက်ခြေကိုက်သော လုပ်ငန်းတစ်ခုဖြစ်သည်။ နို့စားနွားမွေးမြူရာတွင် နွားမများကို တစ်နှစ်တစ်သားနှုန်း သားမွေးနိုင်စေရန် ဆောင်ရွက်ပေးရသည်။ နွားမများအား သားစပ်ရာတွင် သားမအောင်ခြင်းများလည်းရှိနိုင်သည်။ နွားမများ မျိုးမအောင်မြင်ခြင်းအကြောင်းနှင့် သားစပ်ရာတွင် သတိထားသင့်သည့်အချက်များကို ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ကုလားကုန်းကျေးရွာရှိ နွားမွေးမြူရေးခြံပိုင်ရှင် ဦးစောလှက ဆရာထွန်းလှိုင်(မြိုင်) မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ငြိမ်း)ထံ မေးမြန်းထားရှိမှုများကို မွေးမြူရေးလုပ်ငန်းရှင်များ သိရှိအကျိုးရနိုင်စေရန် ဖော်ပြလိုက်ပါသည်။

July 7, 2020

ဒို့ကျေးရွာကာတွန်း


ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၂)

စပါးတစ်ဧက ထုတ်လုပ်မှုကုန်ကျစရိတ် လျော့ကျရေးအတွက် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး၏အခန်းကဏ္ဍ

အောင်ဆန်း(စိုက်ပျိုးရေး) 

ပိုးသတ်ဆေးသည် ကုန်ကျစရိတ်အများဆုံး ဖြစ်ပါသည်။ ပိုးသတ်ဆေးကို သုံးရာတွင် အနည်းဆုံးပမာဏသာ သုံးသင့်ပါသည်။ အဓိကအချက်မှာ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းကို လက်တွေ့ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသင့်ပါသည်။

ဒို့ကျေးရွာကာတွန်း


ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၁)

July 6, 2020

ဒို့ကျေးရွာကာတွန်း



ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၁)

မိုးရာသီ လယ်တောအလှ

မောင်သာဆွေ(အင်းစိန်)

*    ဝသန်ကာလ သည်ချိန်ကျ
      ငွေရည်မိုးက ရွာသွန်းချ။

*    လောကလူ့ခွင် အလှဆင်
      ရေဖွေးဖွေးတင် လယ်ကွင်းပြင်။

July 4, 2020

မေမေနဲ့ လူမှုရေးအသိ

ဒေါက်တာမတင်ဝင်း(ပညာရေးတက္ကသိုလ်) 

        မေမေနဲ့ ဖေဖေက လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်မှာ အိမ်ပိုင်နဲ့နေနိုင်ပြီလို့ ဖေဖေကပြောပြီး လာခေါ်တဲ့အခေါက်မှာ ရေနံချောင်းကို ကျွန်မတို့ ပြောင်းခဲ့ကြပါတယ်။ သိပ်ထူးဆန်းတာကို ပြောရရင် ကျွန်မတို့ စစ်အတွင်းက နေခဲ့တဲ့ အိမ်ကလေးရဲ့ ရှေ့ဘက်က အဘိုးကြီးနဲ့ အဘွားကြီးကို ကျွန်မတို့ မေမေနဲ့ သွားကန်တော့ကြတဲ့ကိစ္စ ဖြစ်ပါတယ်။ မေမေက ကာယကံ ဝစီကံနဲ့ ပြစ်မှားခဲ့တာများ ရှိရင်လည်း ခွင့်လွှတ်ပါ။ ဦးကြီးနဲ့ အဒေါ်တို့က ကျွန်မအပေါ် မှားခဲ့တာများရှိရင်လည်း ခွင့်လွှတ်ပါတယ်လို့ပြောရင်း ကန်တော့တဲ့အခါ အဒေါ်ကြီး ဒေါ်သက်နှံက ငိုရှာပါတယ်။ မေမေ့ကို ဘာဖြစ်လို့ သွားကန်တော့ရတာလဲ၊ သူတို့ကမှ မကောင်းခဲ့တာလို့ ကျွန်မက ပြောတော့ မေမေက ‘‘ဘယ်သူပဲဖြစ်ဖြစ် ဆက်ဆံတာကြာရင် မကောင်းတာရှိသလို ကောင်းတာလည်း ရှိတယ်။ အခုလို သွားကန်တော့တာဟာ ဝဋ်ရှိရင် ကျေအောင် လုပ်ရတဲ့ အလုပ်ပဲ’’ လို့ ပြောပါတယ်။ 

ဒုတိယအရွယ် (၂)

 လယ်တွင်းသားစောချစ်

        ချစ်သူနှင့်ကွဲ၍ အသည်းက ဘာမျှမဖြစ်ပါ။ အရက်သောက်မှ နောက်ထပ်အရှုံးကို ဖိတ်ခေါ်ခြင်း ဖြစ်သည်။ အမူးသမား အရှုံးသမားကြီးဘဝသို့မရောက်အောင် ကျွန်တော်ဖတ်ခဲ့မိသော စာအုပ်တစ်အုပ်က ကောင်းကျိုးပြုခဲ့သည်။

သီးနှံအထွက်တိုးစေပြီး စိုက်ပျိုးရေးအထောက်အကူပြု ပျားမွေးမြူရေး

ထွန်းလှိုင် (မြိုင်)

        ပျားမွေးမြူရေးလုပ်ငန်းသည် လူသားတို့အကျိုးရှိစေမည့် အထောက်အကူပြုလုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရှိလာသဖြင့် ယခုအခါ ပျားမွေးမြူရေးလုပ်ကိုင်လာသူ၊ စိတ်ဝင်စားသူ များပြားလာပါသည်။ ထို့အပြင် ပျားမွေးမြူခြင်းဖြင့် လူတို့၏ စိုက်ပျိုးသီးနှံများ အရည်အသွေးရော အရေအတွက်ပါ ပိုမိုကောင်းမွန်လာသလို ပျားရည်ဖြင့်ပြုလုပ်ထားသော ကြက်သွန်ဖြူ၊ ဂျင်း၊ ရဲယို၊ လင်ဇီး စသောပျားရည်များ လူတို့သုံးစွဲလာသည်ကို တွေ့ရသည်။ ထို့ကြောင့် ပျားမွေးမြူရေးအကြောင်းကို စိုက်ပျိုးသီးနှံထုတ်လုပ်သူ ဦးအောင်မြင့်သန်းက မေးလာသဖြင့် မွေး/ကု(လက်ထောက်ညွန်ကြားရေးမှူး-ငြိမ်း)တစ်ဦိးအနေဖြင့် စာရေးသူက ဖြေကြားခဲ့မှုကို ဖော်ပြပေးလိုက်ပါသည်။ 

July 3, 2020

ဒုတိယအရွယ်

လယ်တွင်းသားစောချစ်

‘‘လွမ်းတယ်.. မို့မို့ရယ်’’

ကျွန်တော့်ဘဝ ဒုတိယအရွယ်ကို အလွမ်းတွေနဲ့ စခဲ့ရတယ်။ ကျွန်တော့်ငယ်ဘဝ နောက်ဆုံးရက်များမှာ အားတက်ခြင်း၊  ကြိုးစားခြင်းတွေနဲ့ ရှေ့ခရီးကို မျှော်လင့်ချက်ကြီးစွာ ထားခဲ့တယ်။ အသေအချာလည်း ပြင်ဆင်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုတွေအပြည့်နဲ့ပေါ့။

သက်ရှိသတ္တဝါများအတွက် အဓိကအရေးကြီးသော ရေဓာတ်

ထွန်းထွန်း (မွေး/ကု)
   
        ရေသည် သက်ရှိသတ္တဝါများအတွက် အဓိကအရေးကြီးသောဓာတ် ဖြစ်သည်။ ရေဓာတ်ချို့တဲ့မှု ဒဏ်ကြောင့် ထိခိုက်ခံစားလွယ်သည်။ ရေသည် ခန္ဓာကိုယ်အတွင်း ဇီဝရုပ်ပိုင်းဆိုင်ရာလုပ်ငန်းများ အပြည့်အဝဆောင်ရွက်ရန် မရှိမဖြစ် လိုအပ်သည်။ ထို့ကြောင့် ထမင်းအသက် ခုနှစ်ရက်၊ ရေ အသက်တစ်မနက်ဟု အဆိုရှိခဲ့သည်။ အပူပိုင်းဒေသများတွင် သက်ရှိသတ္တဝါများသည် ၁ဝ ရက်ထက်ပို၍ ကြာရှည်စွာ ရေလုံးဝမသောက်ရလျှင် အသက်ရှင်နိုင်စွမ်းမရှိတော့ပါ။ 

ဒို့ကျေးရွာကာတွန်း



ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၉)

July 2, 2020

ဆိတ်မွေးမြူခြင်းနှင့် ဆိတ်သား၏ အာဟာရဓာတ်များ

ဒေါက်တာနေဝင်း 

        ကမ္ဘာတစ်ဝန်းရှိ လူတို့ စားသုံးရန်အတွက် ထုတ်လုပ်သည့် အသားအားလုံး၏ ၆၃ ရာခိုင်နှုန်းမှာ ဆိတ်သားဖြစ်ပါသည်။ ဆိတ်မွေးမြူရေးလုပ်ငန်းအား အပူပိုင်းဒေသများတွင် အများဆုံးမွေးမြူကြပြီး ဆိတ်ကောင်ရေပမာဏ၏ ရာခိုင်နှုန်း ၉ဝ ဖြစ်သော ခန့်မှန်းခြေဆိတ်ကောင်ရေပေါင်း ၅ဝ၄ သန်းအား အာရှဒေသတွင် ၅၆ ရာခိုင်နှုန်း၊ အာဖရိကဒေသတွင် ၃၃ ရာခိုင်နှုန်း၊ တောင်အမေရိကတိုက်အလယ်ပိုင်းနှင့် ကာရေဘီယမ်ဒေသတွင် ၇ ရာခိုင်နှုန်းခန့် မွေးမြူထားရှိပါသည်။

ဒို့ကျေးရွာကာတွန်း


ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၈)

July 1, 2020

တို့တောင်ယာ သာစခန်း

 အင်ပင်သန်းဌေးအောင်

        * ဘူး သခွား ဖရုံတို့ရယ်က
         ခူးစားမကုန် ပေါလိုက်ပါဘိ
         သာမောအတိ တို့တောင်ယာ။

Popular Posts