အင်ပင်သန်းဌေးအောင်
* ဘူး သခွား ဖရုံတို့ရယ်က
ခူးစားမကုန် ပေါလိုက်ပါဘိ
သာမောအတိ တို့တောင်ယာ။
* မြဲသေချာ ချမ်းသာကြောင်းရယ်မို့
ပဲနေကြာ နှမ်းဝါပြောင်းတွေက
ကောင်းအားစုံစွာ။
* ရွှင်လန်းလို့ဝေဆာ
ပဒေသာပုံမခြား။
* စိတ်ထားချို သဒ္ဓါလန်းဖြာတော့
မိတ်များကို လာလှည့်စမ်းပါခင်ဗျာ့
သာလျက်ဘုံ ရဂုံအေးမှာလ
ယာထွက်ကုန် အစုံပေးချင်လို့
မြို့ရှောင်ခွာ လာမနွမ်းစေရအောင်
တို့တောင်ယာ သာစခန်းကိုဖြင့်
မြန်းခဲ့ပါလား။ ။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၉)
No comments:
Post a Comment