မောင်သာဆွေ(အင်းစိန်)
* ဝသန်ကာလ သည်ချိန်ကျ
ငွေရည်မိုးက ရွာသွန်းချ။
* လောကလူ့ခွင် အလှဆင်
ရေဖွေးဖွေးတင် လယ်ကွင်းပြင်။
* အုန်းအင်သံကြား ဖားကလေးများ
ကန်သင်းဘေးနား ခုန်လွှားလွှား။
* ကောက်ပင်များက စိမ်းစိုမြ
လေဝှေ့လျှင်ပ ယိမ်းနွဲ့က။
* နွားတစ်ရှဉ်းနှင့် ထွန်ရေးငင်
ရွာကလယ်ရှင် လူညိုယဉ်။
* ခေါ်ငင်ဖော်ချင်း ပျိုတစ်သင်း
လုပ်ခွင်လယ်ကွင်း ကောက်စိုက်ဆင်း။
* တေးချင်းသာစွ လယ်တောလှ
ချင်းချင်းပြောင်စ ရယ်မောကြ။
* မိုးလရာသီ လှဝေစည်
ရေးလျှင်မမီ ဆေးပန်းချီ။
* တို့ရွာဆီက သဘာဝ
လယ်တောအလှ သာမောစွ။ ။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၁)
No comments:
Post a Comment