June 30, 2020

လွယ်လိုက်ပုံများ

ကိုကိုခန့်ချော(ကသာမြေ)

        စိမ်းပန်းပြာရွာမှ ဦးဖိုးဆောင်းသည် စကားပြောရာ၌ အချက်ကျကျနှင့် ကန့်လန့်တိုက်ပြောတတ်သဖြင့် ရွာသားများက သူနှင့်စကားပြောရန် လွန်စွာဝန်လေးကြသည်။ ဦးဖိုးဆောင်း၏ဇနီး ဒေါ်ငြိမ်းပင်လျှင် မပြောမဖြစ်မှသာ ပြောလေ့ရှိသည်။ တစ်နေ့တွင် ဒေါ်ငြိမ်းက ဦးဖိုးဆောင်းအား -

ပန်းပွင့်ကို ဟင်းသီးဟင်းရွက်အဖြစ် စားသုံးသောအပင်များ (၂)

ဒေါက်တာစိန်လှဗိုလ်

ယခင်အပတ်မှအဆက်

လက်ပံပွင့်

လက်ပံပွင့်ကိုတော့ သီချင်းပင် စပ်ဆိုခဲ့တာရှိတဲ့အတွက် အားလုံးသိကြပြီးဖြစ်ပါတယ်။ သစ်တော်ပင်ဖြစ်ပါတယ်။ ရာသီချိန်မှာ အပင်ပေါ်မှ ကြွေကျလာတဲ့ ပန်းပွင့်များကို ကောက်ယူစုဆောင်းကာ ပွင့်ဖတ်များကို ခြွေပေးပြီးနောက် အဖိုဝတ်ဆံတိုင်များနဲ့ ပွင့်ချပ်တို့ကို အခြောက်ထားပြီး စားသုံးမှုများပါတယ်။ အမအိမ်ကိုလည်း စားသုံးကြပါတယ်။ အဖိုဝတ်မှုန်များကိုတော့ ခြွေပစ်လေ့ရှိပါတယ်။ အခြောက်ကို အသားများနှင့် ချက်ပြုတ် စားသောက်ကြသကဲ့သို့ ချဉ်ရည်ချက်လည်း စားကြပါတယ်။ (လဲမှို့ပင်မျိုးမှာမူ လက်ပံပင်ကြီးမျိုးကဲ့သို့ ပန်းပွင့်များ မကြီးကြဘဲ အခိုင်လိုက် ပွင့်ကြပြီး စားသုံးမှုမရှိကြကြောင်း တွေ့ရပါတယ်။)

ဒို့ကျေးရွာကာတွန်း


ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၇)

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၃) ထွက်ရှိ



        ဇူလိုင်လ (၁) ရက်နေ့မှာ ထွက်ရှိမယ့် ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၃) မှာတော့ -

        *** တန်းတူညီမျှ အမျိုးသမီးဘဝ ရရှိနိုင်ဖို့ စွမ်းဆောင်စို့ (အထူးဆောင်းပါး)

        *** စပါးအထွက်တိုးစေဖို့ ပိုတက်စီယမ်ဓာတ် ဖြည့်စွက်ရန်နည်းလမ်းများ (စိုက်ပျိုးရေးဆောင်းပါး)

        *** နို့စားနွားမွေးမြူရေးနှင့် မေထုန်မဲ့သားစပ်လုပ်ငန်း စီမံခန့်ခွဲမှု(၂) (မွေးမြူရေးဆောင်းပါး)

        *** ဥစားဘဲနှင့် အသားစားဘဲ မွေးမြူရာတွင် ရွေးချယ်မွေးမြူသင့်သည့်ဘဲမျိုးများ (မွေးမြူရေးဆောင်းပါး)

        *** ပင်ထောင်မြေပဲ အထွက်တိုးအောင် စိုက်ပျိုးကြစို့ (စိုက်ပျိုးရေးဆောင်းပါး)

        *** ပိုးသတ်ဆေးအန္တရာယ် သတိပြုကိုင်တွယ် (စိုက်ပျိုးရေးဆောင်းပါး)

        *** ဥယျာဉ်ခြံများ လက်စွဲထား ဘော်ဒိုမစ်ချား (စိုက်ပျိုးရေးဆောင်းပါး)

        *** မျက်နှာမွဲကြီး ရယ်လိမ့်မည် (ဝတ္ထု)

        *** အမြော်အမြင်ရှိသော ဝက်မလေး (ပုံပြင်)

        *** လူ့တန်ဖိုး (သုတရသဆောင်းပါး)

        *** ဒီမိုကရေစီနဲ့ မြန်မာနိုင်ငံ (အတွေးအမြင်ဆောင်းပါး)

        *** သွေးလွန်တုပ်ကွေးအန္တရာယ် အထူးသတိပြု ကြိုတင်ကာကွယ် (ကျန်းမာရေးဆောင်းပါး)

        *** သတိပြုသင့်သော စိတ်ရောဂါလက္ခဏာများ (ကျန်းမာရေးဆောင်းပါး)

        *** ကိုဗစ်ကာလ အကျပ်အတည်းနဲ့ ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံမှုရှိရေး (နိုင်ငံတကာဆောင်းပါး)

        စတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သုတရသ၊ အတွေးအမြင်၊ ကျန်းမာရေး၊ နိုင်ငံတကာ ဆောင်းပါးများ၊ မျက်မှောက်ရေးရာ၊ စာပေအနုပညာဆိုင်ရာ၊ အားကစား၊ နိုင်ငံတကာသတင်းများ၊ ကဗျာ၊ ဟာသ၊ ကာတွန်းများလည်း ပါရှိပါတယ်။

        ဒို့ကျေးရွာဂျာနယ်ကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများနဲ့ စာပေဗိမာန်စာအုပ်ဆိုင်များမှာ တစ်စောင်လျှင် ၂၀၀ ကျပ်နှုန်းနဲ့ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။

ပန်းပွင့်ကို ဟင်းသီးဟင်းရွက်အဖြစ် စားသုံးသောအပင်များ

ဒေါက်တာစိန်လှဗိုလ်

ဟင်းသီးဟင်းရွက်များဟာ လူသားများရဲ့ ကျန်းမာရေးနဲ့ အာဟာရဓာတ်ရရှိစေရေးတို့အတွက် အရေးပါတဲ့ အပင်အုပ်စုဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက် အဖြစ် စားသုံးတဲ့ အပင်များစွာရှိကြရာ၊ နိုင်ငံနဲ့လူမျိုးအလိုက် စားသုံးမှုတူညီတဲ့အပင်များ ရှိကြသကဲ့သို့ မတူကွဲပြားခြားနားကြတဲ့ အပင်များကိုလည်း တွေ့ရပါတယ်။ အထူးသဖြင့် နိုင်ငံများတည်ရှိရာဒေသရဲ့ ရာသီဥတုပေါ်မူတည်ကာ စိုက်ပျိုးဖြစ်ထွန်းနိုင်တဲ့ အပင်အမျိုးအစားများ မတူညီကြတဲ့အတွက် စားသုံးကြတဲ့ အပင်အမျိုးအစားများလည်း ကွာခြားနိုင်ပါတယ်။ ထို့အပြင် ဒေသရှိလူမျိုးများနဲ့ ဓလေ့ထုံးတမ်း အစဉ်အလာများအရလည်း စားသုံးမှု မတူကွဲပြားတာကို တွေ့ရပါတယ်။

June 29, 2020

ဒို့ကျေးရွာကာတွန်း



ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၁)

ကျေးလက်ဒေသ လူမှုစီးပွားရေးနှင့် တစ်နိုင်မွေးမြူရေးလုပ်ငန်း

နေဝင်းလွင်  (မွေး/ကု)

        ယနေ့ မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးအခြေခံသည့် နိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အများဆုံးလုပ်ကိုင်သည့် တောင်သူလယ်သမားများမှာ ကျေးလက်ဒေသများတွင် နေထိုင်ကြသူများ ဖြစ်သည်။ ကျေးလက်ဒေသ လူမှုစီးပွားရေးဘဝ ရပ်တည်မှုအထောက်အကူပြုစေရေးနှင့် တစ်နိုင်မွေးမြူရေးလုပ်ငန်းများအကြောင်းကို လူမှုဘဝလေ့လာသူတစ်ဦးက မေးမြန်းထားရှိမှုအား မွေးမြူရေးပညာရှင် ဒေါက်တာနေဝင်း (နေဝင်းလွင် မွေး/ကု) က ပြန်လည်ဆွေးနွေးဖြေကြားမှုများနှင့်ပတ်သက်၍ လေ့လာသိရှိနိုင်ကြစေရန် ဖော်ပြအပ်ပါသည်။

June 28, 2020

မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း

ချစ်နိုင် (စိတ်ပညာ)

"အခက်အခဲ ဘယ်လောက်ပဲရှိရှိ ငါဟာ အောင်မြင်သည်အထိ ဇွဲနပဲနဲ့လုပ်မယ်ကွလို့ ကိုယ်တိုင်ဆုံးဖြတ်ထားရမယ်။ အဲဒါ အောင်စိတ်ပဲ။ အောင်စိတ်ရှိရင် သေချာပေါက်အောင်ပြီ။ အောင်မြင်မှုဆိုတာက လုပ်နိုင်တယ်ဆိုတဲ့ စိတ်ထားရှိသူဆီကိုပဲ လာတယ်။ ငါမလုပ်နိုင်ပါဘူး။ မလုပ်နိုင်လောက်ပါဘူး။ လုပ်နိုင်မယ်မထင်ဘူး ဆိုကြတဲ့သူတွေအတွက် အောင်မြင်မှုက ရောက်လာလေ့ မရှိဘူး"

လူရိုးဆိုတာ (၂)

လယ်တွင်းသားစောချစ်

        ကျုပ်က အရင်ဆွဲလိုက်တယ်။

        ‘‘ကိုင်ထား... ကိုယ့်တုတ်ကို ကိုင်ထား’’လို့ ချစ်အောင်က သတိပေးတယ်။

        ကျုပ်လက်ထဲမှာ တုတ်ကလေးကို ဆုပ်ကိုင်ပေးပါတယ်။

        ဒုတိယစံရွှေ တုတ်ကလေးတစ်ချောင်းကို ဆွဲယူလိုက်တယ်။ တုတ်သုံးချောင်း ယှဉ်ကြည့်တယ်။ ချစ်အောင်တုတ်က အရှည်ဆုံး-

        ‘‘ကဲကွာ..ကဲကွာ..ကဲကွာ’’

        ချစ်အောင်စိတ်ဆိုးပြီး သူ့တုတ်ကို သုံးပိုင်းချိုးပစ်လိုက်တယ်။

မိမိလယ်ယာမြေကို တန်ဖိုးမြင့်မားအောင် ပြုပြင်ပေးမှ လယ်ယာမြေဥပဒေကပေးသော အကျိုးခံစားခွင့် အပြည့်အဝရရှိနိုင်မည်

အောင်ဆန်း (စိုက်ပျိုးရေး)

"တောင်သူလယ်သမားကြီးများဟာ မိမိပိုင်တဲ့ လယ်ယာမြေတွေကို တန်ဖိုးတက်အောင် အစဉ်တစိုက် ပြုပြင်ဆောင်ရွက်နေကြဖို့ လိုပါတယ်။ ဒါမှလည်း သီးနှံတွေ အထွက်တိုးပြီး လယ်ယာမြေဟာ တန်ဖိုးမြင့်နေမှာ ဖြစ်ပါတယ်။ လယ်ယာမြေတန်ဖိုးမြင့်အောင် ပြုပြင်တဲ့ နည်းလမ်းတွေ များစွာရှိပါတယ်။ မိမိက လက်တွေ့ကျင့်သုံးပြီး ပြုပြင်ကြဖို့ပဲ လိုအပ်ပါတယ်။"
 

June 27, 2020

လူရိုးဆိုတာ

လယ်တွင်းသားစောချစ်

        ‘‘ကိုညီရေသွားကြည့်လိုက်ဦး .. ဟိုမှာ ကိုချစ်အောင်တို့ဘက်က ခြံစည်းရိုးကာနေတယ်’’

        မိန်းမက ကျုပ်ကိုလာပြောတယ်။

        ‘‘ကာပါစေပေါ့..ချစ်အောင်က စိတ်ချရပါတယ်။ ကြည့်ဖို့လိုတဲ့လူ မဟုတ်ပါဘူး’’

        မိန်းမက ထပ်ပြောနေတုန်း-

        ‘‘ဟာ... အဓိပ္ပာယ်မရှိတာကွာ။ အဲဒီသရက်ပင် ဒီဘက်ကဆိုတာ ချစ်အောင်ရော.. ငါရော
သိတာပဲ... ချစ်အောင်က ဒီလိုမတရားလုပ်တဲ့ကောင်မျိုး မဟုတ်ပါဘူး’’

        မိန်းမ ဆက်ပြောနေတာကို ကျုပ်သဘောမကျဘူး။ မဟုတ်တာ ပြသနာလာလုပ်နေတယ်ထင်
တာ။ ဒါပေမဲ့ သွားတော့ကြည့်လိုက်ပါတယ်။

လယ်သမားကြီးများ ရင်ထဲစွဲနေအောင် သိစေချင်တဲ့ ဓာတ်မြေသြဇာသုံးစွဲရာတွင် သတိပြုရမယ့်အချက်များ

မောင်ငြိမ်းအောင်(တန့်ဆည်)

        စာရေးသူ နယ်ကိုခရီးထွက်တုန်းက စပါးခင်းကို ဓာတ်မြေဩဇာကြဲနေတဲ့ လယ်သမားကြီးတစ်ဦးနဲ့တွေ့တော့ ဘာမြေသြဇာကြဲတာလဲလို့ မေးတော့ "ပုလဲ" လို့ ဖြေပါတယ်။ စပါးမျိုးကတော့ ဆင်းသုခ ဖြစ်တယ်။  စပါးပင်သက်တမ်းမေးတော့ တစ်လကျော်ကျော်က ကြဲခဲ့တာလို့ လယ်သမားကြီးက ဆိုပါတယ်။ စာရေးသူက ပုလဲမြေသြဇာကို သူတစ်မျိုးထဲကြဲရင် လေလွင့်ဆုံးရှုံးမှုများတယ်။ ဒါ့ကြောင့် ပုလဲတစ်အိတ်ကို မြေဆွေးသုံးအိတ်နဲ့ ရောနှပ်ပြီး တစ်ညသိပ်ရမှ ကြဲရမယ်ဆိုတာ သိလားလို့ မေးတော့ မသိဘူးလို့ ဖြေပါတယ်။

June 25, 2020

ကျေးဇူးရှင်များ (ဒို့ကျေးရွာကဗျာ)

မင်းမောင်နွယ် (မွန်ဌာနီ)

***  ထက်မိုးဗွေ
        ငှက်မိုးစွေ ပျံဝဲ။
        အနောက်တောင်
        ပြိုမယောင် စိုးထိတ်ထိတ်
        မိုးရိပ်မှောင်မဲ(မည်း)။


ဒို့ကျေးရွာကာတွန်း


ဒို့ကျေးရွာကာတွန်း အတွဲ (၁၅) အမှတ် (၇)

June 24, 2020

မမောပါဘူး ပျော်ပါတယ်

လယ်တွင်းသားစောချစ်

နွေရာသီကျောင်းပိတ်ရက် တစ်ရက်၏ မနက်ပိုင်းမှာဖြစ်သည်။ ကျောင်းအုပ်ဆရာကြီး ဦးဖိုးအောင်သည် မကြာမီ ထုတ်ပြန်ရမည့် အတန်းလိုက် အောင်စာရင်းကို စိစစ်နေသည်။ 

မြေးလေးက သူ၏ သုံးဘီး စက်ဘီးလေးကို အိမ်ထဲမှတွန်း ထုတ်လာသည်။ 

မြင်းပျံ

တက္ကသိုလ်မလေးခိုင်

တစ်ခါတုန်းက မှော်ဆရာကြီးတစ်ဦးက ဘုရင်ကြီးတစ်ပါးကို အသစ်စက်စက် မြင်းအစစ်နဲ့ အရွယ်အစားတူညီတဲ့ ရုပ်တုတစ်ခုကို လက်ဆောင်ပေးတယ်။ ဘုရင်ကြီးရဲ့သားတော် မင်းသားလေးက အဲ့ဒီမြင်းရုပ်ပေါ်မှာ တက်ထိုင်ပြီးတော့ သူ့ဖခင်ကို လှမ်းမေးတယ် -

‘‘ဒီခလုတ်ကလေး နှိပ်လိုက်ရင် ဘာဖြစ်သွားမလဲ ခမည်းတော်’’ ဆိုပြီး မေးနေတုန်းမှာပဲ မြင်းရုပ်ကြီးက သူ့ကိုသယ်ဆောင်ပြီးတော့ မိုးကောင်းကင်ပေါ်ကို ပျံတက်သွားတယ်။ အောက်က ဘုရင်ကြီးက -

ဒို့ကျေးရွာကာတွန်း






ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁)

June 23, 2020

ကန်သာယာ

မင်းခန့်(တာပိန်)

*    ရွာကလေးအမည် ကန်သာယာ
      စည်ကားလှပေတာ
      ရွာကလေးကိုအဝေးမှ
      လှမ်းလို့ကြည့်မြင်ရ။

*    ကန်ပေါင်ပေါ်က ထုံးစေတီ
      အဝေးမှဖူးမြင်သည်
      ရပ်ဝေးဆီမှ ခရီးသည်များ
      ကန်ပေါင်ဦးမှာနား။

သူ့အမြင် ကိုယ့်အမြင်

အောင်သိန်းဝင်း (ပွင့်ဖြူ)

        ပွင့်ဖြူမြို့နယ်တွင် ထင်းအငှားလိုက်ပေါက်စားသူ‘ဦးတင်’ဆိုသည့် လူတစ်ယောက်ရှိသည်။ တစ်နေ့ မြို့မစျေးတောင်ဘက်ရှိ ‘မိတ်ဆွေ’လက်ဖက်ရည်ဆိုင်တွင် ထင်းပေါက်နေခိုက်ဖြစ်သည်။

        ဆိုင်ထဲ စားပွဲလွတ်တစ်လုံးတွင် ရှေ့နေ၊ ဆရာဝန်၊ ကျောင်းဆရာ သုံးဦးသားထိုင်၍ လက်ဖက်ရည်မှာသောက် စကားလက်ဆုံကျနေသည်။ ထိုဝိုင်းတွင် ရှေ့နေကစ၍ -

နွားမများတွင် အဖြစ်များသော နို့အုံရောင်ရောဂါ

ထွန်းလှိုင် (မြိုင်)

        မြန်မာနိုင်ငံ၏ မွေးမြူရေးကဏ္ဍ၊ နွားမွေးမြူရေးလုပ်ငန်း၌ နွားမများတွင် အဖြစ်များသောရောဂါမှာ နို့အုံရောင်ရောဂါဖြစ်သည်။ နို့အုံရောင်ရောဂါနှင့်ပတ်သက်သည့် အချက်အလက်များကို ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ကုလားကုန်းကျေးရွာမှ နွားမွေးမြူရေးခြံပိုင် ဦးစောလှက ဆရာထွန်းလှိုင် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန(ငြိမ်း)ထံ မေးမြန်းထားရှိမှုများကို အခြားမွေးမြူရေးလုပ်ငန်းရှင်များ သိရှိနိုင်စေရန် ဖော်ပြလိုက်ပါသည်။

June 21, 2020

ကိုယ့်ထက်သာစေချင်ပါသည် (၂)

လယ်တွင်းသားစောချစ်

        ထိုကိစ္စများအတွက် ကျွန်တော် သနားကြင်နာစွာ အားပေးရုံသာ ကူညီနိုင်ပါ၏။ မျှဝေထမ်းဆောင်ချင်၍ မရ။

        ထို့ကြောင့် ကလေးမွေးဖွားပြီးသည့်အခါ ညတွင် အနှီးလဲခြင်း၊ နို့ဘူးတိုက်ခြင်းတို့ကို မျှဝေတာဝန်ယူချင်ပါသည်။ 

စားသုံးသူကာကွယ်ရေးဥပဒေ ကုန်အညွှန်းနှင့် ကင်ဆာ

ဒေါက်တာလွင်သန့် 

        စားသုံးသူကာကွယ်ရေးဥပဒေဟာ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၆ ရက်နေ့မှာ အသက်ဝင်နေပြီဖြစ်ရာ ကုန်စည်များ ကုန်အညွှန်းဖော်ပြရာမှာ သတ်မှတ်ချက် ရှစ်ချက်နဲ့ ကိုက်ညီမှုမရှိပါက ဘယ်သူမဆို ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားနိုင်ပြီလို့ စားသုံးသူရေးရာဦးစီးဌာနဗဟိုမှ လက်ထောက်ညွှန်ကြားရေးမှူးက မတ် ၁၃ ရက်နေ့တွင် မုံရွာမြို့ စီးပွားရေးလုပ်ငန်းရှင်များနဲ့ ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

ပြည်တွင်းမွေးမြူရေးထုတ်ကုန်တစ်ခုဖြစ်သည့် နွားနို့လုပ်ငန်းရှင်တစ်ဦးနှင့် တွေ့ဆုံခြင်း

အောင်ရဲကျော်(အညာမြေ) 

        မြန်မာနိုင်ငံအတွင်းရှိ စားသုံးသူ မိဘပြည်သူများကို ဝန်ဆောင်မှုကောင်းကောင်းနှင့် စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်ပေးနေသည့် ​​ပြည်တွင်းမွေးမြူရေးထုတ်ကုန် အဖြစ် ဆောင်ရွက်နေသည့် ငွေစင်ပုလဲအမှတ်တံဆိပ်ဖြင့် နွားနို့စစ်စစ်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသော လုပ်ငန်းရှင် ဦးတင်ဝင်းနှင့် သွားရောက်တွေ့ဆုံပြီး နွားနို့ထုတ်မှုနှင့်ပတ်သက်၍ သိရှိနိုင်စေရန် ရေးသားတင်ပြလိုက်ရပါသည်။

စားသုံးကုန်သီးနှံများနှင့် ပတ်သက်၍ ရိတ်သိမ်းချိန်လွန် လိုက်နာစရာများ

ကိုရဲ (စိုက်ပျိုးရေး)

        ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံတို့သည် ရေဓာတ်ပါဝင်မှုများပြားသဖြင့် ပျက်စီးလွယ်သည်။ ကြာရှည်အထားမခံကြ။ အခြားသောသီးနှံများထက်ပို၍ ပျက်စီးဆုံးရှုံးနိုင်သဖြင့် စိုက်ပျိုးသူများ၊ ရောင်းချသူများသည် ပျက်စီးနိုင်သောကာလ၊ ခူးဆွတ်ချိန်နှင့် စားသုံးသူလက်ဝယ် ရောက်ရှိချိန်၊ ဤနှစ်ခုကြားကာလ ဖြတ်ကျော်ရမည့် လုပ်ငန်းအဆင့်ဆင့်တွင် ဂရုစိုက်ကြိုတင်ကာကွယ်ကြရသည်။  အနံ့အရသာ၊ အာဟာရပါဝင်မှုတန်ဖိုး၊ ဘေးအန္တရာယ်ကင်းရှင်းမှုများ ထိန်းသိမ်းပေးကြရသည်။ ပြည်ပပို့ကုန်ဖြစ်နေသော သီးနှံအုပ်စုဖြစ်သဖြင့် စံချိန်မီအရည်အသွေးပြည့် ဟင်းသီးဟင်းရွက်၊ သစ်သီး၀လံများ ထုတ်လုပ်ရန် လိုအပ်နေပြီ ဖြစ်သည်။

ဒို့ကျေးရွာကာတွန်း




ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁)

လုံခြုံစိတ်ချရသော စားနပ်ရိက္ခာထုတ်လုပ်ရေးအတွက် အားထားစရာ အော်ဂင်းနစ်သဘာ၀မြေဩဇာများ

အောင်ဆန်း (စိုက်ပျိုးရေး)
“ယခုအခါ ကမ္ဘာအနှံ့တွင် လူသားတိုင်းဟာ လုံခြုံမှုမရှိတဲ့ စားနပ်ရိက္ခာများ၊ အရည်အသွေးမပြည့်မီတဲ့ စားနပ်ရိက္ခာများ၏ ခြောက်လှန့်မှုကို နေ့စဉ်နဲ့အမျှ အထိတ်တလန့် ကြုံတွေ့ခံစားနေကြရပါတယ်”
        ကမ္ဘာ့လူဦးရေ တိုးတက်မှုနှုန်းဟာ အလွန်လျင်မြန်စွာ တိုးတက်နေပါတယ်။ ၂၀၅၀ ပြည့်နှစ်မှာတော့ ကမ္ဘာ့လူဦးရေဟာ ကိုးဘီလီယံကျော်ဖြစ်လာမယ်လို့ မျှော်မှန်းထားပါတယ်။ လူဦးရေတိုးတက်လာတာနဲ့အမျှ လူတို့ရဲ့ စားသောက်မှုပုံစံ၊ နေထိုင်မှုပုံစံများ ပြောင်းလဲလာတာ တွေ့ရတယ်။ ကမ္ဘာ့ကုန်သွယ်မှု ရောင်းဝယ်ဖောက်ကားမှုများမှာ စားနပ်ရိက္ခာ ရောင်းဝယ်ဖောက်ကားမှုဟာ ပမာဏထက်ဝက်ကျော်ခန့် ပါဝင်နေတာ ​​​တွေ့ရတယ်။ ဤမျှ ပမာဏကြီးမားလှတဲ့   စားနပ်ရိက္ခာရောင်းဝယ်မှုမှာ စားနပ်ရိက္ခာ စိတ်ချလုံခြုံရေးနဲ့ အရည်အသွေးကောင်းမွန်သော စားနပ်ရိက္ခာများ ဖြစ်တည်ရေးတို့ဟာ လူသားအားလုံးအတွက် ပြင်းပြစွာ တောင့်တနေသောအရာ ဖြစ်နေပါတယ်။ 

June 20, 2020

ကိုယ့်ထက်သာစေချင်ပါသည်

လယ်တွင်းသားစောချစ်

        သား၏ ဇနီး၊ သမီးချွေးမ မီးဖွားတော့မည်ဖြစ်ကြောင်း မနက်အစောကြီး ဖုန်းဆက်လာသည်။ ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ ခွဲစိတ်မွေးရမည်။

        အမြန်ဆုံး ပြင်ဆင်ကြပြီး ဇနီး၊ သမီးနှင့်အတူ ထွက်ခဲ့ကြသည်။ လမ်းတွင် ရန်ကင်းမှ  အဒေါ်ကို ဝင်ခေါ်ရသေးသည်။  အဒေါ်က ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် သူနာပြုချုပ်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ 

        ဗဟိုအမျိုးသမီးဆေးရုံကြီးကို ကျွန်တော်တို့ ရောက်သွားချိန်တွင် ခွဲစိတ်ခန်းသို့ မဝင်ရသေး။ အထဲမှာ တစ်ယောက်ကို ခွဲပြီး မွေးနေဆဲ။

        ဘီးတပ်ခုတင်လေးပေါ်တွင် ချွေးမခမျာ လဲလျောင်းလျက်ရှိနေသည်။ ခွဲခါနီးဖြစ်သော ဗိုက်ကို ခြုံလွှာပါးပါးနှင့် ဖုံးထားသည်။ အထဲမှ လူထွက်လာသည်နှင့် ခွဲခန်းသို့သွင်းရန် အသင့်အနေအထား ဖြစ်သည်။


“မကြာခင် ကလေး၏ ဖခင်ဖြစ်တော့မည့်သားကို မွေးဖွားစဉ်ကလည်း ဤဆေးရုံပင် ဖြစ်သည်။ ဘာမျှမကြာသေးဟု ထင်ရသည်။ ဆေးရုံမှ အဆင်းတွင် အနှီးဖြင့် ထွေးပွေ့ယူခဲ့ရသော နီတွတ်တာသားကလေးကို မြင်ယောင်မိသည်”

ပျော်ရွှင်တတ်မှ အမြတ်ရနိုင်မည့် လုပ်ငန်းခွင်

ဒေါက်တာမတင်ဝင်း(ပညာရေးတက္ကသိုလ်)

        လုပ်ငန်းခွင်နှင့်ပတ်သက်၍ နိဒါန်းသွယ်သည့်အချိန်မှစ၍ ပျော်ရွှင်တတ်မှ အမြတ်ရနိုင်မည့်လုပ်ငန်းခွင်ဟု တိကျသည့် သတ်မှတ်ချက်ပေးပြီး တင်ပြပေးမည်ဖြစ်ရာ စိတ်ညစ်တတ်သူများက "ငါတို့တော့ ဒုက္ခပဲ၊ ငါတို့က ပျော်ရွှင်တတ်တဲ့သူတွေ မဟုတ်ဘူး၊ လုပ်ငန်းခွင်မှာ အောင်မြင်မှုမရနိုင်တော့ဘူး ထင်ပါရဲ့" ဟု မတွေးမိစေချင်ပါ။
“အလုပ်ခွင်ဆိုသည်မှာ ကိုယ်ကပေးရသလို ကိုယ်ကပြန်ရနိုင်သည့် အတွေ့အကြုံတွေကလည်း အများကြီးရှိသည်။ အခက်အခဲအတားအဆီးတို့ကလည်း ပုံစံအမျိုးမျိုးနှင့်ရှိမည်”

        လောကတွင် လုံးဝမပျော်ရွှင်တတ်သူ ဆိုသည်မှာ မရှိနိုင်ပါ။ သူ့အတိုင်းအတာနှင့်သူ ပျော်ရွှင်တတ်ကြသည်။ မပျော်မရွှင်နိုင်သည့်အချိန်တွင် မိမိ၏စိတ် မိမိ၏အခြေအနေကို ဆန်းစစ်တတ်သည့် အဆိုးမြင်ဝါဒီမဖြစ်ရန် မိမိကိုယ်ကိုယ် သတိထားသည့်သူများအနေဖြင့် အကောင်းကို ရွေးချယ်လက်ခံတတ်သည့် အကျင့်ရှိ သဖြင့် ပိုမိုပျော်ရွှင်နိုင်မည့် အလားအလာ ရှိတတ်သည်။ ငြူစူခြင်း၊ မနာလိုခြင်း၊ မလိုအပ်ဘဲ စိတ်ဆင်းရဲပင်ပန်းတတ်ခြင်းစသည့် အကျင့်များကို မွေးထားတတ်သူများသည် အလုပ်ခွင်ထဲတွင် နောက်တန်းသို့ တစ်စတစ်စရောက်သွားတတ်သည်။ သတိထားရန်လိုပါသည်။  အချို့သောသူများမှာ များစွာအရေးမကြီးသည့် ကိစ္စများနှင့် ပတ်သက်၍ တအိအိ ပူနေတတ်သေးသည်။ စာရေးသူငယ်စဉ်ကပင် ထိုသို့သော အမျိုးသမီးကြီးတစ်ယောက်ကို တွေ့ဖူးသည်။ စာရေးသူသည် ရင်းနှီးသော အလှူအိမ်တစ်အိမ်သို့ အမေနှင့်အတူ လိုက်သွားရသည်။ စာရေးသူတို့နှင့် ရပ်ဆွေရပ်မျိုးဖြစ်သည့် ပိုက်ဆံရှိသူ အမျိုးသမီးတစ်ယောက်လည်း ပါလာပါသည်။

နို့စားနွားမွေးမြူရေးနှင့် မေထုန်မဲ့သားစပ်လုပ်ငန်းစီမံခန့်ခွဲမှု

ကိုသက်

        ဒို့ကျေးရွာပရိတ်သတ်များအတွက် မွေးမြူရေးဆိုင်ရာ နည်းပညာဆောင်းပါးလေးတွေ ရေးသားပေးဖို့ ဖြစ်လာတဲ့အခါ လက်တွေ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့အကြောင်းအရာလေးတွေ၊ သတင်းအချက်အလက်လေးတွေကို တတ်နိုင်သမျှ ဦးစားပေးရွေးချယ်ရေးသားဖို့ ဆန္ဒဖြစ်မိပါတယ်။ တစ်ချိန်တည်းမှာ စာရေးသူရဲ့ စာတွေ့အပြင်၊ ပြည်တွင်း၊ ပြည်ပ အတွေ့အကြုံတွေကိုလည်း ပေါင်းစပ်ဖော်ပြဖို့ ရည်ရွယ်ထားပါတယ်။ အခု တစ်ပတ်မှာတော့ နို့စားနွားမွေးမြူရေးလုပ်ငန်းတစ်ခု အမှန်တကယ်ဖွံ့ဖြိုးတိုးတက်လာဖို့ အရေးကြီးတဲ့ မေထုန်မဲ့သားစပ်လုပ်ငန်း စီမံခန့်ခွဲမှုများအ‌ကြောင်းကို အစ္စရေးလ်နိုင်ငံမှာ စာရေးသူကိုယ်တိုင် လေ့လာခဲ့ရတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ဆွေး‌နွေးတင်ပြသွားလိုပါတယ်။

နို့စားနွားမွေးမြူရေးနှင့် မျိုးဗီဇ

        နို့စားနွားမွေးမြူရေးဆိုကတည်းက   ရည်ရွယ်ချက်က နွားနို့ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ နို့စားနွားမတွေရဲ့ နို့ထုတ်လုပ်မှုဟာ မျိုးဗီဇအပေါ် များစွာတည်မီပါတယ်။ နို့ထုတ်လုပ်မှုအတွက် အစာအာဟာရကလည်း အရေးကြီးတာမှန်ပေမယ့် အစာတွေ ဘယ်လောက်ပဲကောင်းအောင် ကျွေးကျွေး၊ နို့ထုတ်လုပ်ပေးနိုင်တဲ့ မျိုးဗီဇက အားနည်းနေရင် နို့ထွက်နှုန်းကောင်းမှာ မဟုတ်ပါဘူး။ ဥပမာအားဖြင့် မြန်မာနွားလို့ အလွယ်ခေါ်နေကြတဲ့ ဒေသခံ ခိုင်းနွားအမ တွေကို နို့စားနွားမတွေလို မြက်တွေ၊ ဖြည့်စွက်စာတွေ ဘယ်လောက်ကောင်းအောင် ကျွေးမွေးပေမယ့် နို့စားနွားတွေလို နွားနို့အမြောက်အမြား ထုတ်လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် နွားနို့ထုတ်လုပ်မှု မြင့်မားဖို့ဆိုရင် မိမိမွေးမြူထားတဲ့ နို့စားနွားမတွေဟာ နို့စားနွားမျိုးဗီဇ ကောင်းကောင်းပါရှိရမှာဖြစ်ပြီး၊ သူတို့နေထိုင်လို့ သက်သောင့်သက်သာရှိတဲ့ နေရာထိုင်ခင်းနဲ့၊ နို့ထုတ်လုပ်မှုအတွက် လိုအပ်တဲ့ အစာ အာဟာရတွေကို ဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလည်း ပံ့ပိုးပေးရပါလိမ့်မယ်။

ဒုံပေါက်မြေကျွံတဲ့မြေများကို ဘယ်လိုကုစားပြုပြင်မလဲ

အောင်ဆန်း(စိုက်ပျိုးရေး)  

        မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ တောင်သူလယ်သမားကြီးများ ကြုံတွေ့နေကြရတဲ့ ဒုံပေါက်ပြီး မြေကျွံတဲ့ပြဿနာ ဘယ်လိုပြုပြင်ရမလဲဆိုတဲ့ အချက်ကို ဆွေးနွေးပေးချင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ထဲက ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ လယ်သမားနဲ့ စိုက်ပျိုးရေးနည်းပညာဆွေးနွေးပွဲတစ်ခု တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ တောင်သူလယ်သမားကြီး ၅၀၀ ဦးကျော် တက်ရောက်ပါတယ်။ 

        ဆွေးနွေးပွဲအပြီးမှာ တက်ရောက်လာတဲ့ တောင်သူလယ်သမားကြီးတစ်ဦးက သူကြုံတွေ့ နေရတဲ့ ပြဿနာတစ်ခုကို ထပြီး မေးပါတယ်။ သူမေးတာကတော့ "ကျွန်တော် မိုးစပါး၊ နွေစပါး ဧက ၂၀ ကျော်စိုက်လာတာ နှစ် ၂၀ ကျော်ရှိခဲ့ပါ ပြီ။ ဒီလိုစိုက်လာရင်း လွန်ခဲ့တဲ့ သုံးနှစ်လောက်ကစပြီး မိုးရာသီမှာ လယ်မြေတွေဟာ ကျွံလာတယ်ဆရာ။ ဘယ်လောက်ထိ ကျွံသလဲဆိုရင် နွားနဲ့ထွန်ရင် နွားခြေထောက်လေးချောင်းလုံး မြုပ်သွားပြီး တမန်းပြင်နဲ့ နွားဗိုက်နဲ့ တိုက်တဲ့ထိပါပဲဆရာ။ မြေကျွံလာတော့ ထွန်စက်တွေ နစ်တယ်။ နွားတွေကျွံတယ်။ လယ်ယာလုပ်သားတွေလည်း လယ်ထဲမဆင်းရဲဘူး။ နစ်လို့။ အဲဒီတော့ စပါးစိုက်ဖို့ မြေယာပြုပြင်လို့ မရတော့ဘူး။ ကျွန်တော့်လိုပဲ မိုးစပါး၊ နွေစပါး၊ သီးထပ် စိုက်ပျိုးတဲ့ ရွာကလယ်သမားတွေ တော်တော်များများ ဒီဒုက္ခခံစားနေကြရတယ်ဆရာ။ အဲဒါ ဘယ်လိုပြုပြင်ရင်ရမလဲလို့ ဆရာကြီးကို နည်းပညာအကြံဉာဏ် တောင်းခံချင်တာပါပဲဆရာ"လို့ ဆိုပါတယ်။

လူသားဘဝတိုးတက်ဖို့ မူးယစ်ဆေးဝါးရှောင်ကြစို့

လွန်းပိုးအိမ်  

        လောကတွင် အကောင်းနှင့်အဆိုး အလင်းနှင့်အမှောင် ဒွန်တွဲနေတတ်သော သဘောရှိသည့် အားလျော်စွာ လူသားများဘဝ တိုးတက်ဖွံ့ဖြိုးစေမည့် နည်းပညာများ ထွန်းကားလာသလို အမှောင်ထု ချောက်ကမ်းပါးထဲ ဆွဲချမည့် မူးယစ်ဆေးဝါးများသည်လည်း နည်းပညာများနှင့်အတူ ပိုမိုများပြားဆန်းကြယ်စွာ လူသားထုလက်ထဲသို့ ရောက်ရှိနေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ထိုသို့သော ဆွဲဆောင်မှုအမျိုးမျိုးဖြင့် လူသားထုတစ်ရပ်လုံးကို လမ်းမှားရောက်စေမည့် မူးယစ်ဆေးဝါးအန္တရာယ်ကို သတိရှိစွာဖြင့် ကာကွယ်တိုက်ဖျက်ရန်မှာ လူသားအားလုံး၏ အဓိကတာဝန်ပင်ဖြစ်ပါသည်။

ဓာတ်ပုံ - nuviewtreatment.com

Popular Posts