ကိုကိုခန့်ချော(ကသာမြေ)
စိမ်းပန်းပြာရွာမှ ဦးဖိုးဆောင်းသည် စကားပြောရာ၌ အချက်ကျကျနှင့် ကန့်လန့်တိုက်ပြောတတ်သဖြင့် ရွာသားများက သူနှင့်စကားပြောရန် လွန်စွာဝန်လေးကြသည်။ ဦးဖိုးဆောင်း၏ဇနီး ဒေါ်ငြိမ်းပင်လျှင် မပြောမဖြစ်မှသာ ပြောလေ့ရှိသည်။ တစ်နေ့တွင် ဒေါ်ငြိမ်းက ဦးဖိုးဆောင်းအား -
‘‘ဒီည ၇ နာရီ ရွာဦးကျောင်းမှာ တရားပွဲရှိတယ်။ ရှင်လိုက်ဦးမှာလား’’
‘‘မင်းတို့သာ သွားကြတော့ကွာ။ တရားပွဲသွားတယ်ဆိုတာ တရားမရသေးတဲ့သူတွေသာ သွားကြတာကွ’’
‘‘ဒါဆိုရင် ရှင်က တရားရပြီးဟုတ်လား။ ဘယ်တုန်းက ရလိုက်တာလဲ’’
ဒေါ်ငြိမ်း၏အမေးက ဦးဖိုးဆောင်းက ဖြေလိုက်သည်မှာ -
‘‘ကားနဲ့လှည့်ပြီး တရားခွေလာရောင်းတုန်းက ဝယ်ထားလိုက်တာလေ’’
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၈)
No comments:
Post a Comment