June 23, 2020

ကန်သာယာ

မင်းခန့်(တာပိန်)

*    ရွာကလေးအမည် ကန်သာယာ
      စည်ကားလှပေတာ
      ရွာကလေးကိုအဝေးမှ
      လှမ်းလို့ကြည့်မြင်ရ။

*    ကန်ပေါင်ပေါ်က ထုံးစေတီ
      အဝေးမှဖူးမြင်သည်
      ရပ်ဝေးဆီမှ ခရီးသည်များ
      ကန်ပေါင်ဦးမှာနား။

*    ဘာသာတရား လေးစားသည်
      ဘုန်းကြီးကျောင်းလည်းရှိပါသည်
      တရားနဲ့ညီ ဆုံးမစကား
      ဆရာတော် သူဟောကြား။

*    ရွာမြောက်ဖျားက ရွတ်ဆိုသံ
      ကလေးများစာအံ
      ခေါင်းလောင်းသံနဲ့ ပညာပေး
      ရွာရဲ့ကျောင်းကလေး။

*    ဆက်သွယ်ရေးလည်း မခက်ပါ
      လမ်းများဖြောင့်ဖြူးတာ
      လယ်ယာသီးနှံစိုက်ပျိုးရေး
      ရွာရဲ့အသက်မွေး။

*    ရိုးရာယဉ်ကျေးမှု စံပြုစရာ
      ခြိမ့်ခြိမ့်သဲရှင်ပြုတာ
      ရိုင်းပင်းညီညာ ကူညီပေး
      သာယာလှတဲ့ရွာကလေး။        ။ 


ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၃)

No comments:

Popular Posts