*** ထက်မိုးဗွေ
ငှက်မိုးစွေ ပျံဝဲ။
အနောက်တောင်
ပြိုမယောင် စိုးထိတ်ထိတ်
မိုးရိပ်မှောင်မဲ(မည်း)။
*** ပုလဲငွေလို
ရွှဲစေပို ဆွတ်ဖျန်း
မိုးစေတနာ၏
ဖြိုးလယ်ယာ နွဲ့နွဲ့ယိမ်း
စိမ်းစိမ်းလန်းလန်း။
*** ပုလဲလို ရွှဲစိုမိုး
အဖိုးမဖြတ်နိုင်ပါ။
တို့နိုင်ငံ တို့အကျိုး
စိုက်ပျိုးလယ်ယာ။
*** အမိမြေမှာ...
ပဒေသာ ဆွတ်စား။
စပါး၊ နှမ်း၊ ဝါ၊ ပဲ၊ ငရုတ်တွေနဲ့
အများဝမ်းစာ အမြဲထုတ်နေတဲ့
ကြိုးကုတ်လယ်သမား။
ကျေးဇူးရှင်များ။ ။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၀)
No comments:
Post a Comment