မြန်မာနိုင်ငံမှာ နိုဝင်ဘာလမှ ဖေဖော် ဝါရီလအထိ ဆောင်းရာသီရယ်လို့ သတ် မှတ်ထားပြီး ဇန်နဝါရီ အအေးဆုံးကာလ ကျော်လွန်ဖြတ်သန်းရင်၊ ပျိုမေတို့အလှ အပတွေဖြစ်တဲ့ ဆံပင်ဗောက်ထခြင်း၊ အသားပပ်ခြင်း၊ ဆောင်းတွင်းကာလ ဖနောင့်ကွဲခြင်း၊ အသံဝင်ခြင်းတို့ ကြုံကြ ရပါတယ်။
#ဗောက်ထခြင်း
ဗောက်ထခြင်း (Sebarrhoea Der matitis) ဟာ နှင်းခူအပျော့ (Dan druff) လို့ လူသိများတယ်။ အရေပြားမှိုတစ်မျိုး
ကြောင့် ဖြစ်ရတယ်။
ယင်းနှင်းခူဟာ ဦးရေပြားအဖြစ် အဆီ အိတ်တွေရှိတဲ့
နဖူး၊ မျက်ခုံး၊ နှာခေါင်း ဘေးတစ်ဖက်တစ်ချက်နဲ့ နားအောက် ဘက်မှ ဖြစ်နိုင်သေးတယ်။ နောက်ကျောနဲ့
ရင်ဘတ်အပေါ်ပိုင်းမှာ တွေ့ရတယ်။ ဆံပင် မှအပ ကျန်နေရာတွေဖြစ်ရင် ဝါကျင့်ကျင့်၊ စေးကပ်ကပ်
အကြေးခွံတွေကို သေချာ ကြည့်ရင် တွေ့ရတတ်တယ်။ ဦးခေါင်းမှာ ဗောက်ထရင် ကုတ်လိုက်တာနဲ့
ဗောက် ဖတ်ဖွေးဖွေး မြင်ရတယ်။ ဦးရေအဆီပြန် သူ၊
စိတ်ဖိစီးမှုများသူမှာ ပိုဖြစ်တတ် တယ်။ မျိုးရိုးလိုက်တတ်တယ်။ ဇင့်ဓာတ် လျော့သူတွေမှာ
အတွေ့ရများတယ်။
ဗောက်ထတာကို ကုသနိုင်ပါတယ်။ ပျောက်လိုက်ဖြစ်လိုက်နဲ့
သံသရာလည် တတ်ပါတယ်။ တစ်အိမ်လုံးတစ်ပြိုင်နက် တည်း အားလုံး “ဗောက်သတ်”ဖို့လို တယ်။ ကီတိုကိုနဇော
မှိုသတ်ဆေးပါတဲ့ ခေါင်းလျှော်ရည် သုံးနိုင်တယ်။ ဗောက်ထ စေတဲ့မှိုကို ပိုမိုနှိမ်နင်းနိုင်တယ်။
ခေါင်း လျှော်လို့ အမြှုပ်ထတာနဲ့ ချက်ချင်း ရေမလောင်းချဘဲ အနည်းဆုံး ၃ မိနစ်၊ ၄ မိနစ်လောက်
ခေါင်းနှင့်ရင်ဘတ်နဲ့ မျက်နှာပေါ်က အမြှုပ်တွေနဲ့ လိမ်းကျံပြီး မှ ရေလောင်းချသင့်ပါတယ်။