February 7, 2018

တောဓလေ့

အပျိုစင်ထွေးအလှ
ငယ်သွေးကြွ ယဉ်လှပါ
ဆံထောက်နဲ့သာ။
သနပ်ခါးပိန်းသား လိမ်းပါလို့လေး။
လှလှတယ်လေး။


တို့ရွာမှာ အထွေးက
ချောအလှ ကွမ်းတောင်ကိုင်
တုမယှဉ်နိုင်။
အလှချင်းပြိုင် နိုင်နိုင်ရိုးလား
ထွေးအလှ ဂုဏ်သတင်း
သင်းပျံ့ကျော်ကြား။

 ထွေးအလှ သူ့သက်တမ်း
ရက်ကန်းရက် တတ်ပညာ
ကျွမ်းကျင်လှပါ။
ထွေးအိမ်မှာ လသာညတိုင်း
အပျိုစင်တစ်စုက
စုကြတစ်ဝိုင်း။

မလှ မမြ ချည်ကိုချ
မ၀က ဗိုင်းကိုငင်
ထွေးရက်ဖောက်ပြင်။
လုပ်ငန်းကိုခင် ထုံးစဉ်ကွဲ့ရွာကျေး။
တာဝန်ကျေဘ၀လမ်း
ထမ်းကြတယ်လေး။

စလင်းသန်းတင့်(ငဖဲ)

Popular Posts