February 5, 2018

ခြေဖနောင့်ကွဲအက်ခြင်းအတွက် ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်းကုထုံးလေးများ


ခန္ဓာကိုယ်တွင်း အပူဓာတ်များသူ တွေနဲ့၊ နေပူထဲ လမ်းလျှောက်အထွက် များသူတွေအဖို့ ဆောင်းရာသီရောက်တဲ့ အခါ အပူကန်ထွက်လေ့ရှိကြပြီး ခြေဖနောင့် အရေပြားများ ကွဲအက်လာပါတော့ တယ်။ တချို့သူတွေမှာ ဆိုးဆိုးရွားရွား ကြီးမဟုတ် အမြင်ဆိုးရုံလောက်သာ ကွဲအက်ကြသော်လည်း တချို့ကတော့ ကွဲထွက်နေသော အရေပြားအစအနတွေ ကတစ်ဆင့် အဝတ်အထည်နဲ hပွတ်တိုက်၍ အသားစလန် သွေးထွက်ကာ မေးခိုင်ပိုး အန္တရာယ်ဖြစ်စေလာနိုင်ပါတယ်။
ခြေဖနောင့်ကွဲအက်ခြင်းအတွက် ရေချိုးတဲ့အခါ ဖနောင့်ချင်းချင်း ခပ်ကြမ်း ကြမ်းပွတ်တိုက်၍သော်လည်းကောင်း၊ သမံတလင်း သို့မဟုတ် ရေချိုးခန်းသုံး ကျောက်ခဲတုံးလေးဖြင့် ပွတ်တိုက်၍သော် လည်းကောင်း ဤသို့ပြုပေးခြင်းဖြင့် အရေပြားချောမွေ့သွားစေပါတယ်။ အကယ်၍ ကြီးကြီးမားမား ကွဲအက်သူ များအဖို့ အရေပြားစလေးတွေကို လက် သည်းညှပ်လေးနဲ့ ညှပ်ထုတ်ပေးပြီး အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်း ကုထုံး ရှစ်မျိုးထဲမှ မိမိအတွက် အဆင် ပြေရာကိုသုံး၍ ကုစားနိုင်ပါတယ်-
(၁) သံပရာရည်-ဆား-အလှဆီ-နှင်းဆီ ရည်တို့ဖြင့် ခြေဖနောင့် ပေါင်းတင် နည်း။ Glပခနမငညန (ခေါ်) အလှဆီ နဲ့ Rသျန တအေနမ (ခေါ်) နှင်းဆီရည် တို့ကို (အလှကုန်ပစ္စည်းဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်) ညအိပ်ရာ မဝင်ခင် ဇလုံကြီးကြီး တစ်ခုထဲမှာ ခြေမျက်စိမြုပ်တဲ့အထိ ရေခပ်နွေးနွေးလောင်းထည့်ပြီး ဆား ကြမ်း၊ သံပရာရည်၊ Glပခနမငညန နဲ့ Rသျန တအေနမ တို့ သင့်ရုံရောထည့် ၍ မိနစ် ၂၀လောက် ခြေထောက် နှစ်ချောင်းစလုံး နှစ်စိမ်ထားပါ။ ပြီးရင် ခြေထောက်တိုက်တဲ့ ကျောက် တုံးလေးနဲ့ ခြေဖနောင့်တွေကို ခပ် ကြမ်းကြမ်းပွတ်တိုက်ပေးပါ။ ထို့ နောက် Glပခနမငညန စားပွဲတင်ဇွန်း တစ်ဇွန်း၊ Rသျန တအေနမ စားပွဲတင် ဇွန်း တစ်ဇွန်း၊ သံပရာရည် စားပွဲ တင်ဇွန်းတစ်ဇွန်း တို့ရောပြီး ဖနောင့် ကို လိမ်းအိပ်ပေးပါ။ (ကပ်စေးစေး ဖြစ်စေတာကြောင့် ခြေဖနောင့်ကို အဝတ်စသန့်သန့်ဖြင့် ထုပ်၍သော် လည်းကောင်း၊ ခြေအိတ်စွပ်၍သော် လည်းကောင်း အိပ်ရာဝင်ပါ) နံနက် မိုးလင်းတဲ့အခါ ရေနွေးနွေးလေးနဲ့ ပြန်ဆေးလိုက်ပါ။ ဤနည်းအတိုင်း ရက်သတ္တပတ်လောက် ခြေဖနောင့် အရေပြား ချောမွေ့လာတဲ့အထိ ဆက်လုပ်ပေးပါ။


(၂) ငှက်ပျောသီး-ထောပတ်သီးတို့ဖြင့် ပေါင်းတင်နည်း။ ငှက်ပျောသီးမှည့် တစ်လုံးကို အခွံနွှာပြီး ထောပတ် သီးမှည့်တဝက်နှင့် ကြိတ်စက်ထဲ ရောထည့်ကြိတ်မွှေပါ။ ပြီးနောက် ရလာတဲ့အနှစ်ပျစ်ပျစ်တွေဖြင့် ခြေ ဖနောင့်ကို ပွတ်လိမ်းပေးပါ။ (ထော ပတ်သီးအစား အုန်းသီးစိမ်း (တစ် ဝက်)ကို သုံးနိုင်ပါတယ်။ ထောပတ် သီးနဲ့ အုန်းသီးစိမ်းတို့ထဲမှာ အရေ ပြား ကွဲအက်ခြောက်သွေ့ခြင်း အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာ မင်နဲ့ အဆီဓာတ်တွေအမြောက် အများပါရှိလို့ အရေပြားအစိုဓာတ် ထိန်းပေးကာ၊ နူးညံ့ချောမွေ့လာ စေပါတယ်) အကယ်၍ ထောပတ် သီးဝယ်ဖို့ အဆင်မပြေပါက ငှက် ပျောသီးတစ်မျိုးတည်းဖြင့် ပေါင်းတင် လို့ရပါတယ်။ ငှက်ပျောသီး မှည့်မှည့် ကို အခွံနွှာ၍ အထဲက အနှစ်တွေ ဖြင့် ခြေဖနောင့်ကို ပွတ်လိမ်းပေး ပြီးနောက် ၁၀ မိနစ်အကြာမှာ ရေအေးဖြင့် ဆေးကြောပေးလိုက်ပါ။
(၃) ဆန်မှုန့်-ပျားရည်-ရှာလကာရည် တို့ဖြင့်ပေါင်းတင်နည်း။ ဆန်မှုန့် စားပွဲတင်ဇွန်း နှစ်ဇွန်းမောက်မောက် ကို ပျားရည်စားပွဲတင်ဇွန်း သုံးဇွန်း၊ ရှာလကာရည်စားပွဲတင်ဇွန်း သုံး ဇွန်းတို့နဲ့ ရောမွှေပါ (သံလွင်ဆီ ရနိုင်ပါက စားပွဲတင်ဇွန်း တစ်ဇွန်း ရောထည့်ပေးပါ) ရေနွေးနွေးလေး ထဲမှာ ၁၀ မိနစ်လောက် ခြေထောက် စိမ်ထားပြီးနောက် စောစောက ရော နှောထားတဲ့ ဆန်မှုန့်အနှစ်များနဲ့ ခြေဖနောင့်ကိုပွတ်လိမ်းပေးပါ။ (ဤနည်းက အရေပြားဆဲလ် အသေ များကိုဖယ်ရှားပေးပါတယ်)
(၄) ဟင်းရွက်ဆီ။ ညအိပ်ရာမဝင်ခင် ဦးစွာခြေဖနောင့်ကို ဆပ်ပြာနဲ hသန့် စင်အောင်ဆေး၊ ရေခြောက်အောင် သုတ်ပြီးတော့ ဟင်းရွက်ဆီဖြင့်အထဲ ထိစိမ့်ဝင်အောင် စိတ်ရှည်ရှည်ဖြင့် ဖိလိမ်းပေးပါ။ (ခြေဖနောင့်ကို အဝတ်စသန့်သန့်ဖြင့်ထုပ်၍သော် လည်းကောင်း၊ ခြေအိတ်စွပ်၍ သော်လည်းကောင်း အိပ်ယာဝင်ပါ) မနက်မိုးလင်းတဲ့အခါ ပုံမှန်ရေချိုး ပေးလိုက်ရုံပါပဲ။ ဤနည်းအတိုင်း ရက်သတ္တပတ်လောက် ခြေဖနောင့် အရေပြားချောမွေ့လာတဲ့အထိ ဆက် လုပ်ပေးပါ။
(အရေပြားခြောက်သွေ hခြင်းကြောင့် ကွဲအက်လာတဲ့ခြေဖနောင့်တွေကို ဟင်းရွက်ဆီက ကောင်းစွာကုသ ပေးနိုင်ပါတယ်)
(၅) ပျားရည်။(ပျားရည်က အစိုဓာတ် ထိန်းပေးတဲ့အပြင်၊ ပိုးသေစေတဲ့ အစွမ်းသတ္တိရှိလို hခြေဖနောင့်ကွဲအက် ခြင်းအတွက် အသုံးတည့်လှပါတယ်) ရေပုံးထဲ ရေခပ်နွေးနွေး ထက်ဝက် ခန့်ထည့်ပြီး၊ ပျားရည်ကို လက်ဖက် ရည်ခွက် တစ်ခွက်စာ ပမာဏခန့် ထည့်ရောပေးပါ။ ထိုအရောအနှော ထဲကို ခြေထောက်နှစ်၍ မိနစ် ၂၀ လောက်စိမ်ထားပါ။ ပြီးရင် ရေချိုး ခန်းသုံးကျောက်တုံးနဲ့ ခြေဖနောင့် ချောသွားအောင် ပွတ်တိုက်ပေးပါ။
(၆) သံလွင်ဆီ။ ဒီနည်းက နေ့ဘက်မှာ လည်း လိမ်းပေးလို့ရပါတယ်။ ဝါဂွမ်းလုံးလေးပေါ် သံလွင်ဆ်ီဆွတ် လိမ်းပေးပြီးနောက်၊ အသားထဲစိမ့် ဝင်အောင် ခြေဖနောင့်ပေါ်ကို ထိုဝါ ဂွမ်းလေးနဲ hစက်ဝိုင်းပုံသဏ္ဌာန် ၁၅ မိနစ်ခန့် လိမ်းပေးပါ။ နောက် တစ် နာရီခန့် အကြာမှာတော့ သုံးနေကျ ဆပ်ပြာဖြင့် ရေဆေးလိုက်ရုံပါပဲ။ (နောက်တစ်နည်း) ပုလင်းသန့်သန့် တစ်လုံးထဲမှာ သံလွင်ဆီ လက်ဖက် ရည်ဇွန်း တစ်ဇွန်းကို သံပရာရည် အနည်းငယ်ညှစ်ထည့်ပြီး၊ ရေအေး အေးလက်ဖက်ရည်ဇွန်း နှစ်ဇွန်း ထည့်၍ ပုလင်းပြန်ဖုံးကာ နာနာခ လောက်ပါ။ ရလာတဲ့ ထိုကရင်မ်ကို ခြေဖနောင့်ပေါ် နေ့ရော၊ ညပါ လိမ်းပေးနိုင်ပါတယ်။
(၇) နှမ်းဆီ။ (နှမ်းဆီဟာ ခြေဖနောင့်ကွဲ အက်ခြင်းအတွက် အကောင်းဆုံး ဆေးရည်ဖြစ်တယ်လို့ ရှေးမြန်မာ လူကြီးများက ဆိုထားကြပါတယ်) နှမ်းဆီနဲ hကွဲအက်နေတဲ့ခြေဖနောင့် ကို ညအိပ်ယာမဝင်ခင် လူးနယ်နှိပ် ပေးရုံပါပဲ။
(၈) ကွမ်းရွက်စိမ်းနှင့် ဆားကြမ်း။(ဒီနည်းကလည်း ခြေဖနောင့် ကွဲ အက်ခြင်းအတွက် မိရိုးဖလာကုသ နည်းလေးပါပဲ) နေ့စဉ်ရေမချိုးမီ သို့မဟုတ် ညအိပ်ရာမဝင်မီ ဒူးခေါင်း မှခြေဖဝါးအထိ စင်ကြယ်စွာ ရေ ဆေးပြီး ကွမ်းရွက်စိမ်းရင့်ရင့်ကို လက်ဖြင့်ချေ၍ ဆားကြမ်းတို့ကာ ခြေဖဝါးကို ပွတ်တိုက်ပေးခြင်းဖြင့် သက်သာပျောက်ကင်းသွားပါလိမ့် မယ်။

ပေါက်ပေါက်
အတွဲ(၁၅)၊ အမှတ်(၃)

Popular Posts