February 6, 2018

ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုနှင့် ဆင်းရဲနွမ်းပါးမှု မြင့်တက်လာခြင်း

ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုကြောင့် ဖြစ်ပေါ်လာသည့် သဘာဝအန္တရာယ်များဖြစ်သည့် မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းများကျရောက်ခြင်းတို့မှာ မကြာခဏ အင်အားပြင်းထန်စွာ ဖြစ်နေသကဲ့သို့ ကမ္ဘာ့အပူချိန်မြင့်မားလာမှု၏ နောက်ဆက်တွဲဆိုးကျိုးများဖြစ်သော ရေခဲမြစ်များနှင့် ရေခဲပြင်များ အရည်ပျော်လာခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ ရာသီဥတုဇုန်များ ပြောင်းလဲလာခြင်း၊ မိုးရွာသွန်းမှုပုံစံနှင့် မိုးရွာသွန်းသည့်ပြင်းအား ပြောင်းလဲလာမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။
ရာသီဥတုပြောင်းလဲလာမှုဒဏ်အား ကမ္ဘာပေါ်ရှိ ဆင်းရဲသော နိုင်ငံအများစုမှ အများဆုံးခံစားရသည်ဖြစ်ပါသည်။ ကမ္ဘာ ပေါ်ရှိ ဆင်းရဲသောနိုင်ငံများတွင် နေထိုင်သူ များအနေဖြင့် ၎င်းတို့၏ လူနေမှုဘ၀အား သဘာဝသယံဇာတအရင်းအမြစ်များအပေါ် အများဆုံး မှီခိုအားထားရသည့်အတွက် လည်းကောင်း၊ ဖြစ်ပေါ်နေသည့် ရာသီ ဥတုပြောင်းလဲမှုများအပေါ် ခုခံကာကွယ် ရန် လိုအပ်သည့် စွမ်းဆောင်ရည်များနှင့် ပတ်သက်၍ ကန့်သတ်မှုများရှိနေသည့် အတွက် ယခုကဲ့သို့ ခံစားရခြင်းဖြစ်ပါ သည်။
ရာသီဥတုပြောင်းလဲမှု၏ အဓိကဖြစ် စဉ်တစ်ခုဖြစ်သည့် ဖန်လုံအိမ်အာနိသင် ဖြစ်ပေါ်မှုများလေလေ ကမ္ဘာပေါ်ရှိ လူသား တို့၏ လူနေမှုဘ၀များနှင့် သက်ရှိသတ္တဝါ များ၏ ဖြစ်စဉ်များအား ပြန်လည်ပြုပြင် ၍ မရနိုင်တော့သည့် ဝမ်းနည်းဖွယ်ရာ ပြောင်းလဲမှုများအား ပိုမို ဖြစ်ပေါ်စေမည် ဖြစ်ပါသည်။


ရာသီဥတုပြောင်းလဲလာမှု၏ နောက် ဆက်တွဲဖြစ်စဉ်များအနေဖြင့် ရေချိုအရင်း အမြစ်များ လျော့နည်းလာမှုကြောင့် ရေချို များ သောက်သုံးရမှု လျော့နည်းလာ၍ လူသားတို့၏ ကျန်းမာရေးကို ထိခိုက် လာခြင်း၊ ဆင်းရဲသူအများဆုံးနေထိုင်သည့် အာရှ၊ အာဖရိကနှင့် လက်တင်အမေရိက နိုင်ငံများတွင် မိုးခေါင်မှုများဖြစ်ပေါ်မှု ကြောင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုများ လျော့နည်းလာ၍ စားနပ်ရိက္ခာပြည့်စုံလုံ လောက်မှုအား ခြိမ်းခြောက်ခံနေရခြင်း၊ ပင်လယ်ကမ်းခြေဒေသများတွင် ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် ကမ်းခြေဒေသများရှိ မြေများ ပျောက်ကွယ် လာခြင်းတို့ ဖြစ်ပေါ်လျက်ရှိပါသည်။ မကြာသေးမီနှစ်များအတွင်း ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် သေဆုံးသည့်လူဦးရေအား ကြည့်ပါက သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးသည့်ရာခိုင်နှုန်းမှာ ၉၆ ရာခိုင်နှုန်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။
တစ်ဖက်မှလည်း ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုနှင့်ပတ်သက်၍ တွေ့ရှိရ ချက်များအနေဖြင့် ၂၀ ရာစုနှစ်အတွင်း တွင် ကမ္ဘာပေါ်ရှိ မိုးရွာသွန်းမှုနှုန်းနှင့် မိုးရွာသွန်းသည့်ကာလများ ပုံမှန်မဟုတ် သည်ကို တွေ့ရှိရခြင်း၊ ကမ္ဘာ့အပူချိန် မြင့်တက်လာမှုအား ကြည့်ပါက ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်းတွင် ကမ္ဘာ့အပူချိန်မြင့်တက်လာနိုင်မှုအား ၁ ဒသမ ၄ ဒီဂရီစင်တီဂရိတ်မှ ၅ ဒသမ ၈ ဒီဂရီစင်တီဂရိတ်အထိ ခန့်မှန်းထား ကြောင်း တွေ့ရှိရပါသည်။ ကမ္ဘာ့ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာမှုသည်လည်း လာမည့် ၂၁ ရာစုနှစ်အကုန်တွင် ၇ ဒသမ ၁ လက်မမှ ၂၃ ဒသမ ၂ လက်မ အထိ မြင့်တက်လာနိုင်မည်ဟု ခန့်မှန်း ထားပါသည်။
ရာသီဥတုပြောင်းလဲလာမှုကြောင့် ကမ္ဘာပေါ်တွင် ပူနွေးသည့်ရက်များ ကြာ ရှည်လာပြီး ပူနွေးမှုကြောင့် ကမ္ဘာပေါ်ရှိ သက်ရှိ၊ သက်မဲ့တို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် ဇီဝဖြစ်စဉ်ပိုင်းဆိုင်ရာများအား ပြောင်းလဲ စေခဲ့ပါသည်။ ယင်းတို့ထဲတွင် သစ်ပင် ပန်းပင်တို့ အချိန်ကာလစောစီးစွာ ပန်းပွင့် ပွင့်ကြခြင်း၊ အင်းဆက်ပိုးမွှားများ၏ ပေါက်ပွားမှုများ များပြားလာစေခြင်း ကြောင့် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ် ကွေးရောဂါများ ပိုမိုဖြစ်ထွန်းလာခြင်း၊ သစ်ပင်ပန်းပင်များ ပေါက်ရောက်သည့် နေရာဒေသများ ပြောင်းလဲသွားခြင်းနှင့် တိရစ္ဆာန်တို့၏ ရာသီဥတုပြောင်းလဲမှုအပေါ် ပြောင်းလဲသည့် တုံ့ပြန်မှုများပေါ်ပေါက် လာခြင်းတို့အား တွေ့ရှိရပါသည်။
ကမ္ဘာ့ထောင်စုနှစ် ရည်မှန်းချက်များ ကြေညာစာတမ်းတွင် ကမ္ဘာပေါ်ရှိ ဆင်းရဲ သည့်နိုင်ငံပေါင်း ၁၈၉ နိုင်ငံမှ ၎င်းတို့၏ အလွန်အမင်းဆင်းရဲမှုအား ၂၀၁၅ ခုနှစ် အတွင်း ထက်ဝက်ခန့် လျော့ကျရန် ရည် မှန်းထားသည်။ ယခုအခါ ကမ္ဘာပေါ်ရှိ လူဦးရေအားလုံးအနက် သန်း ၁၀၀၀ မှာ အလွန်အမင်း ဆင်းရဲလျက်ရှိသည့်အပြင် တစ်နေ့လျှင် အမေရိကန်ဒေါ်လာ တစ် ဒေါ်လာအောက်ဝင်ငွေဖြင့် ရပ်တည်လျက် ရှိကြပြီး ယင်းတို့အထဲမှ သုံးပုံနှစ်ပုံမှာ အမျိုးသမီးများဖြစ်နေသည်ကို တွေ့ရှိ ရပါသည်။ ယင်းဆင်းရဲမှုများအား လျှော့ချ ခြင်းမပြုနိုင်ပါက ဤရာစုနှစ်အကုန်တွင် ဆင်းရဲသူသန်းထောင်ပေါင်း ၂ ဒသမ ၈ သန်းအထိ မြင့်တက်လာနိုင်မည်ဖြစ်ပါ သည်။
ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို လျှော့ချနိုင်ရန်မှာလည်း ကမ္ဘာ့လေထု အတွင်း ဓာတ်ငွေ့များ ပါဝင်မှုပမာဏကို လျှော့ချသွားနိုင်မှသာလျှင် ဖန်လုံအိမ် အာနိသင်အား လျှော့ချနိုင်မည်ဖြစ်ပါသည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ် ပေါ်လာသည့် ဆင်းရဲနွမ်းပါးမှုအား လျှော့ချနိုင်မည့် နည်းလမ်းများမှာ လူသား အရင်းအမြစ်များနှင့် သဘာဝသယံဇာတ အရင်းအမြစ်များအပေါ် စီမံခန့်ခွဲမှုများ၊ လူမှုအဆောက်အအုံများ၊ ပြည်သူ့ရန်ပုံငွေ တည်ထောင်မှုလုပ်ငန်းမျာအား ဖွံ့ဖြိုးတိုး တက်စေရေး ဆောင်ရွက်ရန်၊ တာဝန်ခံ နိုင်၍ ပွင့်လင်းမြင်သာမှုရှိပြီး ကိုယ်ပိုင် ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည့် ဖျတ် လတ်သွက်လက်သည့် လူမှုအဖွဲ့အစည်း များ တည်ထောင်ရန်၊ ဒေသအလိုက် ဗဟုသုတကြွယ်ဝသည့် အခြေခံအဖွဲ့ အစည်းများနှင့် ဦးဆောင်ဦးရွက်ပြုသည့် အဖွဲ့အစည်းတို့က တူညီသည့် ရည်မှန်း ချက်အတွက် ပူးပေါင်းဆောင်ရွက်သွား ရန်တို့ ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ တစ်စတစ်စ ပြောင်းလဲ လာသော ရာသီဥတုပြောင်းလဲမှု၏ အကျိုး ဆက်ဖြစ်သည့် ဆင်းရဲနွမ်းပါးမှုအား တား ဆီးထိန်းချုပ်ရန်အတွက် ကမ္ဘာ့အဖွဲ့အစည်း အသီးသီး၏ လိုက်နာကျင့်သုံးရန် ချမှတ် ထားသည့် အလေ့အကျင့်များအား သိရှိ နိုင်ပါရန် စုစည်းရေးသားတင်ပြလိုက်ရ ပါသည်။
နေဝင်းလွင်(မွေး/ကု)
အတွဲ(၁၅)၊ အမှတ်(၃)

Popular Posts