February 7, 2018

ငရုတ်သီးစားသုံးခြင်း၏အကျိုး

"သဗ္ဗေသတ္တာ အာဟာရဋ္ဌိတိကာ'' "သဗ္ဗေ- အလုံးစုံသော၊ သတ္တာ-သတ္တဝါ အပေါင်းတို့သည် အာဟာရဋ္ဌိတိကာ အာဟာရသာလျှင် ဆောက်တည်ရာရှိကုန် ၏}ဟု မြန်မာဆိုရိုးစကားရှိသည်။ အစာ အာဟာရအား မျှတစွာ စားသုံးမှသာလျှင် ကျန်းမာပါမည်။ အစာအာဟာရမျိုးစုံ အား သတ္တဝါတို့ စားသုံးကြရာ ရသ ခြောက်မျိုးကို ရရှိကြသည်။ အထူးသဖြင့် တိရစ္ဆာန်များထက် လူတို့သည် ပြုပြင် ဖန်တီးနိုင်စွမ်းရှိကြသည့်အလျောက် ရသ ခြောက်မျိုးလုံးကို ပိုမိုရရှိကြသည်။ ဤ ရသခြောက်မျိုးကား ချိုစိမ့်ရသ၊ အချဉ် ရသ၊ အငန်ရသ၊ အစပ်ရသ၊ အခါးရသ နှင့် အဖန်ရသတို့ဖြစ်ကြသည်။ နေ့စဉ် လူတို့စားသုံးနေကြသော ထမင်းပွဲများ တွင် ရသခြောက်မျိုးလုံးပါဝင်ချင်မှ ပါဝင် ပေမည်။ သို့သော် ကုသိုလ်ကောင်းမှု ပြုလုပ်သော ပွဲလမ်းများတွင်မူ ရသစုံလင် စွာ ပါရှိစေရန် အထူးစီမံပြုပြင်ကျွေးမွေး ကြသဖြင့် ရသစုံပါဝင်သည်ကများသည်။
ယခုဆောင်းပါးတွင် တေဇောဓာတ် ကိုပေးသော အစပ်ရသ၏ အကျိုးအား အထူးပြုဖော်ပြပါမည်။ အစပ်ရသအား ငရုတ်ကောင်းနှင့် ငရုတ်သီးတို့မှ ရရှိပါ သည်။ ချင်းနှင့် ပိတ်ချင်းတို့သည် အစပ် သက်သက်မဟုတ်။ တေဇောဓာတ် အစပ် ရသအား အပြည့်အဝမပေးပေ။
ငရုတ်သီးနှင့်ပတ်သက်၍ စာရေးသူ တွင် အတွေ့အကြုံများစွာရှိသည်။ မြင်းခြံ ဇာတိဖြစ်၍ ငယ်စဉ်ကပင် ငရုတ်သီး အကြီးအကျယ် ရောင်းဝယ်ကြသည်ကို လည်း တွေ့မြင်ခဲ့ဖူးသည်။ တပ်မတော် သားဘ၀ ရခိုင်ပြည်နယ်ရောက်သောအခါ တွင်လည်း ဒေသခံများ ငရုတ်သီးလှိုင်လှိုင် စားသည်ကို တွေ့ရပြန်သည်။ ကချင် ပြည်နယ်ဘက် တောရွာများရောက်သော အခါ တောင်ယာများတွင် ငရုတ်ပင်ထည့် စိုက်ပြီး စားကြသည်ကို မြင်ရပြန်သည်။


စာရေးသူ၏ဒေါ်ကြီးဆိုလျှင် ငရုတ်သီး ထောင်းကို ဆီဆမ်းသည်ကိုပင် မကြိုက်၊ ဆီဆမ်းလျှင် အစပ်ပေါ့သွား၏။ ထိုဒေါ် ကြီးသည် အသက် ၈၀ ကျော်အထိ နေ သွားရသည်။ သွေးတိုး၊ နှလုံး၊ ကင်ဆာ နှင့် ဆီးချိုကဲ့သို့သော ရောဂါကြီးများ မခံစားရ။
အလျဉ်းသင့်၍ ငရုတ်သီးစားချင်စိတ် ဖြစ်ပေါ်လာစေရန် အညာငရုတ်သီး ထောင်းပုံ-ငရုတ်ပွ လေးတောင့်ကို ငရုတ် ဆုံဖြင့်ထောင်းပါ။ (အစပ်ကဲသော မိုး မျှော်ငရုတ်နှင့် ငရုတ်တောင့်ရှည် မဟုတ် ပါ) စားမည့်သူများလျှင် ခြောက်တောင့် မျှထောင်းပါ။ ငရုတ်သီးတစ်ဝက် ညက် လောက်တွင် ဆားသင့်တော်ရုံထည့်ပြီး လေးစိတ်ကွဲသွားသည်ထိ ထောင်းပါ။ ထို့နောက် ပန်းကန်ထဲထည့်ပြီး မြေပဲဆီ မွှေးမွှေးဆမ်းပါ။ ထိုအခါ ထမင်းပွဲတွင် စားကောင်းသောဟင်းတစ်မည်ဖြစ်ပါပြီ။ ဝမ်းသက်ကောင်းစေပါသည်။ ငရုတ်ပွကို ထောင်းရန်လိုပါသည်။
ရခိုင်သူများကမူ ငရုတ်ဆုံဖြင့်မထောင်း ပါ။ စလောင်းဖုံးထဲ ငရုတ်သီးထည့်ပြီး ကျည်ပွေ့ဖြင့်ကြိတ်သည်။ အတန်ငယ် ညက်သောအခါ ဆားသင့်လျော်ရုံထည့် ပြီး အစေးပေါက်သည်ထိ ဆက်ကြိတ် သည်။ သူ့အရပ်နှင့် သူ့ဇာတ်သဘော လုပ်ကိုင်ပုံကလည်း စားကောင်းပါသည်။ ရခိုင်ငရုတ်ကြိတ်ကလည်း နာမည်ကြီး ဟင်းတစ်ခွက်ဖြစ်ကြောင်း စားဖူးသူတိုင်း သိကြသည်။ ငရုတ်ကောင်းကိုမူ ဟင်းချိုချက်ရာ တွင်ထည့်လျှင် ပူသောအရသာရရှိပါသည်။
#အစပ်အရသာ၏အကျိုးအပြစ်
အစပ်သည် ပူ၏။ တက်၏။ လေ၊ သည်းခြေကို ပျက်စေတတ်၏။ သလိပ် ကိုနိုင်၏။ ကြေလွယ်၏။ ဝမ်းမီးတောက် ၏။ ပိုးနာ၊ ယားနာ၊ အဆိပ်သင့်သော အနာကိုနိုင်၏။ အဆီမရှိ၊ နို့ကို ခန်းခြောက် စေတတ်၏။ အဆီခဲနာကိုနိုင်၏။ ပိန်စေ တတ်၏။ မျက်ရည်၊ နှာရည်၊ လျှာရည်တို့ ကို ထွက်စေတတ်၏။ ဝမ်းချုပ်၏။ ကျင်ကြီးကျင်ငယ် စသော ဝမ်းတွင်း အရည်တို့ကို ခြောက်စေတတ်၏။ သွေး၊ လေတို့ သွားလမ်းကို ပွင့်စေတတ်၏။ ဉာဏ်ကိုပွင့်စေတတ်၏။ အစပ်ကို များစွာ စားလျှင် စိတ်၊ မျက်လုံးချာချာလည် မူးခြင်း၊ ပူလောင်ခြင်း၊ ခံတွင်းအာစောက် ခြောက်ခြင်း၊ လည်ချောင်းနာခြင်း၊ နှုတ် ခမ်းကွဲခြင်း၊ အားခွန်ယုတ်ခြင်းတို့ဖြစ် တတ်ကုန်၏}}ဟူ ယောမြို့စားအတွင်းဝန် ဦးဘိုးလှိုင်ပြုစုသည့် ဥတုဘောဇန သင်္ဂဟ ကျမ်းတွင် ဖော်ပြပါရှိပါသည်။ ထို့ကြောင့် အစပ်ရသအား စားသုံးရာတွင် အကျိုး အပြစ်ကို ချင့်ချိန်ပြီး စားသုံးအပ်ပေသည်။ တန်ဆေးလွန်ဘေးဟူသော စကားကို နှလုံးပိုက်ထားရပါမည်။
#အမေရိကန်သုတေသီတို့တွေ့ရှိချက်
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် နေ့ထုတ် ရတနာပုံသတင်းစာပါ ]]ငရုတ်ပွ စားသုံးခြင်းနှင့် လူသေဆုံးမှုကျဆင်းခြင်း ဆက်စပ်နေ}}ဖြစ်သည်။ သတင်းအသေး စိတ်မှာ -
အမေရိကန်ပြည်ထောင်စု ဗားမောင့် ပြည်နယ် လာနာဆေးတက္ကသိုလ်မှ သုတေသီများက ထုတ်ပြန်သော ကြေငြာ ချက်ဖြစ်ပေသည်။ သုတေသီများသည် တရုတ်နိုင်ငံတွင်လည်း လေ့လာမှုပြုခဲ့ သည်။ အမေရိကန်ပြည်ထောင်စုတွင် လည်း လူပေါင်း ၁၆၀၀၀ အား နှစ်ပေါင်း ၂၃ နှစ်ကြာ သုတေသနပြုလုပ်ခဲ့သည်။ သုတေသနပြုလုပ်၍ တွေ့ရှိချက်အား ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည်။ သူတို့၏ထုတ်ပြန် ချက်တွင်-
(၁) ငရုတ်သီးပုံမှန်စားသုံးသူများတွင် နှလုံးခုန် ရုတ်တရက် ရပ်တန့်နိုင်ခြေ နည်းပါးခြင်း၊ လေဖြတ်နိုင်ခြေ နည်းပါးခြင်း၊
(၂) ငရုတ်သီးစပ်စပ် စားသုံးသူများနှင့် ငရုတ်သီးကို တတ်နိုင်သမျှ ရှောင်သူ များကြားတွင် ထူးခြားချက်အား ရှာဖွေရာ ငရုတ်သီးစပ်စပ်စားသုံးသူ များတွင် အသက်သေဆုံးနိုင်ခြေ ၁၃ ရာခိုင်နှုန်း လျော့နည်းခြင်း၊
(၃) ငရုတ်သီးစပ်စပ် စားသုံးသူတွေသည် ငရုတ်သီးမစားသုံးသူတွေထက် နှလုံး ကျန်းမာရေး ပိုကောင်းခြင်း၊ လေ ဖြတ်နိုင်ခြေနည်းခြင်းနှင့် အခြားသော ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိ ခြင်း၊
(၄) ငရုတ်သီးပွတောင့်များကို ပုံမှန် စားသုံး ခြင်းဖြင့် အဝလွန်ခြင်းကို ကာကွယ် နိုင်ခြင်း၊ သွေးကြောပိတ်ဆို့မှု မဖြစ် အောင် ကာကွယ်ပေးခြင်းနှင့် မိုက် ခရိုဗက်တီးရီးယားများကို ရှင်းလင်း သုတ်သင်ပေးနိုင်သော အစွမ်းကို မြှင့် တင်ပေးခြင်း တို့အား တွေ့ရှိရသည် ဟု ဖြစ်ပေသည်။
မြန်မာဆေးကျမ်းမှ အစပ်ရသ၏ အကျိုးအပြစ်များနှင့် အမေရိကန်ပြည် ထောင်စုမှ သုတေသီများ၏ ငရုတ်သီး အပေါ် လေ့လာဖော်ထုတ်ချက်များအရ အစပ်ရသသည် လူတို့၏ကျန်းမာမှု အသက်ရှည်မှုအား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေကြောင်း တွေ့ရပေ သည်။
သို့ဖြစ်၍ ငရုတ်သီးအား မကြိုက်၍ဟု လုံးဝမစားသုံးဘဲမနေပါနှင့်။ ကျန်းမာ ရေးအတွက် ဆေးတစ်ခွက်ဖြစ်သော အစပ်ရသကိုပေးသည့် ငရုတ်သီးအား အာဟာရမျှတစေရန် စားသုံးကြပါကုန် ဟု တိုက်တွန်းအပ်ပေသည်။
မြင်းခြံကျော်အောင်
အတွဲ (၁၅)၊ အမှတ် (၃)

Popular Posts