တနင်္ဂနွေ
အောင်မြင်မှုအလီလီ
ရရှိမည့်ကာလ။ ကြီးပွားတိုး တက်စေမည့် သော့ချက်ကို တွေ့ရှိမည်။ အိမ်၊ ခြံ၊ မြေကိစ္စ အဆင်ပြေမည်။
ပညာရေး အတွက် ဆရာကောင်းတွေ့ ဆုံမည်။ ယာဉ်၊
စက်ပစ္စည်း အတွက် ငြင်းခုံမှုများရှိသော် လည်း ဝင်ငွေကောင်းများရ မည်။ ကျန်းမာရေးသင့်၏။
အချစ်ရေးမှာ ချစ်သူနှင့် ရန် ဖြစ်လိုက်၊ ပြန်ချစ်လိုက် ဖြစ် နေလိမ့်မည်။
ယတြာ။ သံဃာတော်များအား
ဆွမ်းလောင်းလှူပါ။
တနင်္လာ
ကံတရားက သင့်
ဘက်မှာ ရပ်တည်နေမည့် ကာလ။ အနယ်နယ်အရပ်ရပ် ကို ခြေဆန့်ခွင့်ရမည်။ ခရီး ကံအထူးကောင်းနေမည်။
တိုး ချဲ့ခြင်း၊ ပြောင်းရွှေ့ခြင်း၊ မွမ်းမံ ပြင်ဆင်ခြင်းတို့ ပြုရလိမ့်မည်။ ကျန်းမာစေရန်အတွက်
ကိုယ် လက်လှုပ်ရှားလေ့ကျင့်ခန်းကို မှန်မှန်ပြုလုပ်ပါ။ အချစ်ရေး က ချစ်သူက သင့်အနားမှာ
ယောက်မခါးထိုးကာ ရှာမနေ သင့်ပေ။
ယတြာ။ တရားဘာဝနာပွား
များပြီး သီလစောင့်တည်ပါ။
အင်္ဂါ
သတိကို ပဲ့ကိုင်သင့်
သောကာလ။ စာချုပ်ချုပ်ဆို မှု၊ လက်မှတ်ရေးထိုးမှုများ ပြု လုပ်ရလိမ့်မည်။ မဖိတ်ခေါ် ထားသော
အခက်အခဲ တစ်စုံ တစ်ရာများရှိတတ်၏။ အရာရာ ကို အကင်းပါးရန် အထူးလို အပ်သည်။ အချစ်ရေးမှာ
ကိုယ့် ချစ်သူအပြင် အခြားတစ်ယောက် ကိုပါ ရှာချင်နေလိမ့်မည်။ ကျန်း မာရေးအတွက် နားချိန်မှာနား၊
စားချိန်မှာစားပါ။ မိမိကိုယ်မိမိ ဂရုစိုက်ပါ။
ယတြာ။ ဒိဝါတပတိဂါထာ
ရွတ်ပါ။
ဗုဒ္ဓဟူး
သတင်းကောင်းများ
ကြားခွင့်ရရှိမည့်ကာလ။ စိတ် အာရုံကြည်လင်လန်းဆန်းနေ တတ်၏။ မထင်မှတ်ထား သော၊ မမျှော့်လင့်ထားသော
ဘ၀အလှည့်အပြောင်းများ ကြုံတွေ့ရတတ်သည်။ အရာရာ က သင့်အတွက် ကောင်းဖို့ ဖြစ်လာပါလိမ့်မည်။
ကျန်းမာ ရေးကောင်းစေရန်အတွက် အစာစားပြီးတိုင်း ပလုတ်ကျင်း ပေးပါ။ အချစ်ရေးမှာ ရင်ခုန်
သံများ ဆူညံရတတ်သည်။
ယတြာ။ စနေထောင့်မှာ
ပန်း များများလှူပါ။
ကြာသပတေး
မင်္ဂလာအပေါင်း
ခညောင်းမည့်ကာလ။ စိတ်ကူး ယဉ်မှုများ လက်တွေ့အကောင် အထည်ဖော်ခွင့်ရမည်။ ခေတ်မီ နည်းပညာရပ်များကို
လေ့လာ ခွင့်ရမည်။ ရပ်ဝေးခရီး၊ ပြည်ပ ခရီး အဆင်ပြေပြေအကျိုးရှိ မည်။ အရောင်းအဝယ်ကိစ္စ
ရပ်မှ အကျိုးအမြတ်ကောင်း များ ရရှိမည်။ ကျန်းမာရေး အတွက် ရေ၀၀သောက်ပါ။ အချစ်ရေးမှာ
ချစ်ခွန်းဖွဲ့တေး ကဗျာကို သီဆိုဖွဲ့သီခွင့်ရမည်။
ယတြာ။ မွေးနံထောင့်မှာ
ရေသပ္ပါယ်ပါ။
သောကြာ
ကိုယ်စိတ်နှစ်လုံး
သုံးပါစလုံးကျန်းမာ၊ ချမ်းသာ မည့်ကာလ။ စီမံခန့်ခွဲမှုကျွမ်း ကျင်ပိုင်နိုင်နေမည်။ ငွေကြေး
သုံးစွဲရာတွင် စေ့စပ်သေချာ နေမည်။ မိသားစုသာယာ ချမ်းမြေ့မှုများကြုံတွေ့မည်။ ကြာသပတေးနေ့သား၊
သမီး က ကူညီစောင်မကြည့်ရှုလိမ့် မည်။ ကျန်းမာရေးအတွက် စိတ်အေးနေရမည်။ အချစ်ရေး မှာ စေ့စပ်ကြောင်းလမ်းမှု၊
မင်္ဂလာပြုမှု တို့ကြုံရမည်။
ယတြာ။ တစ်နေ့တည်း
ဘုရား သုံးဆူဖူးပါ။
စနေ
ဘ၀ပုစ္ဆာထဲမှ
အဖြေ ကို ရှာနိုင်မည့်ကာလ။ စိတ် ဓာတ်ကြံ့ခိုင်မှုများ ပြည့်ဝနေ မည်။ အခက်အခဲကြားထဲမှ
ထူးခြားသော အခွင့်ထူးတစ်ခု ကို ရရှိလိမ့်မည်။ လက်ဆောင် ပစ္စည်းအသစ် အဆန်းများရရှိ မည်။
ကျန်းမာရေးက ရောဂါ ဘယများ နည်းပြီး ဒေါင်ဒေါင် မြည်နေလိမ့်မည်။ အချစ်ရေး မှာ ချစ်သူတွေ့၊
တွေ့သူချစ် ပါလိမ့်မည်။
ယတြာ။ သမ္ဗုဒ္ဓေဂါထာကို
မွေးနေ့တွင် ခုနစ်ခေါက် ရွတ် ဖတ်ပူဇော်ပါ။