၁၈ ရာစုနှစ်များအတွင်းမှစ၍ ကမ္ဘာပေါ်တွင် နေထိုင်ကြသည့် လူသားတို့၏ လုပ်ဆောင်ချက်များဖြစ်သည့် ဘူမိရုပ်ကြွင်းများအား မီးရှို့ခြင်းသည် စက်မှုတော်လှန်ရေး ကာလအတွင်းမှစ၍ ကမ္ဘာ့လေထုအတွင်း တည်ရှိနေသည့် ဓာတ်ငွေ့များပါဝင်မှုအား ပြောင်းလဲစေခဲ့ပါသည်။ ၎င်းအပြင် ကမ္ဘာပေါ်ရှိ မီးတောင်းများပေါက်ကွဲမှုကလည်း နေမှ ကမ္ဘာပေါ်သို့ အပူထုတ်လွှတ်မှုဖြစ်စဉ်အား ပြောင်းလဲစေသည့် ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှု၏ ပထမအချက်ဖြစ်ပါသည်။
နေမှ နေရောင်ခြည်များ ကမ္ဘာ့အာကာသ ဟင်းလင်းပြင်ကို ဖြတ်သန်းကျရောက် ခြင်းဖြင့် ကမ္ဘာ့မြေမျက်နှာပြင်အား ပူနွေး စေပါသည်။ နေမှ အပူထုတ်လွှင့်မှုကို ကမ္ဘာ့မြေမျက်နှာပြင်အပေါ်ရှိ လေထုတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များ များ ပြားလာမှုက နေမှအပူများအား စုပ်ယူ ထားခြင်းဖြင့် ကမ္ဘာ့မြေမျက်နှာပြင် အပူ ချိန်အား ပိုမိုမြင့်တက်လာစေပါသည်။ ကမ္ဘာ့မြေမျက်နှာပြင်အပေါ်ရှိ ကာဗွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့များ တဖြည်းဖြည်း များပြားလာမှုကြောင့် ဖန်လုံအိမ်အာနိသင် ဖြစ်ပေါ်စေပါသည်။
ကမ္ဘာ့လေထုအတွင်းရှိ ကာဗွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့ လည်ပတ်မှုစက်ဝိုင်း တွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ သန်းထောင်ပေါင်းများစွာ ပါဝင်လည်ပတ် ခဲ့ပြီး ယင်းကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ် ငွေ့များနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ် ငွေ့ကို ကမ္ဘာပေါ်ရှိ သမုဒ္ဒရာများနှင့် သက်ရှိပစ္စည်းများက စုပ်ယူမှုမှာ သာမန် အချိန်တွင် မျှတစွာ ရွေ့လျားလျက်ရှိပါ သည်။ သုတေသနပြုလုပ်ခြင်းများအရ လွန်ခဲ့သော ၂၀၀၄ ခုနှစ်တွင် ကာဗွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့ပမာဏမှာ မက်ထရစ် တန်သန်းပေါင်း ၂၆ ဒသမ ၉ သန်း ကမ္ဘာ့ လေထုအတွင်းရှိခဲ့ပြီး ယင်းပမာဏမှ ၂၀၁၅ ခုနှစ်တွင် မက်ထရစ်တန်သန်းပေါင်း ၃၃ ဒသမ ၉ သန်း ဖြစ်ပေါ်လာခဲ့ကြောင်း ခန့်မှန်းခဲ့ပါသည်။ လာမည့် ၂၀၃၀ ပြည့်နှစ် တွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ တန်သန်းပေါင်း ၄၂ ဒသမ ၉ သန်းဖြစ် ပေါ်လာမည်ဟု ခန့်မှန်းထားပါသည်။
ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှု စောင့် ကြည့်ရေးအဖွဲ့၏ မှတ်တမ်းများအရ ၂၀ ရာစုအစမှစ၍ ကမ္ဘာ့အပးချိန် ၁ ဒသမ ၀၈ ဖာရင်ဟိုက်မှ ၁ ဒသမ ၂၆ ဖာရင် ဟိုက်အထိ ဖြစ်ပေါ်ခဲ့ပြီး ၂၁ ရာစုနှစ် အကုန်တွင် ၃ ဒသမ ၂ ဖာရင်ဟိုက်မှ ၇ ဒသမ ၂ ဖာရင်ဟိုက်အထိ မြင့်တက် လာမည်ဟု ခန့်မှန်းထားပါသည်။
ကမ္ဘာ၏ အပူချိန်ပြောင်းလဲလာမှုက ကမ္ဘာပေါ်ရှိ ရေအရင်းအမြစ်များ၏ ပမာ ဏ၊ ရေများ၏ အရည်အသွေးများအား ပြောင်းလဲစေသကဲ့သို့ အခြားသဘာဝဖြစ် စဉ်များဖြစ်သည့် ရေကြီးရေလျှံမှုများ၊ ရေ အားလျှပ်စစ်ထုတ်ယူသုံးစွဲမှုများ၊ မိုးခေါင် မှုများနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း များအား ပြောင်းလဲစေပါသည်။
ကမ္ဘာ့အပူချိန်ပြောင်းလဲလာမှုကြောင့် ရေအတွင်း အပူချိန်မြင့်တက်လာမှုက လည်း နေရာဒေသများ၏ တည်ရှိမှု၊ မိုး ရွာသွန်းမှုပုံစံနှင့် မိုးရွာသွန်းသည့်ပမာဏ ကိုလည်း ပြောင်းလဲစေပါသည်။ သမုဒ္ဒ ရာရေများ မြင့်တက်လာမှုကြောင့် သမုဒ္ဒရာ နှင့် ပင်လယ်ကမ်းရိုးတန်းဒေသများရှိ သက်ရှိသက်မဲ့တို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် ဓာတုဗေဒပိုင်းဆိုင်ရာ ပြောင်းလဲမှုကို လည်း ဖြစ်ပေါ်စေပါသည်။
ကမ္ဘာ့ရေအရင်းအမြစ်များအပေါ် အကျိုးသက်ရောက်မှုများကို ကြည့်ပါက လေထုအတွင်း အပူချိန်မြင့်တက်လာမှုက ရေများ၏ အပူချိန်အား မြင့်တက်စေပြီး ရေထုညစ်ညမ်းမှုအား ဖြစ်ပေါ်စေပါသည်။ ရေတွင် အောက်ဆီဂျင်ပျော်ဝင်မှုမှာလည်း လျော့နည်းလာသောကြောင့် ရေအတွင်း ရောဂါပိုးများ များပြားလာစေပါသည်။ ရေအတွင်း အပူချိန်မြင့်တက်လာမှုက ရေအတွင်း အမိုးနီးယားဓာတ်ကဲ့သို့သော အညစ်အကြေးများအား ဖြစ်ပေါ်လာစေခြင်း ကြောင့် အယ်ဂျီးခေါ် ရေညှိပင်များ များပြားလာ၍ ရေနေသတ္တဝါတို့၏ ရှင်သန် နိုင်မှုနှင့် မျိုးပေါက်ပွားမှုကို လျော့နည်း စေပါသည်။
မိုးရွာသွန်းမှုပမာဏနှင့် မိုးရွာသွန်းမှု ပုံစံပြောင်းလဲလာမှုက မြေပြင်ပေးရှိ ရေချို တွင်းများ မြေအောက်ရှိ ရေချိုထိန်းသိမ်း ထားသည့်နေရာများမှ ရေချိုပမာဏအား လျော့နည်းလာစေပါသည်။ တစ်ချိန်တည်း မှာပင် ပတ်ဝန်းကျင်အပူချိန် မြင့်တက် လာမှုကြောင့် ရေချိုသုံးစွဲမှုများဆိုင်ရာ တောင်းခံမှုများ များပြားလာပါသည်။ တစ်ဖက်မှလည်း သမုဒ္ဒရာရေပြင် မြင့် တက်လာမှု၊ ရေလွှမ်းမိုးမှုများက ရေများ အား အနည်ထိုင်မှုနှင့် ညစ်ညမ်းမှုများ ဖြစ်ပေါ်စေသည့်အတွက် ရေများ၏ အရေအသွေး ကျဆင်းလာပါသည်။ မိုးရွာ သွန်းမှုနည်းပါးလာမှုကလည်း တခြား တစ်ဖက်တွင် တောမီးလောင်မှုများ ပိုမို ဖြစ်ပေါ်စေပြီး တောမီးလောင်သည့်နေရာ များတွင် မြေဆီလွှာပြုန်းတီးမှုများလည်း ဖြစ်ပေါ်စေပါသည်။
ကမ္ဘာ့အပူချိန် မြင့်များလာမှုက အခြား တစ်ဖက်တွင် ပင်လယ်ရေမျက်နှာပြင် မြင့် တက်လာမှုကို ဖြစ်ပေါ်စေသည့်အတွက် မြေပြင်ပေါ်ရှိ ရေတွင်းများ မြေကြီးထု အတွင်းရှိ အဝီစိတွင်းများအား ဆားငန်ရေ များဝင်ရောက်မှုအား ဖြစ်ပေါ်စေပါသည်။ လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်နှင့် သမုဒ္ဒရာအတွင်းရှိ ရေများ ပေါင်း စပ်မှုက ကာဗွန်နစ်အက်ဆစ်ဓာတ် ဖြစ်ပေါ်စေ၍ ပင်လယ်သမုဒ္ဒရာရေများ အတွင်း အက်ဆစ်ဓာတ်များ ဖြစ်ပေါ်မှုက ပင်လယ်အတွင်းနေ သက်ရှိသတ္တဝါများ၊ အပင်များအပေါ် ဆိုးရွားသည့် အကျိုးများ သက်ရောက်စေပါသည်။ ရေရှည်တွင် သမုဒ္ဒရာအတွင်း အက်ဆစ်ဓာတ်ဖြစ်ပေါ်မှု များ များပြားလာမှုက သမုဒ္ဒရာအတွင်း နေ သက်ရှိသတ္တဝါများ၏ ရှင်သန်မှုအား ရပ်တန့်စေမည်ဖြစ်ပါသည်။
ကမ္ဘာပေါ်ရှိ ဘူမိရုပ်ကြွင်းများမှ လောင်စာထုတ်လုပ်မှုကို အပင်များမှ ရရှိ သည့် ဇီဝလောင်စာထုတ်လုပ်မှုဖြင့် အစား ထိုးရန် စီမံကိန်းများချ၍ ဆောင်ရွက်လျက် ရှိရာ လာမည့် ၂၀၂၂ ခုနှစ်တွင် ဘူမိရုပ် ကြွင်းများမှ ထုတ်လုပ်နိုင်မည့် လောင်စာ ၂၀ ရာခိုင်နှုန်းအား ဇီဝလောင်စာ ဂါလန် သန်းထောင်ပေါင်း ၉၆ သန်းနှင့် အစား ထိုးရန် ဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့ အစားထိုး ဇီဝလောင်စာထုတ် လုပ်မှုအတွက် ပြောင်းပင်မှ ပြောင်းဖူးစေ့ သန်းထောင်ပေါင်း ၁၅ သန်းခန့် လိုအပ် မည်ဖြစ်သည့်အတွက် ပြောင်းပင်များ ပိုမို စိုက်ပျိုးနိုင်ရန် အာဟာရတစ်ခုဖြစ်သည့် ရေများ အမြောက်အများလိုအပ်မည်ကို ရင်ဆိုင်ရမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ယနေ့ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုဖြစ်သည့် ကမ္ဘာ့အပူချိန် မြင့်မားလာမှုနှင့် မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲလာမှုတို့ကြောင့် ကမ္ဘာ့ရေအရင်း အမြစ်များအပေါ် အကျိုးသက်ရောက် လာမှုများနှင့် အခြားနောက်ဆက်တွဲ အကျိုးဆက်များအား သိရှိနိုင်ပါရန် စုစည်း ရေးသားတင်ပြလိုက်ရပါသည်။
နေဝင်းလွင်(မွေး/ကု)
အတွဲ(၁၅)၊ အမှတ်(၄)