February 23, 2018

ဆောင်းတွင်းကာလ ပျိုမေတို့အဖြစ်များသော ရောဂါပြဿနာများ


          မြန်မာနိုင်ငံမှာ နိုဝင်ဘာလမှ ဖေဖော် ဝါရီလအထိ ဆောင်းရာသီရယ်လို့ သတ် မှတ်ထားပြီး ဇန်နဝါရီ အအေးဆုံးကာလ ကျော်လွန်ဖြတ်သန်းရင်၊  ပျိုမေတို့အလှ အပတွေဖြစ်တဲ့ ဆံပင်ဗောက်ထခြင်း၊ အသားပပ်ခြင်း၊ ဆောင်းတွင်းကာလ ဖနောင့်ကွဲခြင်း၊ အသံဝင်ခြင်းတို့ ကြုံကြ ရပါတယ်။
 
#ဗောက်ထခြင်း
          ဗောက်ထခြင်း (Sebarrhoea Der matitis) ဟာ နှင်းခူအပျော့ (Dan druff) လို့ လူသိများတယ်။ အရေပြားမှိုတစ်မျိုး ကြောင့် ဖြစ်ရတယ်။
          ယင်းနှင်းခူဟာ ဦးရေပြားအဖြစ် အဆီ အိတ်တွေရှိတဲ့ နဖူး၊ မျက်ခုံး၊ နှာခေါင်း ဘေးတစ်ဖက်တစ်ချက်နဲ့ နားအောက် ဘက်မှ ဖြစ်နိုင်သေးတယ်။ နောက်ကျောနဲ့ ရင်ဘတ်အပေါ်ပိုင်းမှာ တွေ့ရတယ်။ ဆံပင် မှအပ ကျန်နေရာတွေဖြစ်ရင် ဝါကျင့်ကျင့်၊ စေးကပ်ကပ် အကြေးခွံတွေကို သေချာ ကြည့်ရင် တွေ့ရတတ်တယ်။ ဦးခေါင်းမှာ ဗောက်ထရင် ကုတ်လိုက်တာနဲ့ ဗောက် ဖတ်ဖွေးဖွေး မြင်ရတယ်။ ဦးရေအဆီပြန် သူ၊  စိတ်ဖိစီးမှုများသူမှာ ပိုဖြစ်တတ် တယ်။ မျိုးရိုးလိုက်တတ်တယ်။ ဇင့်ဓာတ် လျော့သူတွေမှာ အတွေ့ရများတယ်။
          ဗောက်ထတာကို ကုသနိုင်ပါတယ်။ ပျောက်လိုက်ဖြစ်လိုက်နဲ့ သံသရာလည် တတ်ပါတယ်။ တစ်အိမ်လုံးတစ်ပြိုင်နက် တည်း အားလုံး “ဗောက်သတ်”ဖို့လို တယ်။ ကီတိုကိုနဇော မှိုသတ်ဆေးပါတဲ့ ခေါင်းလျှော်ရည် သုံးနိုင်တယ်။ ဗောက်ထ စေတဲ့မှိုကို ပိုမိုနှိမ်နင်းနိုင်တယ်။ ခေါင်း လျှော်လို့ အမြှုပ်ထတာနဲ့ ချက်ချင်း ရေမလောင်းချဘဲ အနည်းဆုံး ၃ မိနစ်၊ ၄ မိနစ်လောက် ခေါင်းနှင့်ရင်ဘတ်နဲ့ မျက်နှာပေါ်က အမြှုပ်တွေနဲ့ လိမ်းကျံပြီး မှ ရေလောင်းချသင့်ပါတယ်။

          ဇင့်၊ ဆီလီနီယမ်နဲ့ သန့်စင်ထားတဲ့ ကတ္တရာဓာတ်အနည်းငယ်ပါတဲ့ ခေါင်းလျှော် ရည်၊ စတီးရွိုက်အပျော့စား လိမ်းဆေး (ဆာလ်ဖာလိမ်းဆေး)တို့လည်း သုံးနိုင် ပါတယ်။ ဗောက်ပြန်မထဖို့ တစ်ကိုယ်ရေ သန့်ရှင်းရေး အရေးကြီးပြီး နှင်းခူအဆင့် ဖြစ်ရင် မိသားစုဆရာဝန်၊ အရေးပြား ဆရာဝန်နဲ့ ပြသသင့်တယ်။ သေလောက် တဲ့ရောဂါမဟုတ်ပေမယ့်"ဗောက်"ရှင်းဖို့ တော့လိုတယ်။

#ဖနောင့်ကွဲခြင်း
          ဆောင်းတွင်းကာလမှာ အရေပြား အပေါ်ယံလွှာ အစိုဓာတ် ရာခိုင်နှုန်း ၂၀ ရှိပြီး ယင်းက ရေဓာတ်ဆုံးရှုံးမှု အများ ဆုံးဖြစ်တယ်။ ဆောင်းရာသီမှာ မြောက် ဘက်လေအေးတွေက အသားပပ်စေ တယ်။ ဖနောင့်ကွဲခြင်းဟာ ဆောင်းရာသီ မှာ အတွေ့ရများပြီး အလှအပပြဿနာ သာမက ပိုးဝင်လို့၊ အလုပ်မဆင်းနိုင်၊ အခန်းအောင်းကုသလို့ မနိုင်ဖြစ်လာရင်၊ မိသားစုဆရာဝန်နဲ့ ပြသသင့်တဲ့ ရောဂါ ဖြစ်တယ်။ ပုံမှန်အားဖြင့် လက်နဲ့ ခြေဖဝါး မှာ လက်ဆီ၊ ခြေဆီထွက်လေ့ရှိတယ်။ ယင်းအဆီအထွက်နည်းရင် ဖနောင့်ကွဲတာ မျိုး လက်အရေပြား ကွာသလိုမျိုးဖြစ် တတ်တယ်။ အထူးသဖြင့် လေအေးခန်းမှာ အလုပ်လုပ်နေတဲ့သူတွေမှာ အပေါ်ယံ အရေပြားအစိုဓာတ် ရာခိုင်နှုန်း ၂၀ လျော့ နည်းစေတဲ့အပြင် ဆောင်းတွင်းကာလ လက်ဆီ၊ ခြေဆီမထွက်ဘဲ ဖနောင့်ကွဲ ခြင်း၊ လက်အရေပြားကွာခြင်းဖြစ်တယ်။
          ဖနောင့်ကွဲ၊ လက်အရေပြားကွာခြင်း ဆိုးလာရင် ဒုတိယကူးစက်ရောဂါ (Sec ondary Infection) ဝင်ရောက်လာလို့၊ ပဋိဇီဝဆေး၊ အနာသက်သာဆေးများ ပေးပြီး  တစ်ရက်သုံးကြိမ်ကျွေး ကုသ နိုင်ပါတယ်။ သာမန်ဖနောင့်ကွဲတာ အရေပြားကွာတယ်ဆိုရင် အလှဆီလိမ်း ပေးသင့်တယ်။ အဆီတစ်ခုခု ကြားခံနေ ရင် ဒီထက်ဆက်ကွဲတာ မဖြစ်နိုင်တော့ ဘူး။ မျိုးရိုးလည်း လိုက်တတ်တယ်။
          သာမန်ဖနောင့်ကွဲရင် အင်တီအောက် စီဒင့်လိမ်းဆေး လိမ်းနိုင်ပါတယ်။ ဗီတာမင် စီနဲ့ ဗီတာမင်အီးပါတဲ့ခရင် လိမ်းသင့် တယ်။ ရေဓာတ်ဖြည့်ပေးရမယ်။ ရေခဲရေ၊ အအေး မသောက်သင့်ဘူး။ ရေဆာရင် ရေပဲသောက်သင့်တယ်။ အချိုရည်မသောက် သင့်ပါ။ အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်း ဖြတ်ရမယ်။
          နေရာင်ထဲသွားရင် နေရောင်ခံခရင် လိမ်းသွားရမယ်။ နှစ်နာရီမှာ တစ်ခါ လိမ်းရမယ်။ သို့မဟုတ် သနပ်ခါးလိမ်း ရမယ်။ အအေးခန်းမှာ အချိန်ပြည့်မနေ သင့်ဘူး။ အရေပြားတွေ ရေဓာတ်ဆုံးရှုံး လို့ ဖနောင့်ကွဲတာမျိုးနဲ့ အသားရေ ခြောက်သွေ့မှု အများဆုံးဖြစ်ရတယ်။ 

#အသားပပ်ခြင်း
          ဆောင်းရာသီမှာ အရှေ့မြောက်လေ အေးတွေကြောင့် အသားပပ်ခြင်း၊ ရာသီ ဥတုနဲ့မတည့်ဘဲ အင်ပျဉ်ထခြင်း ရှိတတ် တယ်။ အသားပပ်ခြင်းဆိုရာမှာ လူ တစ်ဦးနဲ့တစ်ဦး ခံနိုင်ရည်ခြင်း မတူကြ ဘူး။ အသားအရေပေါ် မျက်နှာပြင်က ရေဓာတ် ရာခိုင်နှုန်း ၂၀ ကို ဆုံးရှုံးတဲ့ အခါ အသားပပ်တာဖြစ်လာတယ်။ အဲကွန်းခန်းထဲ တစ်နေကုန် အလုပ်လုပ် ခြင်း၊ ဆောင်းကာလ အအေးဒဏ်၊ ရာသီဥတုပြင်းထန်ခြင်း၊ အပြင်ဘက် ထွက်ပြီး အလုပ်လုပ်ရခြင်း၊ အပူအအေး ပြောင်းလဲမှုများရင် အသားပပ်လေ့ရှိ တယ်။ အရေပြားဓာတ်မတည့်တဲ့အခါ လည်း ဖြစ်နိုင်တယ်။ အစာအာဟာရမှာ အရည်ရွှမ်းတဲ့ သစ်သီးနဲ့ဟင်းသီးဟင်း ရွက် ပိုမိုစားပေးသင့်တယ်။
          အရက်ဘီယာတို့ဟာ ခန္ဓာကိုယ်နွေး ထွေးစေတာမှန်ပေမယ့် ရေဓာတ်ဆုံးရှုံးမှု များစေလို့ အသားပပ်စေတယ်။ ရေများ များသောက်ဖို့လိုတယ်။ ရေဆာရင် ရေပဲ သောက်ရမယ်။ အချိုရည်၊ ဘီယာ မသောက်သင့်ပါဘူး။ ရေသောက်ခြင်းက ဆီးဝမ်း မှန်စေတဲ့အပြင် အရေပြားမှာရှိ သင့်တင့်တဲ့ ရေပမာဏ ရာခိုင်နှုန်း ၂၀ ဖြည့်ဆည်းပေးတယ်။
          အသားပပ်တာ ကာကွယ်ဖို့ အလှဆီ၊ သံလွင်ဆီ လိမ်းနိုင်တယ်။ နေ့လယ် နေပူ ထဲ ထွက်မယ်ဆို နေရောင်ခံမိတ်ကပ် ခရင်မ်ကို နှစ်နာရီပြည့်တိုင်း တစ်ကြိမ် လိမ်း သို့မဟုတ် သနပ်ခါးလိမ်း ပေးသင့် ပါတယ်။
          ဗီတာမင်အီးပါတဲ့ လိမ်းဆေးက အသားပပ်တာ ကာကွယ်နိုင်တယ်။ သောက်ဆေး ဗီတာမင်အီးသောက်ပေး နိုင်တယ်။ အရေပြားအသားမပပ်အောင် ကာကွယ်ပေးတယ်။ 

#အသံဝင်ခြင်း
          ဆောင်းရာသီမှာ အသံဝင်ခြင်းကို လူတိုင်းကြုံတွေ့နိုင်ပါတယ်။ အတိုင်း အတာထက်ပိုပြီး စကားပြောရတာများ လို့ စကားကျယ်ကျယ်လောင်လောင် ပြောဆိုခြင်းကြောင့်လည်း ဖြစ်ရတယ်။ ဝက်ဆီစတဲ့ ပြည့်ဝဆီ၊ အဆီအနှစ် စား ခြင်း၊ ရေချိုးမှားခြင်း၊ ရေခဲရေအေး အသောက်များခြင်းကြောင့် ဖြစ်နိုင်တယ်။ အသံဝင်ခြင်း အသံပျက်ခြင်းဟာ အသံ အိုးနဲ့ဆိုင်တဲ့ ရောဂါတစ်မျိုးမျိုးကြောင့် ဖြစ်တယ်။ အသံအိုးရောင်ခြင်းကို အဆုတ် တီဘီရောဂါ၊ အဆုတ်ရောဂါအမျိုးမျိုးမှာ တွေ့နိုင်ပါတယ်။ ကာလသားရောဂါ ကြောင့် အသံအိုးအတွင်း အနာဖြစ်ခြင်း၊ ကလေးဘ၀ ဝက်သက်၊ ဆုံဆို့၊ ကြက် ညှာချောင်းဆိုးတို့ဖြစ်ခြင်း၊ အသံအိုးမှာ အသား၊ အသားပို၊ အကျိတ်လုံး၊ ကင်ဆာ ရောဂါဖြစ်ခြင်းကြောင့် အသံဝင်ခြင်း၊ အသံပျက်ခြင်း ဖြစ်နိုင်ပါတယ်။
          အသံအိုးထိခိုက်မိရင် အသံဝင်နိုင်တဲ့ အပြင် အခြားရောဂါအမျိုးမျိုးကြောင့် အသံဝင်လေ့ရှိတယ်။ သိုင်းရွိုက်ဂလင်း ချို့ယွင်းခြင်း၊ ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားအားနည်းခြင်း၊ အရက်စွဲခြင်း၊ မေးခိုင်ရောဂါကြောင့် ကြွက်တက်ခြင်း ကြောင့်  အသံဝင်နိုင်ပါတယ်။ ကလေး ဘ၀ ကာကွယ်ဆေးငါးမျိုး၊ ဆုံဆို့၊ ကြက်ညှာချောင်းဆိုး၊ အသည်းရောင်ဘီ၊ ဦးနှောက်အမြှေးရောင် ကာကွယ်ဆေးများ အသက် နှစ်လ၊ လေးလနှင့် ခြောက်လ မှာ ထိုးပေးဖို့လိုပြီး ပိုလီယိုအစက်ချ တိုက်ကျွေးရမယ်။ အသက် နှစ်လသားမှာ တီဘီကာကွယ်ဆေး (BCG) ထိုးနှံရ မယ်။ အသက် ကိုးလနှင့် တစ်နှစ်ခွဲမှာ ဝက်သက်ကာကွယ်ဆေးထိုးနှံရမယ်။ 
          အသံဝင်ခြင်းမှ ကာကွယ်ဖို့ အော်ဟစ် ပြောဆိုခြင်း၊ မရပ်မနားကြာကြာစကား ပြောခြင်း၊ သီချင်းအော်ဟစ်သီဆိုခြင်းတို့ ဆင်ခြင်သင့်တယ်။ အဆိုတော်တွေဟာ တစ်ပတ်နှစ်ရက်ခန့် အနားပေးရမယ်။ အသံကောင်းအောင် သံပရာရည်စတဲ့ သဘာဝသစ်သီးဖျော်ရည်သောက်ပေးရ မယ်။ ရေခဲ၊ အအေးရှောင်ရမယ်။

ဒေါက်တာလွင်သန့်

Popular Posts