February 3, 2018

မတောင်းပန်ပါနဲ့ ရပါတယ်

ချစ်သမီးမေလေး
ရွှင်လန်းချမ်းမြေ့ပါစေ...။
တစ်နေ့မဟုတ်တစ်နေ့တော့ လူရှေ့ သူရှေ့ထွက်ပြီး စကားပြောရတဲ့ အခြေ အနေ သို့မဟုတ် အခွင့်အရေးဟာ မလွဲ မသွေ ပေါ်ပေါက်လာပေလိမ့်မယ်။
ပရိသတ် ငါးဆယ်၊ တစ်ရာရှေ့မှာ ဖြစ်ချင်ဖြစ်မယ်။ လူထုပရိသတ်ငါးရာတစ် ထောင်ဖြစ်ချင်ဖြစ်မယ်။ သို့မဟုတ် ထောင် သောင်းချီတဲ့ ပရိသတ်ကြီးကို ဟောပြော ခွင့်ရတာမျိုးလည်း ဖြစ်ကောင်းဖြစ်မယ်။
လူထုပရိသတ်ရှေ့ကိုထွက်၊ စင်ပေါ် တက်ပြီး ဟောပြောခြင်းအလုပ်ဆိုတာ လွယ်ကူတဲ့အရာတော့မဟုတ်။ ဒါဟာ သေ ချာတယ်။ လွယ်တဲ့ ကိစ္စတစ်ရပ်မဟုတ် ပါ။ သို့သော် မလုပ်နိုင်လောက်အောင် ခက်ခဲတာတော့လည်း မဟုတ်ပါလေ။
ဓမ္မကထိကတွေ၊ စာဟောဆရာ၊ ကွက်စိပ်ဆရာ၊ နိုင်ငံရေးသမား၊ စာရေး ဆရာ၊ သတင်းစာဆရာ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ ဌာနဆိုင်ရာအဆင့်ဆင့် တာဝန်ခံရသူများ စသည်တို့ဟာ လူရှေ့ သူရှေ့ထွက်၊ စင်ပေါ်တက်ပြီး မိမိတို့ရဲ့ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်၊ မူဝါဒစသည် တို့ကိုဖြစ်စေ၊ ဆောင်ရန်၊ ရှောင်ရန်အချက် များကိုဖြစ်စေ၊ ဇာတ်နိပါတ်၊ ဝတ္ထုတို့ ကိုဖြစ်စေ ဟောပြောကြရပေတာပဲ။
လေ့ကျင့်ထားရင် မခက်ခဲပါဘူး။အလေ့အကျင့်ရှိရင် ရပါတယ်။ ပြင်ဆင် လာခဲ့ရင် အခက်အခဲမတွေ့ပါဘူး။ ကျွမ်း ကျင်ပိုင်နိုင်တာကိုပဲ ဟောပြောရမယ်။မပိုင်တာကို မပြောလေနဲ့၊ မဆိုင်တာကို မဆိုလေနဲ့။ ယုံယုံကြည်ကြည်နဲ့ ဟော ပြောရမယ်။ မယုံမရဲနဲ့ပြောရင် မထိ ရောက်ပါဘူး။
စတက်လာလာချင်း ခွင့်လွှတ်ဖို့ တောင်းပန်စကားနဲ့ စဖွင့်တာမျိုးကတော့ အဆိုးဆုံးပါပဲ။


Public Speaking စာအုပ်စာတမ်း တွေမှာ ပရိသတ်ကို မတောင်းပန်ရ၊ လုံးဝ မတောင်းပန်ရ။
Never apologise လို့ အခြေခံဥပဒေတစ်ခု ရေးထားတာတွေ့ရ တယ်။ ဘာလို့လဲ။ နားမလည်ပါ။ လက် မခံချင်ပါ။ ငယ်စဉ်က။
ဟောပြောပွဲပေါင်းများစွာ လေ့လာသုံး သပ်ပြီး နှစ်ကာလ ဆယ်နှစ်ကျော်မျှ ဖြတ်သန်းလာခဲ့ပြီးမှ ဟုတ်လိုက်လေ၊ မှန် လိုက်လေ။ စင်ပေါ်က လူက တောင်းပန် တိုးလျှိုးပြီး ပြောနေမှတော့ နားထောင် နေကြတဲ့ ပရိသတ်ရဲ့စိတ်ထဲမှာ ယုံကြည် မှုနဲ့ စိတ်အားထက်သန်မှုက လျော့ကျ သွားတာကိုး။ အကျိုးမရှိဘူး။
ဟောပြောသူက သူ့အပေါ် ယုံကြည် အားကိုးမှုကို တည်ဆောက်ပြီး ဆွဲယူရ မှာ။ ဒီအကြောင်းအရာပေါ်မှာတော့ တကယ့်ကို ပိုင်ပိုင်နိုင်နိုင် ထဲထဲဝင်ဝင် ရှိတဲ့ ပုဂ္ဂိုလ်ပဲလို့ ယုံကြည်မှုရှိအောင် ဆွဲ ဆောင်ရမှာ။ အဲဒါ သူ့တာဝန် သူ့အလုပ် ပဲလေ။
သူက ဘာကြောင့် ညာကြောင့် ခွင့် လွှတ်ပါလို့ပြောလာရင် မူရင်းရည်ရွယ် ချက် ပေါ့ပျက်ပျက်ဖြစ်သွားပြီ။ သူ့အပေါ် အားကိုးယုံကြည်မှုက လျော့ကျသွားစေ ခဲ့ပြီ။ ဒါကြောင့် စင်ပေါ်မှာ ဟောပြောသူ ဟာ ဘာမှတောင်းပန်တိုးလျှိုးနေစရာ မလိုဘူး။ ပြောစရာရှိတာကို အကောင်း ဆုံး ဟောပြောဖို့သာ လိုရင်းပဲ။
စာရေးဆရာ၊ ဂျာနယ်သမားတစ်ဦးနဲ့ စာပေဟောပြောပွဲခရီးတစ်ခု အတူသွား ကြတယ်။ သူက ဟောပြောတဲ့အတွေ့ အကြုံလည်း သိပ်ရှိပုံမရဘူး။
သူက သေသေချာချာအချိန်ယူပြီး ပြင် ဆင်ပြုစုခဲ့ခြင်းလည်း မရှိဘူး။ ဒါကတော့ သူ့မှာ အချိန်နည်းတာလည်းပါမယ်။ ဘာ ကိုပြောမယ်ဆိုတဲ့ ဦးတည်ချက် တိတိ ကျကျနဲ့ စုဆောင်းလေ့လာမှုမပြုခဲ့တာ လည်းရှိမယ်။ ဟောပြောချက် ကောင်း မကောင်းဆိုတာ ဘယ်လောက်အားထုတ် ပြင်ဆင်ခဲ့သလဲဆိုတာနဲ့ အချိုးကိုက် အဖြေထွက်လာခြင်း ဖြစ်ပါတယ်။
ပြင်ဆင်လေလေ ကောင်းမွန်လေလေပါ။
ဘာပဲပြောပြော အပြစ်တင်စရာမရှိပါ။သူ့အခြေအနေနဲ့သူ၊ သူ့အခက်အခဲနဲ့သူ၊ နားလည်ပေးရမှာပါ။ စာနာမိပါတယ်။ အပတ်စဉ်ဂျာနယ်ထွက်အောင် စက်ရုပ်လို မနားတမ်းပြေးလွှားလှုပ်ရှားနေရတဲ့ကြား မှာ ခရီးထွက်ပြီး ဟောပြောပွဲ လိုက်လာ ခြင်းကိုပဲ ကျေးဇူးတင်ရပါသေးတယ်။ ပြင်ဆင်မလာခဲ့မိတာ ခွင့်လွှတ်ရပေမယ်။
ပြောစရာ အဓိကအချက်က တောင်း ပန်ခြင်းကိစ္စ။
သူက ဟောပြောတဲ့ နိဒါန်းအပိုင်း လောက်မှာပဲ သူဟာကောင်းစွာ ပြင်ဆင် ချိန်မရခဲ့တဲ့အတွက် အကယ်၍ ချွတ်ယွင်း ချက်၊ အားနည်းချက်များပါရှိခဲ့၍ ပရိသတ် က ခွင့်လွှတ်ပေးဖို့ အနူးအညွတ်တောင်း ပန်ပါတယ်လို့ ပြောပါတယ်။
တကယ်ပဲ သူ့ရဲ့ ရိုးသားဖြူစင်မှုပါ။ဟန်ဆောင်လိမ်ညာခြင်းမရှိ၊ ပကတိ ရိုး ဖြောင့်မှန်ကန်ခြင်းပါ။ ချီးကျူးရမှာပါ။
မာန်မာနမရှိဘဲ ပရိသတ်ကို ပွင့်ပွင့် လင်းလင်း ကြိုတင်ဝန်ခံတာမဟုတ်လား။
ဟုတ်တော့ ဟုတ်တယ်။ ဒါပေမယ့် ဒီလိုမလုပ်ရပါဘူး။ ပရိသတ်ကို ထိရောက် စွာ ဟောနည်းပြောနည်းမှာ ဥပဒေသတစ် ရပ်အနေနဲ့ ဟောပြောသူဟာ လူထုပရိ သတ်ကို မတောင်းပန်ရ။
"ကျွန်တော်ပွဲဆက်တွေများလို့ အသံ နာနေပါတယ်၊ ခွင့်လွှတ်ပါ။"
"ကျွန်တော်တို့ ဖျားနေလို့ နှာခေါင်း သံပါနေတာလေး သည်းခံခွင့်လွှတ်နားဆင် ပေးပါ။"
"ကျွန်တော့်မှာဗျာ ပြေးပြေးလွှားလွှား နဲ့ ပြင်ဆင်ချိန်မရလို့၊ ပြောတဲ့ဟောတဲ့ အထဲ အမှားအယွင်းများပါခဲ့သည်ရှိသော် နားလည်ပေးကြပါလို့ တောင်းပန်ပါရစေ" စသည် စသည်တောင်းပန်ခြင်းများ။
ပရိသတ်ကို စင်ပေါ်ကဟောပြောသူ အဖို့ အထက်ပါဆင်ခြေများဟာ လုံးဝ မလိုအပ်ပါ။ ဘာမှကောင်းကျိုးမဖြစ်စေ ပါ။ အရေးကြီးတဲ့ အခြေခံဥပဒေသကို သူချိုးဖောက်နေတာပဲ။
မတောင်းပန်ပါနဲ့၊ ရပါတယ်။ တောင်း ပန်းနေစရာမလိုပါ။
အကောင်းဆုံးစေတနာထားပြီး ကြိုး ကြိုးစားစား ယုံယုံကြည်ကြည်ဟောပြော ပါ။ နောက်နောင်ဆိုရင် မဟောပြောခင် သေသေချာ ချာ ကြိုတင်ပြင်ဆင်လာခဲ့ပါ။ ဒါပါပဲ။ ပြုပြင်ဖို့ဟာ ကိုယ့်တာဝန်။
နိုင်ငံရေးသမားဖြစ်ဖြစ်၊ စာရေးဆရာ ဖြစ်ဖြစ်၊ လူထုပရိသတ်ကို ဟောပြောမယ် ဆိုရင် ]]လူထုဟောပြောခြင်း အခြေခံ ဥပဒေသများ}}ကို မိမိကသိအောင် လေ့ လာရမယ်။ ပြီးရင် လက်တွေ့မှာလည်း လိုက်နာကျင့်သုံးရပါမယ်။ တကယ် အကျိုးရှိစေတယ်။ အောင်မြင်စေပါတယ်။
အဲဒါကို မသိလို့ဖြစ်စေ၊ မယုံကြည် လို့ဖြစ်စေ မလိုက်နာရင် ကောင်းကျိုးဆုံး ရှုံးတယ်။
လူထုပရိသတ်ကို ဟောပြောရာတွင် အောင်မြင်ချင်ရင် အောက်ပါအခြေခံဥပဒေ သတို့ကို လိုက်နာရပါတယ်-
(၁) လေ့လာပြုစုပြီး ကောင်းစွာပြင်ဆင်ရမယ်။
(၂) လေ့ကျင့်ရမယ်။ မှတ်စုနဲ့ရေးထားရမယ်။
(၃) ဇာတ်တိုက်ရမယ်။ အချိန်ညှိတည်းဖြတ်ရမယ်။
(၄) အကြောင်းအရာကို ပိုင်နိုင်ရမယ်။
(သို့မဟုတ်) ပိုင်နိုင်တဲ့အကြောင်းအရာကိုသာ ပြောရမယ်။
(မဖြီးနဲ့၊ မဖြန်းနဲ့)
(၅) ပရိသတ်ကို မေတ္တာညွှတ်ပြီးခင်မင်ရင်းနှီးစွာဟောပြောရမယ်။
မမာန်ရ၊ မငေါက်ရ။
(၆) ဘာကြောင့်ပဲဖြစ်ဖြစ် မတောင်းပန်ရ။
(၇) ဦးတည်ချက်ရှိရမယ်။
(၈) တိုတို ရှည်ရှည်၊ ပရိသတ်နားလည်စေမယ့် နားဝင်စေမယ့် စကား လုံး၊ ဝါကျ၊ စာပိုဒ်အချက်အလက်တို့နဲ့ ဖွဲ့စည်းရမယ်။
(၉) ပရိသတ်စိတ်ပါဝင်စားအောင် ကြိုးစားဟောပြောရမယ်။
(၁၀)အသံမတိုးလွန်း စေရ၊ မကျယ်လွန်း မအော်လွန်းစေရ။ အသံ အနိမ့် အမြင့်၊ အဆွဲ၊ အဖြတ်တို့ဖြင့် နားထောင် ချင့်စဖွယ်ဖြစ်အောင် ပီပီသသ ရှင်းရှင်း လင်းလင်း ဟောပြောပါ စသဖြင့် မှတ်သား ရဖူးပါတယ်။
]]မတောင်းပန်ရ}}ဆိုတဲ့ အခြေခံဥပ ဒေသကို အကယ်၍ မယုံကြည်ဘူးဆိုရင် ချိုးဖောက်ပြီး ဟောပြောစမ်းသပ်လေ့လာ ကြည့်ပါ။ ဟုတ်ပါ့ဗျာ၊ ထိရောက်အောင်မြင် မှု သိသိသာသာ လျော့ကျသွားတယ်လို့ လက်တွေ့ကျကျ ကိုယ်တိုင်တွေ့မြင်ရပါ လိမ့်မယ်။
တောင်းပန်စရာမရှိအောင် ဟောပြော သူက အကောင်းဆုံးကြိုတင်ပြင်ဆင်ရ မယ့် တာဝန်ရှိနေတယ်။ အခြေခံဥပဒေ သတွေကို လိုက်နာကျင့်သုံးရမယ်လို့ ဆိုလိုပါတယ်။
စင်ပေါ်တက်ပြီး လူထုပရိသတ်ကို ဟောပြောဖို့ရာ အခွင့်အခါများ ကြုံလာခဲ့ ရင် ယခုဖော်ပြဆွေးနွေးတဲ့ အချက်လေး တွေကို အသုံးချစေချင်ပါတယ်။ အကျိုး ရှိတယ်။ အောင်မြင်စေတယ်။ ထိရောက် စေပါတယ်။ ဆရာလုပ်တယ် မထင်စေ လိုပါ။ ချစ်လို့ပြောတာမှတ်ပါ။
ချစ်နိုင်(စိတ်ပညာ)
အတွဲ(၁၅)၊ အမှတ်(၃)

Popular Posts