February 8, 2018

ပဲပုပ်ဆီအကြောင်းသိကောင်းစရာ

မျက်မှောက်ခေတ် ကမ္ဘာပေါ်၌ စားသုံးဆီအဖြစ် ဆီအမျိုးမျိုးအား ထုတ် လုပ်လျက်ရှိရာ အများဆုံး အသုံးပြုလျက် ရှိသော စားဆီများသည် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ဖွဲနုဆီ၊ စားအုန်းဆီ၊ ပြောင်း ဆီ၊ ဆူးပန်းဆီ၊ ပဲပုပ်ဆီ(ပဲပိစပ်)၊ မုန်ညင်း ဆီ၊ ဝါစေ့ဆီတို့ဖြစ်ပါသည်။
#စားသုံးဆီအရည်အသွေး
စားသုံးဆီများကို နေ့စဉ် ကြော်လှော် ချက်ပြုတ်ရာတွင်လည်းကောင်း၊ အသုပ် သုပ်ရာတွင် ဆီဆမ်း၍လည်းကောင်း အမျိုးမျိုးသုံးစွဲနေကြသည်ကို အားလုံး အသိပင်ဖြစ်ပါသည်။ မိမိသုံးစွဲသည့်ဆီ သည် ပြည့်စုံမှန်ကန်သည့် အရည်အသွေး ရှိရန် အထူးပင်လိုအပ်ပါသည်။ အရည် အသွေးပြည့်မီသည့် စားသုံးဆီ ရွေးချယ် ပြီး မှန်ကန်မှုရှိရန် လိုအပ်ပါသည်။
ယေဘုယျအားဖြင့် စားသုံးဆီသည် ဇီဝဗေဒနည်းအရ လူ၏ကျန်းမာရေးနှင့် ညီညွတ်သင့်လျော်စေရမည်။ စားသုံးရာ တွင် အရသာရှိ၍ ခံတွင်းတွေ့စေရမည်။ စားသုံးရာတွင်လည်း အာဟာရဓာတ်နှင့် ပြည့်စုံ၍ လူ၏ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခုတွင် အဆိပ်အတောက်ဖြစ်ခြင်းမှ ကင်းရမည်။ စားသုံးဆီသည် အသုံးချလို သည့် လုပ်ငန်းအတွက် သင့်လျော်သော ရုပ်သဘာဝအရည်အသွေး(အရောင်အဆင်း၊ အနံ့၊ အရသာ)နှင့် သင့်လျော်မှန်ကန်သည့် ဓာတုဖွဲ့စည်းပုံရှိရမည်။ စားသုံးဆီများ သည် သဘာဝဘေးဒဏ် သုံးရပ်ဖြစ်သည့် လေ၊ ရေနှင့် အပူချိန်တို့ဖြင့် ထိတွေ့ မှုပြင်းထန်ပြီး အချိန်ကြာလာသည်နှင့်အမျှ ဆီ၏ ပင်ကိုယ်အရည်အသွေးများ ပျက်စီး လာကြပြီး အရောင်များရင့်လာခြင်း၊ အနံ့ ဆိုးများထွက်ပေါ်လာခြင်းနှင့် အရသာဆိုး များ ရရှိတတ်ပါသည်။


ပဲပုပ်စေ့များတွင် ဆီ၏ပါဝင်နှုန်းမှာ ၁၃ ရာခိုင်နှုန်းမှ ၂၆ ရာခိုင်နှုန်းရှိတတ် ပြီး သဘာဝနည်းအားဖြင့် ထုတ်ယူ၍ မရဘဲ ဓာတုဗေဒနည်းအားဖြင့် ထုတ်ယူ ရခြင်းဖြစ်ပါသည်။ ဓာတုဗေဒနည်းဖြင့် ထုတ်ယူထားသောဆီဖြစ်၍ အချဉ်ဓာတ် ကိန်း (၁)ထက်ကျော်လျှင် စားသုံးရန် မသင့်တော့ပါ။
အိုင်အိုဒင်းတန်ဖိုးမှာ စားသုံးဆီတွင် ပါဝင်ဖွဲ့စည်းလျက်ရှိသော မပြည့်ဝအဆီ အက်စစ်အနည်းအများကို တိုင်းတာခြင်း ဖြစ်ပါသည်။ အိုင်အိုဒင်းတန်ဖိုးမြင့်လေ Unsaturated Fatty Acid များလေ ဖြစ်ပါသည်။ မပြည့်ဝဆီ အက်စစ်များ လေ ကျန်းမာရေးအတွက် သင့်တော်လေ ဖြစ်ပါသည်။ ပဲပုပ်ဆီတွင်ပါဝင်သော ပြည့်ဝအဆီ အက်စစ်အချိုးအစားများမှာ ပါမစ်တစ်အက်စစ် ၁၁ ရာခိုင်နှုန်း၊ စတီး ရားရစ်အက်စစ် ၄ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်ပြီး မပြည့်ဝအဆီအက်စစ်ပါဝင်မှုမှာ အိုလစ်အက်စစ် ၂၂ ရာခိုင်နှုန်း၊ လင်နို လစ်အက်စစ် ၅၄ ရာခိုင်နှုန်း၊ လင်နိုလစ် နစ်အက်စစ် ၇ ဒသမ ၅ ရာခိုင်နှုန်း ဖြစ် ပါသည်။
ဆီတွင်ပါဝင်သော မပြည့်ဝအဆီ အက်စစ်များ၏ ဓာတ်တိုးမှုကြောင့် ဖြစ် ပေါ်လာသော ပါရောက်ဆိုဒ်များ မည်မျှ ရှည်သည်ကို ပါရောက်ဆိုဒ်တန်ဖိုး (Pe-roxied Volue-PV) ဖြစ်ပါသည်။ စက်မှ ကြိတ်ပြီး ကာစဆီသည် ပါရောက်ဆိုဒ် တန်ဖိုး သုညရှိပြီး၊ သိုလှောင်မှုကြာလာ သည်နှင့်အမျှ ပါရောက်ဆိုဒ်တန်ဖိုးမြင့် လာကာ ပါဝင်ဖွဲ့စည်းနေသော အဆီ အက်စစ်များ၏ မော်လီကျူး အလေးဆနိမ့် လေ၊ ဆီ၏ ဆပ်ပြာဖြစ်ကိန်းမြင့်လေ ဖြစ်ပါ သည်။ ပဲပုပ်ဆီတွင် မပြည့်ဝအဆီ အက်စစ် ပါဝင်မှု ရာခိုင်နှုန်း ၇၀ အထက် ရှိတတ် သဖြင့် ဆီခဲခြင်းမှ ကင်းလွတ်ပြီး ဗီတာ မင်အီးပါဝင်မှုများ၍ ကျန်းမာရေးကို အထောက်အကူပြုသဖြင့် ကျန်းမာရေး အတွက် စားသုံးရန်သင့်တော်သော ဆီ တစ်မျိုးဖြစ်ကြောင်း တင်ပြလိုက်ပါသည်။
မြင့်မိုရ်မောင်
အတွဲ (၁၅)၊ အမှတ် (၃)

Popular Posts