September 28, 2016

စာဖတ်စေချင်သည်

စာရေးသူတို့ မြန်မာနိုင်ငံ၏ လူဦးရေ  (၇၀)ရာခိုင်နှုန်းသော ဘ၀စာမျက်နှာတွေကို  ကြည့်လျှင် ကျောပြင်တစ်ခုလုံး နေလောင် နေသည့် တောင်သူများကို တွေ့ကြရမည်။ အဘိုးက လယ်ပိုင်၊ အဖေက ယာလုပ် သားသမီးတွေ၏ဘ၀အစမှာ တောင်ယာ လုပ်ငန်းတွေနှင့်သာ ကန့်လန့်ကာ ဖွင့်ကြ ရသည်။ တောသူတောင်သားတွေအဖို့ ]အလုပ်မရှိ}ဟူသောနေ့မရှိ။ အရေးကြီး ခြင်းနှင့်အရေးမကြီးခြင်းသာကွာခြားပြီး နေ့စဉ်အလုပ်တွေနှင့် ရင်ဆိုင်နေကြရသည်။ လယ်ထွန်၊ ပေါင်းကောက်၊ ထယ်ထိုး၊ နွားစာရိတ်၊ ပေါင်းသင်၊ ရေလောင်း အစရှိ သည့် အလုပ်တစ်ခုမဟုတ်တစ်ခုကတော့ ရှိသည်။

ဆင်နှင့် လူသားတို့၏ နေထိုင်မှုပုံသဏ္ဌာန်

ကမ္ဘာပေါ်တွင်ထင်ရှားသော ဆင် အမျိုးအစား သုံးမျိုးရှိပါသည်။ အာရှဆင် မျိုးနှင့်ကျန်နှစ်မျိုးမှာ အာဖရိကဆင်မျိုးများ ဖြစ်ကြသည်။ အာရှဆင်မျိုးတွင် အိန္ဒိယ သို့မဟုတ် မြန်မာဆင်မျိုး၊ သီရိလင်္ကာ ဆင်မျိုး၊ မလေးယန်းဆင်မျိုးနှင့် စုမတ္တြာ ဆင်မျိုးများ ဖြစ်ကြသည်။ အဆိုပါဆင် များသည် ပုံပန်းသဏ္ဍာန်တူညီမှု ရှိကြ သည်။ အာရှဆင်များသည် အာဖရိက ဆင်မျိုးထက် နားရွက်သေးငယ်ပြီး ချော မွေ့စွာသွယ်ဆင်း သွားသောနှာမောင်း လည်းရှိကြသည်။ ထို့အပြင် အာရှဆင် များသည် အစွယ်ရှည်မပါရှိကြပါ။ သီရိ လင်္ကာဆင်မျိုးများသည် အထီးရော၊ အမပါအစွယ်မရှိကြပါ။ (သူတို့ နေထိုင် သောကျွန်းကြီးတွင် အစာပေါများသော ကြောင့် အစွယ်အသုံးပြုရန်မလိုအပ်သော ကြောင့် အစွယ်မပါရှိကြခြင်းဖြစ်သည်ဟု ဆိုကြသည်)အလုပ်မခိုင်းကြကြောင်း သိရ သည်။ သို့သော် ဆင်ပါးစပ်တွင် ကြိုးကို ကိုက်ချည်စေပြီး ဝန်ထုပ်ပစ္စည်းများ ဆွဲယူ စေသည်ဟု မှတ်သားဖူးပါသည်။

ဒို့ကျေးရွာဗေဒင်

၁-၁၀-၂၀၁၆ မှ ၁၅-၁၀-၂၀၁၆ အထိ


September 23, 2016

အတွဲ(၁၃)၊ အမှတ်(၁၈) ဒေါင်းလုတ်ရယူပါ

၁၅-၉-၂၀၁၆ ရက်နေ့ထုတ်၊ ဒို့ကျေးရွာဂျာနယ် အတွဲ(၁၃)၊ အမှတ်(၁၈)ကို အောက်မှာ ဒေါင်းလုတ်ရယူပါ။



ဒေါင်းလုတ်ယူရန်ကလစ်ပါ




ကျား

ငွေကြည်
အတွဲ(၁၃)၊ အမှတ်(၁၈)

September 22, 2016

ဆလပ်ပင်စိုက်ပျိုးခြင်း

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်ရှိ တောင်သူဦးကြီးများသည် ဆလပ် ပင်များကို စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ဆလပ်ပင်ကို နွေရာသီ၊ မိုးရာသီတွင် မစိုက် ပျိုးဘဲ ဆောင်းရာသီတွင်စိုက်ပျိုးပါက ပိုမိုဖြစ်ထွန်းနိုင်ပါသည်။ ဆလပ်ပင်ကို မြေဩဇာ ကောင်းသောနေရာတွင် စိုက်ပျိုးပါက ပိုမိုဖြစ်ထွန်းပါသည်။ ဆလပ်ပင်သည် ရေဝပ် ဒဏ်ကို မခံနိုင်သောကြောင့် ရေမဝပ်သောနေရာတွင် စိုက်ပျိုးသင့်ပါသည်။ ဆလပ်ပင်ကို သဲဆန်သောမြေ နေရာမြေနေရာတွင် စိုက်ပျိုးလိုပါက မြေဩဇာနိုင်နိုင်ထည့်ပြီး စိုက်ပျိုး နိုင်ပါသည်။ ဆလပ်မျိုးစေ့များကို ပျိုးထောင်ရပါသည်။ ပျိုးထောင်ရာတွင် တစ်ဧက စိုက်ပျိုးရန် အလျား (၁၀)ပေ၊ အနံ (၄)ပေရှိသော ပျိုးဘောင်နှစ်ဘောင် လိုအပ်ပါသည်။ တစ် ဧကစိုက်ပျိုးရန်အတွက် ဆလပ်မျိုးစေ့ (၁၅)ကျပ်သားကို ပျိုးထောင်ရပါသည်။ ဆလပ်ပင်၏သက်တမ်းမှာ ဟင်းရွက်ပင်ဖြစ်သောကြောင့် သက်တမ်းအားဖြင့် တိုတောင်း လှပါသည်။ ထို့ကြောင့် အကြိမ်ကြိမ်စိုက်ပျိုးနိုင်ပါသည်။ 

September 21, 2016

အင်တောရိုးကျေးရွာက ၀င်ငွေတိုးလုပ်ငန်း

          မြန်မာတို့သည် နံနက်စောစောအိပ်ယာ ကထပြီဆိုသည်နှင့် အိမ်တွင်းအိမ်ပြင်၊ ခြံ တွင်းခြံပြင်၊ တံမြက်လှည်းသန့်ရှင်းရေး လုပ်တတ်သည့် ချစ်စရာဓလေ့တစ်ခု ဖြစ် သည်။ နေခြည်ကလေးလက်လာပြီဆို သည်နှင့် ထွက်ပေါ်လာသောတံမြက်လှည်း သံ တရှဲရှဲသည် မြန်မာတို့၏ ကျေးလက် ဒေသများအတွက် ရာသက်ပန်မရိုးနိုင်သော တေးတစ်ပုဒ်ပင် ဖြစ်ပေသည်။ မိုးစင်စင် လည်းလင်း၊ အမှိုက်သရိုက်တွေလည်းရှင်း၊ ရွာလမ်းဖုံဖုံအတွင်း ဆွမ်းခံကြွရောက်လာ တော်မူသော သံဃာတော်များကို နေခြည် ဝင်းဝင်းအောက်တွင် ဖူးတွေ့ရသည်မှာ လည်း ကြည်ညိုသဒ္ဓါပွားများစရာ တင့် တယ်လှပေခြင်း ........။

ဆေးဖက်ဝင်ဆီးဖြူပင်စိုက်ပျိုးခြင်း

  ဆီးဖြူသီးပင်သည် သဲမြေမှအပ မြေ အမျိုးအစားအားလုံးနီးပါးတွင် စိုက်ပျိုးဖြစ် ထွန်းနိုင်ပါသည်။ ခြောက်သွေ့သောဒေသ များမှာပင် ရှင်သန်ဖြစ်ထွန်းနိုင်ပြီး မြေချဉ်ငံ ဓာတ်(စံ) ၉ ဒသမ ၅ ရှိသည့်မြေငံများ မှာပင် စိုက်ပျိုးနိုင်ပါသည်။ ပန်းပွင့်ချိန်တွင် ပူနွေးခြောက်သွေ့သည့်ရာသီဥတုကို ကြိုက် နှစ်သက်၍ ပူပြင်းတဲ့ နွေရာသီမှာ သီးကင်း ဝင်ပြီးစ အသီးများသည် ရက် ၁၀၀ ခန့် ကြီးထွားမှုမရှိဘဲ ငြိမ်သက်နေတတ်ပါသည်။ (အသီးကြီးထွားမှု ရပ်တန့်နေတတ်ပါ သည်)။ အသီးများသည် အပူချိန် ၂၅ မှ ၃၅ ဒီဂရီစင်တီဂရိတ် အတွင်းမှာ ကောင်း စွာ  ကြီးထွားဖွံ့ဖြိုးကြပါသည်။ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလများမှာ မိုးရွာပါက အညွန့် သစ်များထွက်စေနိုင်ပြီး ဇွန်လတွင် ရွာသောမိုးသည် အစေ့အိမ်ကြီးထွားမှုကို အားပေးပါသည်။

ဒို့ကျေးရွာကောက်စိုက်ပွဲ

ပျိုးခင်းစိမ်းလဲ့၊ ယိမ်းနွဲ့ဝေဖြာ
ပျိုးသက်လသား၊ ပင်ပွားများမှာ
စိုက်ကွက်ညီညာ၊ ပြုပြင်ကာထား
ငန်းတက်တန်းစီ၊ ကောက်ချက်ညီ
မဒီပျိုများ၊ ဝင့်ကြွားသည်နှင့်လေး။

September 19, 2016

လယ်ကွင်းများမှ ပြဿနာများအား အဖြေရှာကုစားခြင်း(၁)

မြန်မာ့လယ်ကွင်းများတွင် သီးနှံပိုးမွှားနှင့် ရောဂါများ ကျရောက်ဖျက်ဆီးခံရမှုဒုက္ခအပြင် အခြားသော ရှုပ်ထွေးလှသည့် လယ်ယာပြဿနာများကိုလည်း တောင်သူလယ်သမားကြီးများ ခေါင်းရှုပ်စွာ ခံစားနေကြရသည်။ ပိုးမွှား ရာဂါများများ၏ ဒုက္ခပေးမှု သဘောသဘာဝနှင့် ကာကွယ်နှိမ်နင်းနည်းများကိုမူ နားရည်ဝနေကြပြီဖြစ်သည်။
သို့သော် ပုံမှန်မဟုတ်သော အခြေအနေဖြင့် ပေါ်ထွက်လာသော လယ်ယာပြဿနာများကိုမူ စိမ်းနေကြသည်။ ဘာဖြစ်မှန်းမသိကြရဘဲ လက်ပိုက်သာကြည့်နေကြရသည်။

Popular Posts