မြန်မာ့လယ်ကွင်းများတွင်
သီးနှံပိုးမွှားနှင့် ရောဂါများ ကျရောက်ဖျက်ဆီးခံရမှုဒုက္ခအပြင် အခြားသော ရှုပ်ထွေးလှသည့်
လယ်ယာပြဿနာများကိုလည်း တောင်သူလယ်သမားကြီးများ ခေါင်းရှုပ်စွာ ခံစားနေကြရသည်။ ပိုးမွှား
ရာဂါများများ၏ ဒုက္ခပေးမှု သဘောသဘာဝနှင့် ကာကွယ်နှိမ်နင်းနည်းများကိုမူ နားရည်ဝနေကြပြီဖြစ်သည်။
သို့သော်
ပုံမှန်မဟုတ်သော အခြေအနေဖြင့် ပေါ်ထွက်လာသော လယ်ယာပြဿနာများကိုမူ စိမ်းနေကြသည်။ ဘာဖြစ်မှန်းမသိကြရဘဲ
လက်ပိုက်သာကြည့်နေကြရသည်။
သို့ပါ၍
လယ်ကွင်းများမှ ပုံမှန်မဟုတ်သော ပြဿနာများနှင့် ကုစားခြင်း နည်းလမ်းများကို လယ်သမားကြီးများ
အကျိုးအတွက် စုစည်းရေးသားခြင်းဖြစ်ပါသည်။တောင်သူလယ်သမားကြီးများ၏လယ်ကွင်းများတွင် မဖြစ်မနေ
ကြုံတွေ့နေရသော ပြဿနာမှာ တမန်းပူမိသည့်ပြဿနာဖြစ်ပါသည်။ စပါးပင် တမန်းပူမိလျှင် အမြစ်များ
အမဲရောင်ဖြစ်ပြီးသေနေပါသည်။ အမြစ်အလုပ်မလုပ်တော့ပါ။ စပါးပင်မကြီးထွားတော့ဘဲအရွက်ပြားများ
သေးသေးမျှင်မျှင် ဖြစ်နေပြီး အရွက်ဖျားများ ဝါနေတတ်ပါသည်။
အဘယ်ကြောင့်ဤသို့ဖြစ်ရပါသနည်း။
ပေါင်းမြက်ထူပြောနေသော လယ်ကွက်အား ထွန်ယက်မြေလှန် ရေသွင်း (မိုးရာသီမိုးရေလှောင်)ပြီး
တမန်းပြင်ပါသည်။ တမန်းရသောအခါ တမန်းအောက်ရောက် ရှိသွားသော ပေါင်းမြက်များ ဆွေးမြည့်သွားအောင်
(တမန်းအေးအောင်)မစောင့်ဘဲ ချက်ချင်းစိုက်သောကြောင့် ဖြစ်ရသည်။ ပေါင်းမြက်များ တမန်းတွင်း
ရောက်သောအခါ မြေတွင်းရှိ အင်ဆိုင်းများ၊ အဏုဇီဝသက်ရှိများ အကူအညီဖြင့် တဖြည်းဖြည်း
ဆွေးမြည့်ရပါသည်။ ဤသို့ ဆွေးမြည့်နေမှုဖြစ်စဉ် ဖြစ်နေစဉ် (Process)တွင် အပူငွေ့၊ အော်ဂင်းနစ်အက်စစ်များ၊
ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့၊ ဆာလ်ဖိုင်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များ ထွက်ပါသည်။ ၄င်းအပူနှင့်
ဓာတ်ငွေ့များကစပါးပင်အမြစ်ကို လောင်စေပါသည်။
စပါးပင်ကိုနုတ်ကြည့်ပါက
အမြစ်သည် ညိုမဲရောင်ဖြစ်နေပြီး၊ ပုပ်အီအီအနံ့ရရှိပါသည်။ စပါးစိုက်မြေအား ရေ
သွင်း (မိုးရေလှောင်)ပြီး
မြေပြုပြင်ပါက အပူငွေ့နှင့်တစ်ပြိုင်တည်း ဖောမစ်အက်စစ်၊ အက်စစ်တစ်အက်စစ်၊ ပရိုပီရောနစ်အက်စစ်နှင့်
ဗျူတဲရစ်အက်စစ်များ ထွက်ပါသည်။ ရေဝပ်ခံပြီး တစ်ပတ်မှ နှစ်ပတ်အကြာတွင် အော်ဂင်းနစ် အက်စစ်ပမာဏ
၁၀ မီလီမိုး/လီတာပြင်းအားမှ ၄၀ မီလီမိုး/လီတာပြင်းအားထိ တက်လာပါသည်။ လယ်ကွင်းတွင် အက်စစ်တစ်အက်စစ်ပြင်းအား
၁၅ မီလီမိုး/လီတာထိရှိလာလျှင် စပါးပင်အဆိပ်အတောက် ဖြစ်စေပါသည်။ (Takijmaet.at.1960)၊ ရာသီဥတုအေးနေပါက ဓာတ်ြပိုကွဲမှုနှေးနေသဖြင့်
စပါးပင် ပိုထိခိုက်စေပါသည်။ နွေစပါးတွင် အထူးသတိပြုရန် လိုပါသည်။
ရေတင်သွင်း
(မိုးရေလှောင်)ပြီး တစ်ပတ်မှ နှစ်ပတ်ခန့်ကြာလျှင် မြေတစ်ဧက အတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်
တစ်တန်ခန့်ထိထွက်ရှိနိုင်ပါသည်။ သုည ဒသမ ၅ atm မှ သုည ဒသမ ၈ atm ထိရှိပြီး ကြာလျှင်
သုည ဒသမ ၁ atm ထိ ပြန်ကျသွားသည်။ မြေစေးတွင်ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ် ထွက်ရှိမှုနှေး၍
သဲဆန်သောမြေဖြစ်ပါက မြန်မြန်နှင့်များများ ထွက်စေပါသည်။ အပင်လောင်ကျွမ်းမှု ပိုခံရစေနိုင်သည်။
နှစ်ပတ်ကျော်ကြာလာပါက ကာဗွန်ဒိုင်အောက်ဆိုဒ်များ လေထဲပျံ့လွင့်ခြင်း၊ မြေအောက် စိမ့်ဆင်းခြင်း၊
ကာဗွန်နိတ်အဖြစ်ပြောင်းလဲခြင်း၊ မီသိန်းဓာတ်အဖြစ် ပြောင်းလဲအငွေ့ပျံခြင်းများကြောင့်
တဖြည်းဖြည်းလျော့ကျလာသည်။ မြေပြင်လက်တွေ့တွင်မြေပြင်ပြီး နှစ်ပတ်ကျော်ကြာမှ စိုက်ပျိုးခြင်းသည်
တမန်းပူမိခြင်းကို ရှောင်ကွင်းနိုင်ပါသည်။ (Ponnameperuma,
1972)
တမန်းပူမိခြင်း
မလွဲမသွေခံစားရမည်ဆိုပါက စိုက်ခင်းကို ရေလျှော့ပါ။ တစ်ဧကလျှင် စက်ဖွဲပြာအိတ် ၂၀၊ ဂျစ်ပဆန်ကျောက်မှုန့်
၅၀ ကီလိုဝင် နှစ်အိတ်ရောပြီး စပါးခင်းတွင် ကြဲပက်ပါ။ ပြီးလျှင်အမြစ်ဇုန်ထိရောက်အောင်
စပါးပင်ကြားတွင် ခြေမြင့်လိုက်နင်းပေးခြင်းဖြင့် ကုစားနိုင်ပါသည်။
နောက်တစ်ချက်မှာ
လယ်သမားကြီးများ မည်သို့မျှ မသိရဘဲ ဆန်တွင် ဗိုက်ဖြူဖြစ်ရခြင်း ပြဿနာပင်ဖြစ်သည်။ ဗိုက်ဖြူပါက
ဆန်အရည်အသွေးကျဆင်း၍ ဈေးကောင်းမရဖြစ်စေပါသည်။ ဆန်တွင် ဗိုက်ဖြူဖြစ်ပေါ်ရခြင်းမှာ ဆန်အဆီဓာတ်အလုံးများသည်
ဆန်သားအတွင်း လေဟာနယ်များစွာနှင့် လျော့ရဲစွာ ဖွဲ့စည်း မှုကြောင့် ဖြစ်ပေါ်ရသည်။ ဤသို့ဖြစ်ရခြင်းမှာ
စပါးမျိုး၏ ဗီဇ၊ အနှံထွက်ပန်းပွင့်ချိန်နှင့် နို့ရည်တည်ချိန်တွင် အပူချိန်မြင့်လွန်းခြင်း၊
ရေငတ်ဒဏ်ခံရခြင်းတို့ကြောင့်ဖြစ်သည်။ စိုက်ပျိုးသောရာသီဥတုပေါ် မူတည်၍ အချို့မျိုး များသည်
ဗိုက်ဖြူပါပြီး ဆန်ရည်ဆန်သားကြည်လင်တတ်သည်။ ထို့အတူဆန်သား ကြည်လင်သော မျိုးတို့သည်လည်း
ဗိုက်ဖြူပါပြီး ဆန်ရည်ဆန်သားကြည်လင်တတ်သည်။ ထို့အတူ ဆန်သားကြည်လင်သော မျိုးတို့သည်လည်း
ဗိုက်ဖြူဖြစ်ပေါ် တတ်သည်။ မူလမျိုးရိုးဗီဇအပေါ် ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုကြောင့် ဖြစ်ရခြင်းဖြစ်သည်။
စပါးပန်းပွင့်ချိန်ကာလအပူချိန်
ဆန်းစစ်ချက်အရ မိုးရာသီအမြင့်ဆုံး အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်မှ ၃၁ ဒီဂရီစင်တီဂရိတ်ရှိပြီး
နွေရာသီတွင် ၃၆ ဒီဂရီစင်တီဂရိတ်မှ ၃၇ ဒီဂရီစင်တီဂရိတ်ရှိသော အခြေအနေတွင် ဘာစမာတီ၊ မနောသုခ၊
ယာလ၊ သီးထပ်ရင်စပါးများကို ကြိတ်ခွဲ၍ ဗိုက်ဖြူပါဝင်မှုကိုစစ်ဆေးရာ နွေရာသီစိုက်သော စပါး
အားလုံးတွင် ဗိုက်ဖြူဖြစ်ပေါ်ကြောင်း တွေ့ရရှိ သည်။ နွေစပါးစိုက်ပျိုးရာတွင် အပူချိန်မြင့်မိခြင်း၊
သွင်းရေဖြစ်သဖြင့် နို့ရည်တည်ချိန်တွင် ရေပြတ်တတ်ခြင်း၏ အကျိုးဆက်များကြောင့်ဖြစ်ပါသည်။
သို့ပါ၍ စပါးစိုက်ရာတွင်ပန်းပွင့်ချိန်၊ နို့ရည်တည်ချိန်တွင် အပူချိန်မြင့် မမိစေရန်နှင့်
ရေမပြတ်စေရန်ချိန်ဆစိုက်ပျိုးရန် လိုအပ်ပါသည်။
မြန်မာ့လယ်ယာမြေများတွင်
အများဆုံးဖြစ်ပေါ်နေသည့် ပြဿနာမှာ စပါးနှစ်စဉ်ဆက်တိုက် စိုက်ပျိုးလာရင်း ဘာကြောင့်မှန်းမသိဘဲ
အလိုလို စပါးထွက်ကျလာခြင်းဖြစ်ပါသည်။ စိုက်ပျိုးရေး၊ သုတေသန၊ ရေဆင်းတွင် ၁၉၈၇ မှ ၁၉၉၄
ထိေ ကျာ်ဇေယျစပါးမျိုးဖြင့် ခုနစ်နှဓစ်တာ စမ်းသပ်တွေ့ရှိမှုကို တင်ပြပါမည်။
စပါးကို
တစ်နှစ်တစ်သီးစနစ်ဖြင့်နှစ်စဉ်ဆက်တိုက် စိုက်ပျိုးပါက စတုတ္တနှစ်မှစ၍ စပါးအထွက် သိသာစွာကျဆင်းသွားကြကြောင်း
တွေ့ရရှိသည်။ စပါးကို နှစ်စဉ်ဆက်တိုက် စိုက်ပါက မြေချဉ်ငန်ကိန်း၊ နိုက်ထရိုဂျင်ဓာတ်၊
ဖော့စ်ဖရပ်ဓာတ်၊ ကယ်လ်ဆီယမ်ဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်၊ နုန်း၊ မြေစေး ပါဝင်မှုများသိသိသာသာ
လျော့ကျသွားပါသည်။ သဲပါဝင်မှုပိုများလာပြီး မြေအမျိုးအစားမှာလည်း သဲဆန်သောမြေအဖြစ် ပြောင်းလဲသွားပါသည်။
မြေ၏ ရူပဂုဏ်သတ္တိရော၊ ဓာတ်ဂုဏ်သတ္တိပါ ပြောင်းလဲမှုဖြစ်သွားစေပါသည်။
ဤပြဿနာကို
ကုစားနိုင်ရန်မှာ စပါး၊ ဂျုံ၊ ပြောင်းစသော နှံစားသီးနှံများအား သီးနှံတစ်မျိုးတည်း
ဆက်တိုက်စိုက်သော သီးနှံပုံစံအစား ပဲမျိုးရင်းဝင်အပင်များ ပါဝင်သော သီးနှံပုံစံဖြင့်
ပြောင်းလဲစိုက်ပျိုးရန်ဖြစ်သည်။ ဓာတ်မြေဩဇာသက်သက် တစ်မျိုးတည်း အသုံးပြုခြင်းအား ဓာတ်မြေဩဇာနှင့်
တွဲဖက်၍ နွားချေး၊ မြေဆွေး၊ သီးနှံအမှော်အမှိုက်ဆွေးများကို နှစ်စဉ်ပြုလုပ်သုံးစွဲပြီး
ဂျစ်ပဆန်ကျောက်မှုန့်တစ်ဧက ပေါင် ၁၀ဝ ခန့် တွဲဖက်အသုံးပြုရန် လိုအပ်ပါသည်။
တောင်သူလယ်သမားကြီးများ၏
စပါးခင်းတွင် ကျယ်ပြန့်စွာတွေ့ရှိရသော ပြဿနာမှာ သံဓာတ်အဆိပ်သင့် (IronToxicity) ခံရခြင်းပင်ဖြစ်သည်။
သံဓာတ်အဆိပ်သင့်ခံရမှု အကြောင်းအရင်းမှာ မြေချဉ်ငန်နိမ့်သောမြေတွင် ဖဲရစ်ပျော်ဝင်မှုနည်းခြင်း၊
ထည့်သွင်းသော အာဟာရဓာတ်များ မမျှတခြင်း၊ စပါးပင်၏ အမြစ်များ၊ ဓာတ်တိုးမှုလျော့နည်းခြင်း၊
မဆွေးမြေ့သေးသော အော်ဂင်းနစ် အကြွင်းအကျန်ပစ္စည်းများ လွန်ကဲစွာထည့်ခြင်း၊ သွင်းရေ(သို့)
မြေအောက်ရေတွင် သံဓာတ်ပါဝင်နေခြင်း၊ ရေဝပ်ပြီး ဓာတ်ဖိုဖလှယ်နိုင်စွမ်းအားနိမ့်သော အဓိက(N,
P, K) ပါဝင်မှုနည်းသော မြေများဖြစ်ခြင်းကြောင့်သံဆိပ်သင့်ရခြင်းဖြစ်သည်။
စပါးပင်များ
သံဆိပ်သင့်ခံရပါကအောက်ရွက်များ ထိပ်ဖျားမှစ၍ အညိုရောင်အစက်အပျောက်များ စတင်ဖြစ် ပေါ်ပြီး
ဆိုးရွားပါက တစ်ရွက်လုံးပျံ့နှံ့၍နောက်ဆုံးတွင် လိမ္မော်ဝါရောင်မှ အညိုရောင်သို့ ပြောင်းသွားသည်။
စပါးပင်၏ အမြစ်တွင် အပေါ်ယံ၌ အမဲရောင်များဖုံးလွှမ်းနေပြီး မြစ်မွှေးကြမ်းများ ပြန့်ကျဲနေသည်။
အမြစ်ဖွဲ့စည်းပုံ ညံ့ဖျင်းပြီး အပင်ကြီးထွားမှုဖွံ့ဖြိုးမှု မသန်စွမ်းတော့ပေ။
စပါးပင်
သံဆိပ်သင့်ခံရမှုလက္ခဏာကို စပါးစိုက်ပြီး တစ်ပတ်မှ နှစ်ပတ်အတွင်း တွေ့မြင်နိုင်သည်။ တစ်ခါတစ်ရံနှစ်လကျော်မှ
တွေ့ရှိရသည်။ ကျန်းမာသန်စွမ်းသော စပါးပင်အမြစ်အရောင်သည်ဝါညိုရောင်ရှိပြီး ဖဲရစ်အောက်ဆိုဒ်နှင့်ဟိုက်ဒရော့ဆိုဒ်များကို
တွေ့ရသည်။ သံဆိပ်သင့်မှုသည် သံ၊ မဂ္ဂနီးစ်၊ အလူမီနီယမ်တို့ကြောင့် ဖြစ်ပေါ်စေပြီး၊ ဖော့စ်ဖိတ်၊
ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ကယ်လ်စီယမ်တို့ ချို့တဲ့မှုတို့နှင့်လည်း ဆက်နွယ်နေပါသည်။
သံဆိပ်သင့်မှုတွင် ဖဲရစ်နှင့် မဂ္ဂနီးစ်အောက်ဆိုဒ်များကြောင့် စပါးပင်မှ အခြားအာဟာရ စုပ်ယူမှုနည်းစေသည်။
သံဆိပ်သင့်မှုနှင့်အတူ ဇင့်ချို့တဲ့မှုလည်းတွေ့ရတတ်သည်။ ဇင့်ဓာတ်စုပ်ယူမှုလျော့နည်းစေသည်။
စပါးပင်
သံဆိပ်သင့်မှုကို ကုစားရန်မှာ ပိုတက်စီယမ်၊ ဖော့စ်ဖရပ်ဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်များ ပါဝင်သော
မြေဩဇာများ ထည့်သွင်းပေးရန် လိုအပ်ပါသည်။ မြေ၏ချဉ်ငန်ကိန်းမြင့်လာစေရန်အတွက် တစ်ဧကလျှင်
ထုံး ပေါင် ၂၀ဝ မှ ပေါင် ၃၀၀ ထည့်ပေးရမည်ဖြစ်သည်။ အပေါ်ယံမြေတွင် ဖဲရစ်ဓာတ်များ ယုတ်စာမျက်နှာ
၆ သို့စာမျက်နှာ ၅ မှလျော့မှု လျော့နည်းစေရန် မဂ္ဂနီးစ်ဒိုင်အောက်ဆိုဒ် တစ်ဟက်တာ ၁၀ဝ
ကီလိုဂရမ်မှ ၂၀ဝ ကီလိုဂရမ် ထည့်သွင်းပေးရန် လိုအပ်ပါသည်။ စပါးစိုက်ခင်းစိုက်ပြီး ၂၅
ရက်ကြာ၊ ကြဲခင်းကြဲပြီး ၃၀ ရက်ကြာတွင် ၇ ရက်မှ ၁၀ ရက် ကြာရေထုတ်ပေးရမည်ဖြစ်သည်။ စပါး
ရိတ်သိမ်းပြီးပါက ထယ်ထိုးမြေလှန်၍ ထယ်စာခဲကို နေပူလှန်းထားခြင်းဖြင့် သံဓာတ်များ အငွေ့ပျံ၍
သံဓာတ်အဆိပ်သင့်မှုကိုသက်သာစေပါသည်။
နောက်လယ်သမားကြီးများ
ကြုံတွေ့ခံစားနေရသော ပြဿနာတစ်ခုမှာ ဆပ်ပြာပေါက်မြေများဖြစ်ပါသည်။ မြန်မာပြည်အလယ်ပိုင်းဒေသများတွင်
ပို၍ တွေ့ရှိရပါသည်။ ဆပ်ပြာပေါက်မြေဖြစ်ရခြင်းမှာ ဆိုဒီယမ်ဓာတ်ပါဝင်မှု များနေခြင်းကြောင့်လည်းကောင်း၊
မြေချဉ်ငန်ကိန်း ၈ ဒသမ
၅ မှ ၁၁ ထိ မြင့်နေခြင်းကြောင့်လည်းကောင်း၊
ဆိုဒီယမ်ကာဗွန်နိတ်၊ ဆိုဒီယမ်ဟိုက်ဒြိုကာဗွန်နိတ်၊ ကယ်လ်စီယမ်ကာဗွန်နိတ်နှင့် ဆီလီကာများပျော်ဝင်ပျောက်ဆုံးမှု
ကြောင့်လည်းကောင်း နိုက်ထရိုဂျင်ဓာတ်နှင့် ဖော့စ်ဖရပ်ဓာတ်များ ပြန့်ကြဲနေခြင်းကြောင့်လည်းကောင်းဖြစ်ရသည်။
ဆပ်ပြာ ပေါက်မြေများသည် ရေစိုလျှင် စေးကပ်နေပြီးခြောက်သွေ့လျှင် မာကျောလာကာ ရေစိမ့်ဝင်မှု
ညံ့ဖျင်းခြင်း၊ ရေပျံ့နှံ့မှု ညံ့ဖျင်းခြင်းများ ဖြစ်ပေါ် စေသည်။
ဆပ်ပြာပေါက်မြေတွင်
ဆိုဒီယမ်အဆိပ်သင့်ခြင်း၊ ကယ်လ်စီယမ်၊ သံ၊ သွပ်ဓာတ်များ ချို့တဲ့ခြင်း၊ ဘိုရွန်ဓာတ်များ
အဆိပ်သင့်ခြင်းများ ပူးတွဲဖြစ်ပေါ်စေသည်။ ဆပ်ပြာပေါက်မြေတွင် စပါးရွက်၌ နီညိုရောင်မညီကွက်များဖြစ်ပေါ်ပြီးမီးလောင်သလိုခြောက်ကာ
သေသွားစေသည်။ ဆပ်ပြာပေါက်မြေကို ကုစားရန်မှာ ကယ်လ်စီယမ်ဆာလ်ဖိတ်(gypsum)တစ်ဧက ပေါင် ၃၀ အသုံးပြုခြင်း၊ ဆပ်ပြာပေါက်မြေလယ်ကွက်သို့
ရေသွင်းလိုက်၊ ထွန်မွှေလိုက်၊ ရေလွှတ်လိုက် ငါးကြိမ်မှ ခြောက်ကြိမ်ပြုလုပ်ပြီး ဆေးကြောပေးပါက
ဆပ်ပြာဓာတ်ပါဝင်မှု လျော့ကျစေ နိုင်ပါသည်။ ကယ်လ်ဆီ ယမ်ဆာလ်ဖိတ် အသုံးပြုပါက မြေချဉ်ငန်
ကိန်းလျော့ကျစေခြင်း၊ ကယ်လ်စီယမ်၊ သံ၊ မဂ္ဂနီးစ်နှင့်ဖော့စ်ဖရပ်ဓာတ်များ အပင်က စားသုံးမှုမြင့်မားစေခြင်း၊
ကောင်းမွန်သော မြေဆီလွှာရုပ်ဂုဏ်သတ္တိပါ ပြောင်းလဲလာစေခြင်းစသည့်အကျိုးများ ရရှိစေနိုင်ပါသည်။
အောင်ဆန်း(စိုက်ပျိုးရေး)
အတွဲ(၁၃)၊ အမှတ်(၁၈)