မြန်မာတို့သည် နံနက်စောစောအိပ်ယာ ကထပြီဆိုသည်နှင့်
အိမ်တွင်းအိမ်ပြင်၊ ခြံ တွင်းခြံပြင်၊ တံမြက်လှည်းသန့်ရှင်းရေး လုပ်တတ်သည့် ချစ်စရာဓလေ့တစ်ခု
ဖြစ် သည်။ နေခြည်ကလေးလက်လာပြီဆို သည်နှင့် ထွက်ပေါ်လာသောတံမြက်လှည်း သံ တရှဲရှဲသည် မြန်မာတို့၏
ကျေးလက် ဒေသများအတွက် ရာသက်ပန်မရိုးနိုင်သော တေးတစ်ပုဒ်ပင် ဖြစ်ပေသည်။ မိုးစင်စင် လည်းလင်း၊
အမှိုက်သရိုက်တွေလည်းရှင်း၊ ရွာလမ်းဖုံဖုံအတွင်း ဆွမ်းခံကြွရောက်လာ တော်မူသော သံဃာတော်များကို
နေခြည် ဝင်းဝင်းအောက်တွင် ဖူးတွေ့ရသည်မှာ လည်း ကြည်ညိုသဒ္ဓါပွားများစရာ တင့် တယ်လှပေခြင်း
........။
တံမြက်လှည်းခြင်း၏အကျိုးကျေးဇူး
တံမြက်လှည်းခြင်းနှင့်ပတ်သက်၍ ရှေး ပညာရှိတစ်ဦးက
မိန့်မြွတ်ခဲ့ဖူးမှာ ]]သူများ စိတ်ကြည်၊ ကိုယ့်စိတ်ကြည်၊ တစ်လီနတ် ချစ်၊ ရောင်လျှင်ဆင်းလှ၊
သေကာလရောက် နတ်ပြည်...။}}ဟူ၍ ဖြစ်သည်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်
မြို့နယ်၊ ဆံဆွဲကျေးရွာအုပ်စုသည် တန့်ဆည် မြို့နယ်၏တောင်ဘက်တွင်တည်ရှိပြီး လူဦးရေ
(၄၁၀၀)၊ အိမ်ခြေ (၆၆၈)နှင့် ကျေးရွာပေါင်း (၁၀)ရွာပါဝင်သော ကျေးရွာ အုပ်စုကြီး ဖြစ်ပါသည်။
ဆံဆွဲကျေးရွာ အတွင်းပါရှိသည့် အင်တောရိုးကျေးရွာ သည် လူဦးရေ (၅၀၀)ကျော်နှင့် အိမ်ခြေ
(၈၅)ခန့်ရှိပြီး ဆံဆွဲကျေးရွာ၏ အနောက် ဘက်တွင်တည်ရှိသည့် ကျေးရွာတစ်ရွာ ဖြစ်သည်။ အင်တောရိုးရွာသူရွာသားများ
သည် မိရိုးဖလာတောင်သူလုပ်ငန်းကို ရာသီ အလိုက် ဓားမဦးချလုပ်ကိုင်စားသောက်လာ ခဲ့ရာ လုပ်ငန်းပြီးစီး၍
နွားနှင့်ထွန်တုံးထွန် တံများကို ခေတ္တဖြုတ်သိမ်းပြီး နားနေရ သည့်ကာလများ၌ ရရှိသောအချိန်ပိုကို
ပျော်ကားပါးကာဖြင့် အလဟသအကုန်ခံ ရိုး ထုံးစံမရှိခဲ့ပါ။
အကြောင်းအမျိုးမျိုးကြောင့် ပြင်ပ ထွက်ခွာစီးပွားရှာရသူတစ်ချို့၊
အိုမင်း မစွမ်းတော့သည့် သက်ကြီးရွယ်အိုတစ်ချို့ နှင့် ကလေးသူငယ်များမှလွဲ၍ ကျန်ကျေးရွာ
သူကျေးရွာသားအားလုံးမှာ တစ်ဖက် တစ်လမ်းမှ ဝင်ငွေတိုးစေသော အုန်း တံမြက်ရှည် (အုန်းလက်တံမြက်စည်းရှည်)
ထိုးခြင်းလုပ်ငန်းကို အိမ်တိုင်းစေ့လိုလို လုပ်ကိုင်ကာ အချိန်ပိုကို အကျိုးရှိရှိ အသုံး
ချကြပါသည်။ အိမ်ထောင်စုတိုင်း အိမ် ထောင်စုတိုင်းရှိ အသက် (၁၀)နှစ်အရွယ် ကလေးသူငယ်များမှအစ
လူတိုင်းမှာ ကျွမ်းကျင်ရာလိမ္မာဆိုသလို အုန်းတံမြက် စည်းထိုးခြင်းအတတ် လက်မှုပညာကို နိုင်
နိုင်နင်းနင်းတတ်ကျွမ်းကြသည်။
အုန်းတံမြက်စည်းကို အကောင်းစား ရှယ်အဆင့်၊
အလတ်စားကောင်းအဆင့်နှင့် အညံ့စားသာမာန်အဆင့်ဟူ၍ ခွဲခြားထား ပြီး အုန်းတံမြက်စည်းပွဲစားများက
ရှည် အဆင့်ကို ၁၀၀ဝိ^-နှုန်း၊ ကောင်းအဆင့် ကို ၆၀ဝိ^-နှုန်းနှင့် သာမန်အဆင့်ကို ၄၀ဝိ^-နှုန်းဖြင့်
ကောက်ယူကြပြီး တစ်လ လျှင် အင်တောရိုးတစ်ရွာလုံးမှ အုန်း တံမြက်စည်းချောင်းရေ (၂၅၀၀၀)
မှ (၃၀၀၀၀)အထိ ထွက်ရှိပါသည်။ ကုန် ကြမ်းပစ္စည်းအပြည့်အစုံ စုဆောင်းထားပြီး ပြီဆိုပါက
အုန်းတံမြက်စည်းရှည်တစ်ချောင်း အတွက် အမြတ် ၁၅ဝိ^-နှုန်း ရရှိ၍ လူ တစ်ဦးလျှင် အုန်းတံမြက်စည်းရှည်
(၅) ချောင်းနှုန်းခန့်ထိုးနိုင်သဖြင့် အုန်းတံမြက် စည်းရှည်လုပ်ငန်းမှ တစ်နေ့တာဝင်ငွေ
၁၅၀၀ဝိ^-ခန့်ရမည်ဖြစ်ပါသည်။ ပွဲစားများ မှ အင်တောရိုးကျေးရွာမှထွက်ရှိသော အုန်း တံမြက်စည်းရှည်များကို
မန္တလေး၊ မိုးကုတ်၊ မုံရွာအစရှိသော မြို့နီးပါးများမှအစ ရှမ်း ပြည်မြောက်ပိုင်း သီပေါ၊
ကျောက်မဲ၊ လားရှိုးမြို့များ၊ ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနားမြို့တို့ရှိ
ပွဲရုံများသို့ ကား၊ ရထားတို့ဖြင့် သယ်ယူပို့ဆောင်ကာ ရောင်းဝယ်ဖောက်ကားကြရုံသာမက လားရှိုးမြို့မှတစ်ဆင့်
တရုတ်ပြည်၊ ရွှေလီ နယ်စပ်အထိပင် ခရီးဆန့်ပြန့်နှံ့ပို့ဆောင် ရောင်းချခဲ့ကြသဖြင့် ပြည်တွင်းသာမက
ပြည်ပဈေးကွက်အထိပင် ခရီးပေါက်နေပြီ ဖြစ်ပါသည်။ အုန်းတံမြက်စည်းအရှည် တစ်ချောင်းထိုးရန်အတွက်
လိုအပ်သော ကုန်ကြမ်းပစ္စည်းများမှာ -
(က) အရှည် (၃)တောင် အချင်း ၁၅ လက်မခန့်ရှိ မျှင်ဝါးတစ်ချောင်း
(ခ) အချင်းလေးလက်မခန့်ရှိ သစ်သား ဘီးတစ်ခု
(ဂ) ရိုးတံပြုလုပ်ရန် လုံးပတ်ခဲတံလုံး၊ အရှည်နှစ်ပေခန့်ရှိ သစ်သား (သို့) ဝါးနှစ်ချောင်း
(ဃ) အုန်းတံအလေးချိန် ၃၅ ကျပ်သားခန့် (အထူးရှယ်အထွက်အုန်းတံ
၅၀ကျပ် သားခန့်)
(င) အရှည်နှစ်တောင်၊ ထုနှစ်မူးခန့်ရှိ ထန်းလျှော်ပင်ရေ
(၂၀)ခန့်နှင့်
(စ) အချင်းတစ်လက်မခွဲရှိ ထန်းလျှော် ကြိမ်ကျင်းခွေတစ်ခုတို့
ဖြစ်သည်။
အုန်းတံမြက်စည်းအရှည်တစ်ချောင်း ပြုလုပ်ပုံအဆင့်ဆင့်ကို
တင်ပြရပါက
(က) အရှည် (၃)တောင်ခန့်ရှိ မျှင်ဝါးရိုး အရင်းပိုင်းမှ
နှစ်လက်မအကွာတွင် ဖောက်ပြီး သစ်သားဘီးတပ်ကာ ရိုးတံ တစ်ချောင်းကို ငုတ်အဖြစ်ထိန်းသွား
ရန် ထိုးစိုက်ပေးရပါသည်။
(ခ) ၎င်းသစ်သားဘီးအပြင်ဘက် (ဖောင်း အုံး)အထက်လေးလက်မခန့်အကွာ
တွင် ကျန်ရိုးတံတစ်ချောင်းကို ထန်း လျှော်ကြိမ်ခွေထားရှိရန် ဝါးရိုးကို ဖောက်ပြီး ထိုးစိုက်ထားရပါသည်။
(ဂ) အရှည်နှစ်တောင်၊ ဗျက်နှစ်မူးခန့်ရှိ ထန်းလျှော်ပြားပင်ရေ
(၂၀)ခန့်ကို စုဆောင်းထားရှိရပါသည်။
(ဃ) သာမန်အဆင့် (ပွဲစားသိမ်း) အုန်း တံမြက်စည်းရှည်တစ်ချောင်းစာအတွက်
အုန်းတံ (၃၅) ကျပ်သားခန့်ကို လျာ ထားပြီး ယင်းအထဲမှတစ်ဝက်ကို အရင်းပိုင်း နှစ်လက်မခန့်အား
နှစ်ည ရေစိမ်ထားပြီး အနည်းငယ်ပျော့လာ သည်အထိ ထုထောင်းပေးရပါသည်။
(င) ထုထောင်းထားပြီးသား အုန်းတံများ ကို ထန်းလျှော်ဖြင့်
သက်ငယ်ပတ်ရ ပါသည်။ ယင်းသို့ပြုလုပ်ရာတွင် သစ်သားဘီးပေါ်မှ အုပ်ပြီးပတ်နိုင်ရန် အတွက်
ကိုးလက်မခန့်အရှည်ရသည် အထိ ပြုလုပ်ရပါသည်။
(စ) ၎င်းအုန်းတံသက်ငယ်ပတ်ပြီးသားကို သစ်သားဘီးပေါ်မှ တံမြက်စည်းဝါးရိုး
တွင် ရစ်ပတ်အုပ်ခုပေးပြီး ငုတ်စုတံ ဖြင့်ထိန်းထားကာ ကြိမ်ခွေအောက်၌ ထိုးသပ်ထားရပါမည်။
ယင်းအဆင့် ကို အုံးလုံးခြင်းအဆင့်ပြီးသည်ဟု ခေါ်ပါသည်။
(ဆ) ကျန်ရှိသောအုန်းတံတစ်ဝက်၏ အရင်း ပိုင်းအား ချွန်သပ်ပေးထားရပြီး အထက်ကကြိမ်ခွေတွင် တစ်ချောင်း ချင်းထိုးစိုက်ကာ
အုန်းတံတစ်တံ ကောက် အုန်းတံနှစ်တံခြား စတင်၍ ထန်းလျှော်ဖြင့် ထိုးသပ်ကောက်ခြင်း ကို
လေးလက်မခန့်ပြုလုပ်ရပြီး အလယ် ဖောင်းရစ်ကို နှစ်လက်မခွဲခန့်ထိ ပြု လုပ်ရပါသည်။
(ဇ) ၎င်းနောက် အုန်းတံတစ်တံကောက်၊ အုန်းတံ (၄)တံကျော်ကို
ထန်းလျှော် ဖြင့် ထိုးသပ်ကောက်ခံခြင်းနှင့် အလယ် အုံအပြီးထိုးခြင်းကို လေးလက်မခန့်
ပြုလုပ်ရပြီး အလယ်ဖောင်းရစ်ကို နှစ်ရစ်တင်ထိုးရပါမည်။
(ဈ) အလယ်ဖောင်းရစ်ပြီးနောက် ယင်း၏ နှစ်လက်မခန့်အကွာ၌
အထက်ဖောင်း ရစ်ကြီး (ကင်းခြေထိုးခြင်း)ပြုလုပ်ပြီး နောက် ခိုင်ခံ့သပ်ရပ်လှပသော အုန်းတံ
မြက်စည်းရှည်တစ်လက်ကို ရရှိပြီး ဖြစ်ပါသည်။
ယင်းကဲ့သို့ အားလပ်ရက်များ၌ ရွာ လုံးကျွတ်နီးပါးကလေးလူကြီးမကျန်၊
တစ်နိုင်တစ်ပိုင်လက်မှုလုပ်ငန်းမှထွက်ရှိ သော အကျိုးစီးပွားအသီးပွင့်များကို မိမိတို့ မိသားစုစားဝတ်နေရေးအတွက် သုံးစွဲနိုင် ကြသည်သာမက
ပညာရေးအနေဖြင့် အင်းတောရိုးကျေးရွာအပါအဝင် အံဆွဲ ကျေးရွာအုပ်စုတစ်စုလုံးတွင် ယနေ့အထိ
ဘွဲ့ရပြီးသူ (၁၅၄)ဦး၊ တက္ကသိုလ်တက် နေသူ (၇)ဦးနှင့် အခြေခံပညာအထက်တန်း ကျောင်းအောင်မြင်ပြီးသူ
စုစုပေါင်း (၂၃၀) ဦးခန့်ရှိပြီး ဖြစ်ပါသည်။ အမျိုး၊ ဘာသာ၊ သာသနာရေးဘက်တွင် ကြည့်ပါကလည်း
ဆံဆွဲအုပ်စုတစ်ခုလုံး၌ ကြီးမားခန့်ညား ထည်ဝါသော ဘုန်းတော်ကြီးကျောင်းကိုး ကျောင်းရှိပြီး
အသက်ခုနစ်နှစ်ပြည့်ပြီး၍ ရှင်မပြုရသေးသောအိမ်ထောင်စုမှာ မရှိ သလောက် ဖြစ်သည်သာမက နှစ်စဉ်
ဝိပဿနာတရားပွဲကြီးများ အသံမစဲမဟာ ပဋ္ဌာန်းပွဲကြီးများနှင့် ဘုရားပွဲတော်များကို လည်း
စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ခဲ့ပါသည်။ ထို့အပြင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍအနေဖြင့်ကြည့်ပါက
(၁၂၀ ပေ_ ၃၆ ပေ_ ၁၀ပေ)အတိုင်း အတာရှိပြီး တန်ဖိုးကျပ်သိန်း (၂၀၀)ရှိ အုတ်ညှပ်တစ်ထပ်၊
မူလတန်းလွန်ကျောင်း ဆောင်သစ်ကိုလည်းကောင်း (၁၈ ပေ_ ၁၂ ပေ_ ၁၂ပေ) အတိုင်းအတာရှိပြီး
တန်ဖိုးကျပ် (၈၅)သိန်းရှိ အုတ်ညှပ်တစ်ထပ် ကျေးလက်ဆေးပေးခန်းကိုလည်းကောင်း၊ ကိုယ့်အားကိုယ်ကိုးတည်ဆောက်နိုင်ခဲ့ပြီး
ဖြစ်ပါသည်။
သို့ပါ၍ အချိန်ကို တန်ဖိုးရှိစွာ အသုံး ချနိုင်ပြီး
ကုသိုလ်လည်းရ ဝမ်းလည်းဝစေ သည်သာမက လှူရေးတန်းရေးလူမှုရေးနှင့် ရပ်ရွာဖွံ့ဖြိုးရေးအတွက်ပါ
အားထားရသည့် အင်တောရိုးကျေးရွာကလေးမှ ပြည်ပအထိ ခရီးဆန့် ပြန့်နှံ့ဈေးကွက်ဝင်လျှက်ရှိသည့်
အုန်းတံမြက်စည်းရှည်လုပ်ငန်းအကြောင်းကို လေ့လာပြုစုတင်ပြလိုက်ရပါသည်။
နုနှင်းသစ်
အတွဲ(၁၃)၊
အမှတ်(၁၈)