ဒေါက်တာလွင်သန့်
လူ့ခန္ဓာကိုယ်အပူချိန် ၃၇ ဒီဂရီစင်တီဂရိတ် ၉၈ ဒသမ ၄ ဒီဂရီဖာရင်ဟိုက်ထက် မြင့်မားတဲ့အပူချိန်ကို ကိုယ်ပူဖျားနာခြင်းလို့ ယေဘုယျခံယူထားပါတယ်။ ပါးစပ်က တိုင်းတာလို့ရတဲ့အပူချိန်ကို ပြဌာန်းထားတာဖြစ်ပြီး ချိုင်းကြားညှပ်ပြီး တိုင်းတာလို့ တစ်မိနစ်ပြည့်ထားရှိတဲ့အပူချိန်ကို တစ်ဒီဂရီစင်တီဂရိတ် ပေါင်းထည့်ပေးရမယ်။ စအိုကိုတိုင်းတာရင် ၃၈ ဒသမ ၃ ဒီဂရီဆဲလ်ဆီးယပ်ရှိလို့ တစ်ဒီဂရီ နုတ်ပေးရမယ်။ ကိုယ်ပူဖျားခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်ခြောက်ချက် ရှိပါတယ်။
၃၇ ဒီဂရီစင်တီဂရိတ် (၉၈ ဒသမ ၄ ဒီဂရီဖာရင်ဟိုက်)ဟာ ခန္ဓာကိုယ်ရဲ့ ပုံမှန်အပူချိန်လို့ ခံယူကြတယ်။ ခန္ဓာကိုယ်ရဲ့ သဘာဝဇီဝကမ္မစည်းချက်က နေ့စဉ်အချိန်လိုက် အပူချိန်ပြောင်းလဲမှု လှုံ့ဆော်နေတယ်။ ကလေးများဟာ လူကြီးတွေထက် ပုံမှန်အပူချိန်များတတ်တယ်။ ကလေးဖျားရင် ကိုယ်အပူချိန် ပိုမြင့်မားကြတယ်။ ရိုးရိုးလှုပ်ရှားမှုမှာ အပူချိန်မြင့်တက်တယ်။ အဝအပြဲစားထားတဲ့အစာကို အစာချေရခြင်း၊ နေရောင်ထဲထွက်ခြင်း၊ ကလေးတွေမှာတာရှည်စွာ ငိုခြင်း၊ ကာယလေ့ကျင့်ခန်းတွေမှာ ခန္ဓာကိုယ်အပူချိန် ၄ ဒသမ ၃ ဒီဂရီဆဲလ်ဆီးယပ်ထက် ပိုမိုဖို့ ခဲယဉ်းပါတယ်။
ဦးနှောက်ရဲ့အပူချိန်ကို ထိန်းညှိတဲ့ ဟိုက်ပိုသဲလမတ်မှာ ဒဏ်ရာ သို့မဟုတ် အကျိတ်ရှိခြင်း ပိုပြီးဖြစ်လေ့ရှိတာမှာ ခန္ဓာကိုယ်တွင်း အင်္ဂါများ ထိခိုက်မှုမရှိစေဖို့နဲ့ သေခြင်းမရှိစေဖို့ အလျင်အမြန်ကုသရတဲ့ အပူလျှပ်ခြင်းဖြစ်တတ်ပါတယ်။
အပူချိန်ကျစေဖို့ ဆေးဝါးသုံးစွဲခြင်းဟာ ဖျားနာမှု တာရှည်စေပါတယ်။ အဖျားရောဂါရှိရင် သွေးဆဲလ်ကလပ်စည်းတွေက ချဉ်းနင်းဝင်ရောက်သူကို သတိထားမိတဲ့အခါ ယင်းက ဟိုက်ပိုသဲလမတ်သွားမယ့် အသားဓာတ်(ပရိုတိန်း)ကို ထုတ်လွှတ်တယ်။ ဒီနည်းနဲ့ ကိုယ်အပူချိန်မြင့်တက်စေဖို့ ခန္ဓာကိုယ်ရဲ့အပူချိန်ထိန်းစနစ်ကို ချက်ချင်းလုပ်ဆောင်စေတယ်။ ခန္ဓာကိုယ်က ယင်းဖြစ်စဉ်ကို အပူထုတ်ပေးခြင်းနဲ့ တုံ့ပြန်တယ်။ မကြာခဏဆိုသလို ခိုက်ခိုက်တုန်ခြင်းနည်းနဲ့ အပူထုတ်ပေးတယ်။
‘‘ခုခံမှုစနစ်ရဲ့ လုပ်ဆောင်မှုအများအပြားဟာ အပူချိန်မြင့်မားရင် စွမ်းဆောင်ရည်မြင့်ပါတယ်’’လို့ ဂျွန်ဟော့ကင်းတက္ကသိုလ် ကလေးအထူးကုဆရာဝန် တင်မိုသီဒိုရယ်က ဆိုတယ်။ သူက အချို့ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေက မြင့်တဲ့အပူချိန်မှာ မပေါက်ပွားနိုင်ဘူးလို့ ဆိုပါတယ်။
စမ်းသပ်မှုတစ်ခုမှာ ကြွက်တွေကို ဘက်တီးရီးယားထိတွေ့စေကာ ကိုယ်မပူစေဖို့ ကာကွယ်ပေးထားရာ အသက်ရှင်နိုင်ဖွယ်ရှိတဲ့ရောဂါနဲ့ စမ်းသပ်စဉ် ကြွက်တွေ သေဆုံးသွားရတယ်။
ဒေါက်တာဒိုရယ်က ရေကျောက်ရောဂါကလေးတွေ သုတေသနပြုပြီး တွေ့ရှိခဲ့ရာမှ ကိုယ်ပူကျစေတဲ့ ပါရာစီတမော့ စသဖြင့် တိုက်ကျွေးခံရတဲ့ ကလေးတွေမှာ ကိုယ်ပူအတွက် ဆေးကုသမှုခံယူတဲ့ကလေးတွေထက်သက်သာပျောက်ကင်းဖို့ နေ့တစ်ဝက်ခန့် နှောင့်နှေးနေပါတယ်။ ကိုယ်ပူဖျားခြင်းဟာ ပြင်းထန်တဲ့ဝေဒနာလို့ အဓိပ္ပာယ်ဖွင့်ဆိုဖို့ မလိုအပ်ပါ။ ကစားသန်တဲ့ ကလေးတစ်ယောက်မှာ အပူချိန် ၄ဝ ဒီဂရီရှိတာထက်စာရင် တုံ့ပြန်မှုမရှိတဲ့ ကလေးတစ်ယောက်မှာ အပူချိန် ၃၈ ဒသမ ၃ ဒီဂရီရှိတာ ပိုပြီး ဂရုစိုက်ရမယ်လို့ ကလေးအထူးကုကဆိုတယ်။ လူနာရဲ့ အခြေအနေနဲ့ လှုပ်ရှားနေပုံကို ကြည့်သင့်တယ်။ ပြဒါးတိုင်တစ်ချောင်းတည်းနဲ့ အားမထားသင့်ပါဘူး။
![]() |
ဓာတ်ပုံ - attaschiropractichpoenix |
အပူချိန်မြင့်တဲ့ အဖျားရောဂါတွေဟာ ဦးနှောက်ပျက်စီးခြင်း သို့မဟုတ် သေခြင်းဖြစ်ပေါ်ဖို့ ခဲယဉ်းပါတယ်။ ဦးနှောက်ပျက်စီးတဲ့ အန္တရာယ်နဲ့နီးကပ်ဖို့ သာမန်ထက် အပူချိန် ၄ ဒသမ ၃၈ ဒီဂရီဆဲလ်ဆီးယပ်ကို ဖြန့်တက်သွားရမယ်။ ခဲယဉ်းပါတယ်။ လူနာတွေကို စောင့်ကြည့်လေ့လာတဲ့အခါ အပူချိန် ၄ဝ ဒီဂရီစင်တီဂရိတ် သို့မဟုတ် ဆဲလ်ဆီးယပ်ထက် နည်းမယ်ဆိုရင် ဦးနှောက်ပျက်စီးမှုအပါအဝင် အာရုံကြောဆိုင်ရာ ဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်တယ်လို့ အများစုက တွေးထင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။
မိဘဦးရေထက်ဝက်ကျော်က အများအားဖြင့် ၃၇ မှ ၃၇ ဒသမ ၇၁ ဒီဂရီဆဲလ်ဆီးယပ်အတွင်းမှာ အပူကျဆေး(ပါရာစီတမော့) ပေးကြကြောင်း တွေ့ခဲ့ရတယ်။ ဆေးတိုက်လို့ အပူချိန် ၃၇ ဒီဂရီဆဲလ်ဆီးယပ်ထိ ကျမသွားရင် ဗျာများသွားတယ်။ မှန်ကန်တဲ့ဆေးပမာဏက အပူချိန် နှစ် သို့မဟုတ် သုံးဒီဂရီလောက်သာ ကျသွားစေတယ်။ ဒါကြောင့် နိဂုံးက ၃၉ ဒသမ ၄ ဒီဂရီရှိနေရင် အများဆုံးမျှော်လင့်နိုင်တာက ၃၇ ဒသမ ၇ ဒီဂရီ ဆဲလ်ဆီးယပ်ထိ လျော့ကျဖို့ပဲလို့ ဆိုတယ်။
အချို့ရောဂါတွေမှာ အပူချိန်မြင့်မားတတ်တာ သဘာဝဖြစ်လို့ ခန္ဓာကိုယ်ခုခံမှုစနစ်က တိုက်ထုတ်နေချိန်မှာ အပူချိန်မြင့်နေပြီး အဖျားကျစေဖို့ ဆေးမပေးသင့်ပါဘူး။ တကယ်လို့ ခုခံတိုက်ခိုက်နေစဉ် အဖျားကျဆေး ပေးလိုက်တဲ့အတွက် အဖျားကြာရှည်ခံစားရတတ်ပါတယ်။
ဖျားနေလျှင် ကိုယ်အပူချိန်ကို မကြာခဏတိုင်းဖို့ မသင့်ပါ။ အပူချိန်တိုင်းဖို့ အချိန်က သင့်ရဲ့ကျန်းမာရေးစောင့်ရှောက်မှု ပြောတဲ့အချိန်ပဲဖြစ်တယ်လို့ ကလေးအထူးကု ဒေါက်တာမိုက်ကယ်ရိုသင်က ပြောတယ်။ ဆရာဝန်တစ်ယောက်အနေနဲ့ အပူချိန်တိုင်းခြင်းက ရောဂါရှာဖွေရေးဆိုင်ရာ သင်္ကေတလို့ သတ်မှတ်ကြောင်း သိရတယ်။
ရောဂါဝေဒနာကြောင့် ဖျားနာကြောင်းသိရှိဖို့ အပူချိန်တိုင်းကိရိယာ သာမိုမီတာမတိုင်းမီ တစ်နာရီနီးပါး အေးဆေးစွာနေဖို့ လိုတယ်။ စအိုက အပူချိန်တိုင်းခြင်းဟာ ငယ်ရွယ်တဲ့ကလေးအတွက် ရည်ရွယ်တယ်။ ပါးစပ်က အပူချိန်တိုင်းခြင်းဟာ လူကြီးတွေအတွက် သင့်တော်တယ်။ ချိုင်းကြားမှတိုင်းနိုင်တယ်။ ဆရာဝန်မပြဘဲနဲ့ အပူတိုင်းဖို့၊ ဆေးတိုက်ဖို့ အိပ်နေတဲ့လူတစ်ယောက်ကို မနှိုးသင့်ပါဘူး။ အိပ်စက်ခြင်းဟာ ဖျားနာတဲ့လူကို ကုသပေးနေခြင်းပဲဖြစ်တယ်။ ဖျားနေလျှင် အိပ်ရာထဲလှဲနေစရာ မလိုပါ။ သင်ဆန္ဒရှိရင် အိပ်ပါ။ မောပန်းမှုမရှိတာ ကောင်းပေမယ့် ပက်လက်လှန်အိပ်နေတာဟာ အကျိုးမရှိပါဘူး။ သင့်မှာ အဖျားရှိရင် ဆရာဝန်ရဲ့ အကြံပေးချက် ရယူသင့်ပါတယ်။
အသက် သုံးလ သို့မဟုတ် သုံးလထက်ငယ်တဲ့ ကလေးမှာ အပူချိန် ၃၇ ဒသမ ၈၈ ဒီဂရီဆဲလ်ဆီးယပ်၊ သုံးလနဲ့ အသက်ခြောက်လအတွင်း ကလေးမှာ ၃၈ ဒသမ ၃ ဒီဂရီဆဲလ်ဆီးယပ်၊ အသက်ခြောက်လထက် ပိုကြီးတဲ့ ကလေးရဲ့အပူချိန် ၃၉ ဒသမ ၄ ဒီဂရီဆဲလ်ဆီးယပ်ရှိနေရင် မိသားစုဆရာဝန်နဲ့ ပြသင့်ပါတယ်။ လူကြီးတွေအနေနဲ့ ကိုယ်အပူချိန် ၃၉ ဒသမ ၄ ဒီဂရီဆဲလ်ဆီးယပ် ထက်ပိုနေရင် ဒါမှမဟုတ် အခြားသိသာတဲ့ ရောဂါလက္ခဏာမရှိပေမယ့် သုံးရက်ဆက်တိုက် ကိုယ်အပူချိန် ၃၈ ဒသမ ၃ ဒီဂရီဆဲလ်ဆီးယပ်ရှိပြီး ရက်ကြာနေရင် ဆရာဝန်နဲ့ ပြရမယ်။
ဖျားနေရင် ရေဓာတ်မဆုံးရှုံးစေဖို့ အရည်များများသောက်သင့်တယ်။ ရေဓာတ်ဆုံးရှုံးပြီး လေဖြတ်မှုကို ရေများများသောက်ခြင်းက တားဆီးနိုင်သလို ကြည်လင်တဲ့ဆီးကတစ်ဆင့် အညစ်အကြေးတွေ စွန့်ထုတ်နိုင်တယ်။ နှလုံးနှင့် ကျောက်ကပ်ရောဂါရှင်များကတော့ မိသားစုဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။
အသင့်အတင့်စားသုံးသင့်တယ်။ အစာအမာတွေ ရှောင်ကြဉ်သင့်တာမှန်ပေမယ့် အစာပျော့စားသင့်တယ်။ ဝမ်းပျက်ဝမ်းလျှောနေရင် နို့နဲ့ နို့ထွက်ပစ္စည်း ရှောင်ရမယ်။ ထမင်း၊ ပေါင်မုန့်၊ ပန်းသီး၊ အချိုရည်၊ အစာပျော့ စားသင့်ပါတယ်။
ညင်သာစွာ ရေဖတ်တိုက်ပေးသင့်တယ်။ ကိုယ်အပူချိန် ၄ဝ ဒီဂရီစင်တီဂရိတ်ထက်ပိုနေရင် ရေဖတ်တိုက်ပေးသင့်တယ်။ ကိုယ်ပူများလို့ တက်တတ်တဲ့ကလေးတွေ ရေဖတ်နိုင်နိုင်တိုက်ကာ ဆရာဝန်နဲ့ ပြရမယ်။ ကိုယ်ပူတက်ရင် မကြောက်လန့်သင့်ပါဘူး။ ကိုယ်ပူခြင်းကို နည်းလမ်းများစွာနဲ့ ပြုစုပေးလို့ ရပါတယ်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၇)
No comments:
Post a Comment