တမာသင်းခိုင်(စက်မှုလယ်ယာ)
ဝတီးရွာ(ရှမ်းရွာ)လေးတွင် နေထိုင်သည့် ကိုချစ်ဝိုင်းတို့မိသားစုမှာ လက်လုပ်လက်စားများဖြစ်သည်။ သစ်ပင်ခုတ်လှဲခြင်း၊ အုန်းပင်ခုတ်လှဲခြင်းတို့ကို ဦးစားပေးလုပ်ကိုင်သည်။ အဆိုပါရွာလေးတွင် နှစ်ပေါင်းကြာရှည်စွာ နေထိုင်ခဲ့သဖြင့် ရှမ်းစကားကိုပင် တတ်ကျွမ်းခဲ့သည်။
တစ်နေ့ အိမ်ခြံဝန်းနှင့် မလွတ်ကင်း၍ လမ်းသွားလမ်းလာတို့နှင့်လည်း မလွတ်ကင်းသည့် ကုဣိုပင်ကြီး၏ ကိုင်းများခုတ်ရန် ကိုချစ်ဝိုင်းကို ငှားရမ်းခဲ့သည်။ သူသည် ကုဣိုပင်ကြီးပေါ်သို့ တက်နေချိန်မှာပင် သစ်ပင်ကြီး၏အနီး၌ ကစားနေကြသည့် ကလေးများထဲမှ အသက် ခုနစ်နှစ်အရွယ်ခန့်ရှိ စိုင်းစံရွှေက စိုင်းစံမြကို ရှမ်းစကားဖြင့် ပြောလိုက်သည်မှာ -
‘‘ဟေ့ကောင် စိုင်းစံမြ အခု အပင်ကြီးပေါ်တက်ခုတ်နေတဲ့သူ အောက်ကျပြီး သေသွားလို့ရှိရင် ငါးရက်နဲ့ ဆွမ်းသွတ်မှာကွ။ တို့အိမ်ကိုလည်း ဆွမ်းသွတ်ဖိတ်မှာ။ အဲဒီအခါ မုန့်ဟင်းခါးကျွေးမှာ။ ငါက မုန့်ဟင်းခါးဆို အလွန်ကြိုက်တာ။ ဒီလူကြီးသေပါစေ။ အမေတို့နဲ့ သိပ်ခင်တဲ့လူကြီးကွ မင်းလည်းလိုက်ခဲ့နော်’’လို့ ရှမ်းကလေးက ပြောလိုက်တော့ ရှမ်းစကားကို နားလည်သူ ကိုချစ်ဝိုင်းက ကုဣိုလ်ပင်ကြီးပေါ်မှ အမြန်ဆုံးဆင်းပြေးခဲ့သည်။ မည်သူ့ကိုမျှ နှုတ်မဆက်ဘဲ အိမ်အပြန် ဇနီးကိုမြင်လိုက်လျှင် -
‘‘ရင်လှရယ် နင်က ဘာမှမသိဘူး။ ချစ်ဝိုင်းသစ်ကိုင်း မခုတ်တော့ဘူး’’ရယ်လို့ ပြန်ပြောလိုက်ပါတော့သည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၄)
No comments:
Post a Comment