November 10, 2020

ဟင့်အင်း

အောင်သိန်းဝင်း (ပွင့်ဖြူ)

        ကျောင်းစုရွာက ကိုပျော့နှင့် မခင်စန်းမြင့်တို့မှာ သာခင်ဆိုတဲ့ လူပျိုဟိုင်းသားတစ်ယောက် ရှိတယ်။ သူ့သားက အသားကလည်းမည်း၊ စကားကလည်းနည်း၊ ကွမ်းစား၍ သွားကလည်းရဲနဲ့ ရုပ်ဆိုးတော့ ရွာထဲက အပျိုတွေ ဘယ်သူမှ ကြိုက်သူမရှိဘူးပေါ့။ ဒီတော့ သူ့အမေက မိန်းကလေးတွေ ပစ္စည်းမက်မှန်းသိတော့ သူ့သားကို ရွှေဆွဲကြိုး သံကြိုးကုံးဆောက်ဖြတ်လုပ်ပြီး ဆင်ပေးထားသတဲ့။

        ဒီတော့ သားဖြစ်သူက စွပ်ကျယ်ချိုင်းပြတ်ဝတ်ပြီး ဆွဲကြိုးကြီးတရမ်းရမ်းနဲ့ အပျိုလေးတွေ ရေခပ်လမ်းမှာ လမ်းသလားပြနေသတဲ့။ ဒါကိုမြင်တဲ့ အပျိုမလေးတစ်ယောက်က သူ့အဖော်ကို လှမ်းစသတဲ့။

        ‘‘ဟေ့ကောင်မ ညည်း သာခင်ကြီး မယူချင်ဘူးလား။ သူ့ယူရင် ညည်း သူ့လည်ပင်းက ဆွဲကြိုးတုတ်တုတ်ကြီးရမှာတဲ့’’

        ဒီတော့ အဖော်ဖြစ်တဲ့ အပျိုကောင်မလေး ပြန်ပြောလိုက်ပုံက -

        ‘‘ဆွဲကြိုးကြီးတော့ လိုချင် လိုချင်... သာခင်ကြီးတော့ ဟင့်အင်း... ဟင့်အင်း’’

ဟူသတဲ့။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၉)



No comments:

Popular Posts