November 2, 2020

မြင်ကြည့်စမ်းပါ

မြင့်မြတ်သူ(မြောင်လမ်းခွဲ)

        စာရေးသူတို့လမ်းထိပ်ရှိ မြင့်မြတ်သူ လက်ဖက်ရည်ဆိုင်လေးမှာ လက်ဖက်ရည်၊ အချိုရည်မျိုးစုံနှင့် ထမင်းသုပ်၊ ထမင်းဆီဆမ်း၊ လက်ဖက်သုပ်၊ ဂျင်းသုပ်တို့ရောင်းသဖြင့် မုံရွာ-မန္တလေး ကားပြေးဆွဲကြသော ကားသမားအချို့မှာ ထမင်းဝင်စားကြသည်။ ကားဒရိုင်ဘာထဲမှ ကိုကတုံးဆိုသူသည် စာရေးသူနှင့် ရယ်စရာပြောလေ့ရှိသည်။ သူ့ရဲ့ကားတွင် ခရီးသည်မရလို့ရှိရင် ‘‘အမေရယ် မြင်ကြည့်စမ်းပါဗျာ’’ဟု သီချင်းကိုဆိုပြီး ဆိုင်ထဲဝင်လာလေ့ရှိ၏။

        တစ်နေ့ သူ့ကား၌ ခရီးသည်တွေ ပြည့်လျှံလာတာကို စာရေးသူကမြင်တော့ ‘‘ကိုယ့်လူ ဒီနေတော့ အမေရယ် မြင်လှည့်စမ်းပါ မဆိုတော့ဘူးလား’’ဟု ဆိုင်အဝင်မေးလိုက်တော့ ခရီးသည်များများရ၍ သူက ဒီနေ့တော့ ‘‘ချစ်သူကို ရွှေနန်းထက်မှာ ထားချင်တယ်’’ဟုဆိုပြီး တက်ကြွလန်းဆန်းစွာ သီချင်းဆိုပြပါတော့သည်။ 

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၃)



No comments:

Popular Posts