October 26, 2020

ဖိုးအေးလုပ်ချက်

မောင်မောင် (လည်ငေါက်ရွာ)

        ဘကြီးစံတွင် မြေးလေး‘‘ဖိုးအေး’’ဆိုသည့် ကလေးငယ်လေးရှိ၏။ သူ့မြေးဖိုးအေး ဉာဏ်ကောင်းကြောင်းကို ဘကြီးစံက မကြာခဏ ပြောလေ့ပြောထရှိ၏။ တစ်နေ့တွင် စာရေးသူရောက်သွားတော့လည်း သူ့မြေးလေးဉာဏ်ကောင်းကြောင်း ပြောဆိုရုံမျှမက လှမ်းခေါ်ပြီး စာဖတ်ခိုင်းပြသည်။ သူ့မြေးဖိုးအေးက -

        ‘‘ကကြီးရေ တစ်ချောင်းငင်ကု၊ ကကြီးရေ နှစ်ချောင်းငင်ကူ၊ ကကြီးရေ သုံးချောင်းငင် ကူ’’ဟု ဖတ်ပြရာ ဘကြီး
စံက ဒေါသအိုးကြီး ပေါက်ကွဲကာ -

        ‘‘ဟေ့ကောင် တော်တော့၊ မင်းဆက်ဖတ်ရင် ကကြီးရေ လေးချောင်းငင်ကူတော့မှာ’’ဟု ပြောဆိုကာ သူ့ရှေ့မှ နှင်ထုတ်လိုက်တော့သည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၂)






No comments:

Popular Posts