ကိုကြီးဝမ်း (အောက်ဆိပ်)
ရွာသာရွာမှာ စုပေါင်းအလှူပွဲများကို ပြုလုပ်လေ့ရှိတယ်။ အလှူပွဲကျင်းပခါနီး လူငယ်တွေဖြစ်တဲ့ သောင်းမြ၊ မြသောင်း၊ စန်းညို၊ အေးညိုတို့တစ်စုဟာ တစ်စခန်းထကြတော့တယ်။ သူတို့က ပျော်ပွဲရွှင်ပွဲဖြစ်တဲ့ ယိမ်း၊ တစ်ခန်းရပ်ပြဇာတ်၊ ပြဇာတ်တို့ ကချင်ကြတာကိုး။ ဒီတော့ သူတို့က ဦးဆောင်ပြီး လူငယ်တွေကို စည်းရုံးတယ်။ လူငယ်တွေကလည်း ဘာနေလိမ့်မတုန်း။
“ကကြမယ်။ ဒို့လည်း စုပေါင်းပါဝင်မယ်” ပေါ့။ ငွေစုတော့ သူ့နေရာနှင့်သူ ထည့်ဝင်ကြရယ်။
အဲဒီမှာ ငွေသောင်းဆိုတဲ့ လူငယ်တစ်ယောက်လည်း ပြဇာတ်ထဲမှာပါတယ်။ အစမ်းလေ့ကျင့်နေတဲ့ ညမှာသူ့မိခင်လာကြည့်တော့ သားဖြစ်သူကို သူတောင်းစားအခန်းမှာ သရုပ်ဆောင်နေတာ တွေ့လိုက်တော့ မိခင်ဖြစ်သူက -
“ငါ့သားရယ် ငွေလည်းထည့်ရသေး၊ သူတောင်းစားအခန်းက ပါရတယ်လို့”လို့ ပြောတော့ သားဖြစ်သူပြောလိုက်ပုံက -
“အမေ ဘာသိလို့တုန်း။ ဒီရွာတစ်ရွာလုံး အမေရှာကြည့် သူတောင်းစားနဲ့တူတာ ကျုပ်တစ်ယောက်ပဲရှိတယ်”တဲ့။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၈)
No comments:
Post a Comment