October 5, 2020

မေ့သွားလို့

ဂျွန်မိုး (ထီးချိုင့်)

        ကျွန်တော်တို့ရွာနှင့် ထီးချိုင့်မြို့နှင့်က ခြေကျင်လျှောက်သွားရင် မိနစ် ၃၀ ခန့်သာ သွားရတာမို့ ဘာပစ္စည်း လိုချင်လိုချင် မြို့ပေါ်ပဲ အသွားများတယ်။ တစ်နေ့ ကျွန်တော့်အဒေါ်ရဲ့ယောကျ်ား မြို့ပေါ်ကို ဆံပင်သွားညှပ်တယ်။

        အဒေါ်က ဦးလေးကို “ရော့ ဒါက ဆံပင်ညှပ်ခ၊ ဒါက ကြံသကာဝယ်ခဲ့”ဟု ဆိုကာ ၅၀၀ တန် အသစ်တစ်ရွက်နှင့် အဟောင်းတစ်ရွက် လက်ထဲထည့်ပေးလိုက်တယ်။

        ဦးလေးအိမ်ကထွက်သွားလို့ ၁၀ မိနစ်ခန့်အကြာ ပြန်ရောက်လာပြီး အဒေါ်ကို လှမ်းမေးလိုက်တယ်။              

        “မိန်းမရေ ဘယ် ၅၀၀ တန်က ဆံပင်ညှပ်ပြီး ဘယ် ၅၀၀ တန်က ကြံသကာ ဝယ်ရမှာလဲ။ ငါမေ့သွားလို့”တဲ့။ 



ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၉)

No comments:

Popular Posts