အိမ်မဲဦးစိန်ဝင်း (ပညာရေး)
ဘကြီးဖြိုးတစ်ယောက် ရွာဦးကျောင်းတွင် ပြုလုပ်သော စိုက်ပျိုးရေးပညာပေးဟောပြောပွဲနှင့် စိုက်ပျိုးရေးပစ္စည်း အရောင်းမြှင့်တင်ရေးပွဲမှအပြန်တွင် လက်ဆောင်ပေးလိုက်သော သစ်ကိုင်းအမြစ်ထွက် လူးဆေးပုလင်းကို ဖွင့်ပြီးလျှင် ပြောင်လက်နေသော နဖူးနှင့် ဦးခေါင်းအား ဆေးရည်များ သုတ်လိမ်းနေတော့သည်။ ထိုအခြေအနေကို တွေ့မြင်ရသော် သားဖြစ်သူက -
“အဖေ ဘာဖြစ်လို့ ဒီအမြစ်ပေါက်ဆေးတွေကို ထိပ်ပြောင်တဲ့နေရာတွေကို လူးနေရတာလဲ” အနာတွေ ဖြစ်ကုန်ပါ့မယ်။
ထိုအခါ ဘကြီးဖြိုး ပြန်ပြောလိုက်ပုံမှာ -
“ဟေ့ကောင် မင်းမသိရင် ဘာမှဝင်မပြောနဲ့။ မြို့က စိုက်ပျိုးရေးဆရာလေးပြောတာ ငါသေသေချာချာ မှတ်ခဲ့တဲ့အတိုင်း လုပ်ကြည့်နေတာ။ ဒီဆေးနဲ့ သစ်ကိုင်းအရင်းကို လူးပြီးစိုက်ရင် အမြန်အမြစ်ထွက်တယ်တဲ့။ ငါ့ခေါင်းပြောင်တဲ့နေရာကို ဒီဆေးလူးကြည့်ရင် သစ်ကိုင်းအမြစ်ထွက်သလို ငါ့ဆံပင်တွေ ထွက်လာမယ်ထင်လို့ လူးကြည့်နေတာကွ။ မနက်ဖြန်နံနက်ကျရင် မင်း ငါ့ခေါင်းကိုလာကြည့် ဆံပင်တွေ ပေါက်လာလိမ့်မယ်”ဟူသတည်း။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၇)
No comments:
Post a Comment