မောင်မောင် (လည်ငေါက်ရွာ)
မနက်လင်းသည်နှင့်ပင် အိမ်နီးချင်းအပျိုကြီး၏ ဆူညံပူညံကို ကြားရမြဲ။ သည်နေ့မနက်ကျတော့ ယခင့်ယခင်ကထက် ပိုဆိုးနေသည်။
"ငါ့ကို အိမ်ကြီးတစ်လုံးနဲ့ တစ်ယောက်တည်းနေတယ်ဆိုပြီး မလေးမခန့် လုပ်ကြတယ်။ ကြည့်စမ်းပါ။ အိမ်ရှေ့မှာ တကြည့်ကြည့်လုပ်နေတဲ့ နှင်းဆီပင်ကြီးတစ်ပင်လုံး နုတ်ယူသွားကြတယ်။ စော်ကားလိုက်ကြတာ။ လင်မရှိ သားမရှိလို့ မခန့်ကြတာ"ဟူ၍ အော်ဟစ်ဆူပူနေသည်။ နောက်ဆုံး ကြိမ်းဝါးသံကို ကြားရတော့ အားလုံးက ဟားတိုက်မိကြတော့သည်။ အပျိုကြီး၏ ကြိမ်းဝါးလိုက်ပုံကတော့ -
"နောက်ဘ၀မှာတော့ လူတွေ လေးစားအောင် လင်ယူလိုက်မယ်။ ၁၅ နှစ်သမီးလေး လင့်နောက်လိုက်သွားတယ်လို့ ကြားရင် စုံစမ်းမနေကြနဲ့... ဟောဒီ အပျိုကြီး မယ်နုလို့ပဲ သတ်မှတ်လိုက်ကြတော့ဟေ့ ..."
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၂)
No comments:
Post a Comment