September 23, 2020

ဖိုးထွေးရဲ့စိတ်ကူး

ခင်ခင်စိုး (ပြန်/ဆက်)

        ညောင်ပင်သာရွာမှ ကာလသားခေါင်းဆောင် ဖိုးထွေးတစ်ယောက် မြို့ကိုတက်၍ ပြန်အလာတွင် ပြုံးစိစိနှင့် မည်သို့စိတ်ကူးရလာသည်မသိ။ အိမ်ပြန်ရောက်ပြီး မကြာမီ ခြံရှေ့တံခါး၀၌ ဆိုင်းဘုတ်တစ်ခုကို ရေးဆွဲချိတ်ထားလေသည်။ ထိုဆိုင်းဘုတ်ကြောင့် ခြံရှေ့မှ ဖြတ်သွားဖြတ်လာ ရွာသူရွာသားအပေါင်းတို့သည် ပြုံးစိပြုံးစိနှင့် တချို့ဆို အသံထွက်သည်အထိ အော်၍ ရယ်သွားကြပါတော့သည်။ ဖိုးထွေးရေးထားသောဆိုင်းဘုတ်မှာ -

        “ခြံရှေ့ပိတ်မရပ်ရ၊ နွားလှည်း အဝင်၊ အထွက်ရှိသည်။ ပုံ/ဖိုးထွေး”ဟူ၍ ဖြစ်သည်။



ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၂)

No comments:

Popular Posts