September 28, 2020

ကြံဖန်တန်လိုက်ပုံက

အောင်မင်းစိုး(ကြို့ပင်ကောက်)

        ကျော်ကြီးနဲ့ ဖိုးထောင်တို့ သူငယ်ချင်းနှစ်ယောက် မြို့တက်၍ လယ်ယာသုံးပစ္စည်းဝယ်ကြစဉ်က ဖြစ်ပါသည်။ ၄င်းတို့နှစ်ဦးသည် နေအတော်မြင့်၍ အဆာပြေစားရန်အတွက် ထမင်းဆိုင်သို့ဝင်၍ ထမင်းစားကြ၏။

    စားပွဲထိုးကောင်မလေးက -

        ‘‘ဒီကအစ်ကိုတို့ ထမင်း ဘာနဲ့ သုံးဆောင်မလဲရှင့်’’ဟု မေးရာ...

        ‘‘ဝက်သားဟင်းနဲ့ နှစ်ပွဲပေးပါ’’ဟု ဆိုလိုက်၏။

        သုံးဆောင်ပြီးနောက် ငွေရှင်းရာတွင် စျေးကြီးလှသဖြင့် ရှုံ့ကြည့်ကြည့်ဖြင့် ပေးလိုက်ကာ ထွက်လာခဲ့ကြ၏။

        ထို့နောက် ကျော်ကြီးက ‘‘ထမင်းစားရတာ မတန်ပါဘူး’’ဟုဆိုစဉ် ဖိုးထောင်ပြောလိုက်ပုံကတော့...

        ‘‘ဒါပေမဲ့ သူ့ခင်မျာ အစ်ကိုလို့ ခေါ်တာနဲ့တင် တန်ပါတယ်ကွာ’’ဟူလေ၏။



ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၂၃)

No comments:

Popular Posts