September 11, 2020

ခုမှ အနေတော်ပဲ

အောင်သိန်းဝင်း (ပွင့်ဖြူ)

        မြို့လှရွာမှာ ဦးခင်မောင်ဆိုတဲ့ ဟင်းချက်စားဖိုမှူးကြီးရှိတယ်။ သူက အလှူမင်္ဂလာပွဲတွေမှာ ဟင်းချက်ရတယ်။ တစ်နေ့ မင်္ဂလာဆောင်တစ်ခုမှာ ပဲဟင်းချက်ရတယ်။ သူက ပဲဟင်းချက်တဲ့နေရာမှာ လာပြီး-

        “ဟေ့... မင်းတို့ပဲဟင်း ရေကျပလား”လို့ လာမေးတယ်။

        ပဲဟင်းမွှေနေသူက -

        “ဟုတ်ကဲ့ ရေကျပြီဗျ”လို့ပြောတော့ ဇွန်းနဲ့မြည်းပြီး -

        “အေး... နည်းနည်းပေါ့သကွ။ ဆားလက်တစ်ဆုပ်လောက်ထပ်ခပ်ပြီး မွှေလိုက်လို့” ညွှန်ကြားတယ်။

        ဒီအခါ သူ့ရှေ့မှာ ဆားခပ်ချင်ယောင်ဆောင်ပြီး မွှေပြရင်း -

        “မြည်းကြည့်ပါဦး”လို့ ပြောတဲ့အခါ -

        “အေး... ခုမှအတော်ပဲကွ၊ ကောင်းတယ်”တဲ့။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၈)



No comments:

Popular Posts