ဆောင်းဦးဥဩ (ကသာမြေ)
အမြဲတမ်းခေတ်မီမီနေတတ်သော ဦးဘသန်းတစ်ယောက် သူများတကာတွေ ဆိုင်ကယ်တဝေါဝေါနဲ့ဆိုတော့ သူလည်း သူများထက် နောက်ကောက်ကျမခံနိုင်ပေ။ အိမ်ရှေ့လမ်းရိုးအတိုင်း စီးလာပြီး အိမ်နားရောက်ခါနီးသော် ဖခင်ဆိုင်ကယ်စီးလာသည်ကို လှမ်းကြည့်နေသော သမီးညိုမအား အော်ပြောလိုက်သည်။
“သမီးရေ ဝါးတား... ဝါးတား”
ညိုမက “ဪ အဘနှယ် ဆိုင်ကယ်လည်း စီးတတ်သွားရော ရေတောင်းတာတောင် ဗမာလိုမဟုတ်ဘူး ဘိုလိုတောင်းနေတယ်” ဟု တွေးလိုက်သည်။
ညိုမြက ရေတစ်ခွက်ခပ်၍အလာ ဦးဘသန်းမှာ အရှေ့အိမ်မှ ကြက်ခြံထဲ ဆိုင်ကယ်ရောလူပါ တိုးဝင်သွားပြီး လဲကျတော့သည်။
“အဘကလည်း ဘရိတ်ကိုနင်းပြီး ရပ်မှပေါ့”ဟု ပြောသောညိုမကို ဒေါသတကြီး ပြန်ပြောလိုက်သည်မှာ-
“အဲသည်လိုဖြစ်မှာစိုးလို့ နင့်ကို ဝါးလုံးနဲ့တားခိုင်းနေတာပေါ့”ဟူသတည်း။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၀)
No comments:
Post a Comment