September 9, 2020

မြင်လို့ပြောမိတော့

ကျော်ကိုကိုဝင်း

         ကျေးရွာတစ်ရွာတွင် မထွားဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ ဘ၀င်မြင့်တတ်ပြီး သူတစ်ပါးကို နည်းနည်းပိုပြောလိုက်ရမှ ကျေနပ်တယ်။ တစ်နေ့မှာ သူဟာ စက်ဘီးတစ်ပတ်နွမ်းလေးတစ်စီး ဝယ်လာတယ်။ သူက စက်ဘီးသာဝယ်ထားတာ စက်ဘီးရဲ့ပစ္စည်းအမျိုးအမည် ပါဝင်တဲ့ပစ္စည်း ဘာမှမသိဘူး။ သူ့စက်ဘီးမှာ နောက်ဘီးက ပေါက်ပြီး ပြားနေတယ်။ 

        အဲဒါနဲ့ စက်ဘီးပြင်ဆိုင်ရှေ့ကို တွန်းသွားပြီး ဒေါက်ထောက်လိုက်တယ်။ ပြီးတော့ လေထိုးတံခဏငှားပြီး လေထိုးပိုက်ကို လက်ကကိုင်ပြီး တရှူးရှူးနဲ့ လေထိုးပါတော့တယ်။ မထွားလေထိုးနေတာကို မြင်တဲ့ ပြင်ဆိုင်က ကောင်လေးက -

        “အစ်မကြီး လေထိုးနေတာ ပြောင်းပြန်ကြီးဗျ”လို့ ပြောတော့ မထွားပြန်ပြောလိုက်တာက -

        “ဟဲ့ ငါ့ဟာငါ ဘယ်လိုထိုးထိုး လေဝင်ဖို့ပဲ လိုတယ်ဟဲ့ ငအရဲ့” လို့ ပြန်ပြောလိုက်တာ အနီးမှာရှိတဲ့ လူတွေပွဲကျသွားတော့တယ်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၆)



No comments:

Popular Posts