ရွှေစိုး
ကျွဲ၊ နွားများ၌ ခွာနာလျှာနာရောဂါ၊ လည်ချောင်းကွဲရောဂါ၊ ပေါင်ပုပ်လက်ပုပ်ရောဂါနှင့် ထောင့်သန်းရောဂါများ အများဆုံးဖြစ်ပွားလေ့ရှိသဖြင့် တောင်သူဦးကြီးများအနေဖြင့် မိမိတို့၏ ကျွဲ၊ နွားများ ကူးစက်ရောဂါမဖြစ်ပွားစေရန်အတွက် ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် ကာကွယ်ဆေးများ ထိုးနှံပေးသင့်ပါသည်။ ထို့ကြောင့် ကူးစက်ရောဂါကာကွယ်ဆေးများကို ထိုးနှံရာတွင် -
- ခွာနာလျှာနာရောဂါကာကွယ်ဆေးကို ကျွဲ၊ နွား အသက်နှစ်လမှ စတင်ထိုးပေးနိုင်ပြီး ခြောက်လတစ်ကြိမ် ပုံမှန်ထိုးပေးရမည်။
- လည်ချောင်းကွဲရောဂါကာကွယ်ဆေးကို ကျွဲ၊ နွား အသက်ခြောက်လမှ စတင်ထိုးပေးနိုင်ပြီး ခြောက်လတစ်ကြိမ် ပုံမှန်ထိုးပေးရမည်။
- ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေးကို ကျွဲ၊ နွား အသက်ခြောက်လမှ စတင်ထိုးပေးနိုင်ပြီး ခြောက်လတစ်ကြိမ် ပုံမှန်ထိုးပေးရမည်။
- ထောင့်သန်းရောဂါကာကွယ်ဆေးကို ကျွဲ၊ နွား အသက်ခြောက်လမှ စတင်ထိုးနှံပေးနိုင်ပြီး တစ်နှစ်တစ်ကြိမ် ပုံမှန်ထိုးပေးရမည်။
- ကျွဲ၊ နွားကူးစက်ရောဂါကာကွယ်ဆေးများ ထိုးနှံရန် သက်ဆိုင်ရာမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ရမည်။
ထို့ကြောင့် တောင်သူဦးကြီးများအနေဖြင့် မိမိတို့၏ ကျွဲ၊ နွားများ ရောဂါပိုးမကူးစက်စေရန်အတွက် ကာကွယ်ဆေးများကို ပုံမှန်ထိုးနှံပေးခြင်းဖြင့် ကျွဲ၊ နွားသေဆုံးမှုကို လျှော့ချနိုင်သည့်အပြင် ကျန်းမာသန်စွမ်း၍ ရောဂါကင်းစင်ပြီး မိမိတို့၏ လယ်ယာလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ကျွဲ၊ နွားများ၏တန်ဖိုးလည်း မြင့်မားလာသဖြင့် ကာကွယ်ဆေးအား ပုံမှန်ထိုးနှံပေးရန် တိုက်တွန်းလိုက်ရပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၂)
No comments:
Post a Comment