ဖိုးညောင်
တစ်ခါက ရွာတစ်ရွာမှာ ကိုခင်ဦးဆိုသော ဆိုက်ကားသမားတစ်ဦးရှိပါသည်။ တစ်နေ့တော့ သူဆိုက်ကားဂိတ်မှာ လူစောင့်နေတုန်း ကလေးတစ်ယောက်ကို လက်မှာဆွဲလာသော အမျိုးသမီးတစ်ဦးက "စျေးကိုမောင်းကွာ"ဟု ပြောပြီး ငှားသဖြင့် ကိုခင်ဦးလည်း ထိုသားအမိနှစ်ယောက်ကို တင်ကာ စျေးဘက်သို့ နင်းသွားလေသည်။
ခဏကြာတော့ ရေခဲခြစ်ရောင်းနေသော စျေးသည်ကိုတွေ့၍ ကလေးရေခဲခြစ်စားချင်သဖြင့် ဝယ်ပြီးပေးလေသည်။ ကလေးက ရေခဲခြစ်ကို အားပါးတရ ကိုက်စားလေသည်။ ထိုအခါ ရေခဲက အေးလွန်းသဖြင့် "အောင်မလေး"ဟုဆိုကာ ရေခဲခြစ်ကို လမ်းပေါ်သို့ ပစ်ချလိုက်လေသည်။
အသံကြား၍ အမေဖြစ်သူက ကြည့်လိုက်ရာ ကတ္တရာလမ်းပေါ်တွင် အငွေ့ထောင်းထောင်းထနေသော ရေခဲခြစ်ကိုတွေ့ရာ ဒေါသသံဖြင့် "တယ်... ဒီကလေး အပူမှန်းမသိ ဘာမှန်းမသိ ဒီလောက်စားရသလား"ဆိုပြီး ပြောလိုက်လေသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၃)
No comments:
Post a Comment