·
ဝါဆိုဝါခေါင်
ရေတွေကြီးမို့
လောင်းလှေစီးစို့ တူပျော်ပျော်
တို့များငယ်ဖော်။
·
ကြိုးစားလို့ဖြင့်
လှော်သာလှော်
အုံး အင် အော်တဲ့ကိုရွှေဖား။
အားပေးသံ ညံမစဲ ရွာထဲကကြား။
·
ပွဲတော်ချိန်ခါ
ဝါလကင်းလွတ်
သီတင်းကျွတ်ရက် ရေတွက်မျှော်
မိုးလေကင်းသော်။
ရွာနီးနားခြင်းသတင်းကျော်
တို့လော်စပီကာသံပြိုင်စံရှား။
သူတို့နွားနှစ်ကောင်လှည်းယဉ်ကြော့
ခေါင်းမော့လို့သွား။
·
ဆရာတော်ဘုရားကျောင်းတော်မြတ်
ဆွမ်းကပ်လို့ခဲဖွယ်လှူ
ဥပုသ်သီလယူ။
သီးထပ်စိုက်လို့ တို့တောင်သူ
ပြည့်ဖြိုးဆူဥစ္စာပွား။
ဘုရား၊ တရား၊ သံဃာရတနာမြတ်ကို
ဆည်းကပ်ဝပ်တွား။ ။
အောင်မြင့်စိုး(ရေစကြို)
အတွဲ(၁၃)၊
အမှတ်(၁၆)