August 19, 2016

မြန်မာနွားတို့၏ စွမ်းရည်

နွားဟူသောဝေါဟာရစကားသည်မြန်မာ ဝေါဟာရ၊ မြန်မာ့စကား ဖြစ်သည်။ နွားကို ဥဿာ၊ မဟိဟန္ဒ၊ဂေါဏ၊ ဂေ၊ ဝသဘ၊ ဝုသဟူ၍ (၆)မျိုးကို မဂဓအဘိဓာန်၊ စတုမ္မဏ္ဏဝက်တို့၌နွား ပရိယာယ်ပြဆိုထားသည်။ ဗိဿနိုး၊ မိုင်းမော၊ ဟန်လင်းတို့၏ ပျူခေတ်တွင်အသုံးပြုခဲ့သော ဗိသုကာလုပ်ငန်းရပ်များ၊ ရှေးဟောင်းတူးဖော်ရရှိသည့် မြို့ပြသမိုင်းများ၊ ရှေးဟောင်းအနုပညာများ၊ ရုပ်တုများ၊ ပျူခေတ်ယဉ်ကျေးမှုများကိုကြည့်ရှုလေ့လာခြင်းဖြင့် နွားတို့ကိုလယ်ယာလုပ်ငန်းခွင်နှင့် ဝန်ဆောင်မှု လုပ်ငန်းတို့ကို အသုံးပြုခိုင်းစေခဲ့ရကြောင်း သိရသည်။ ထို့ကြောင့် ဆည်တမံတို့ဖြင့်ရေသွယ်ယူပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းစနစ် ထွန်းကားခဲ့သည်ကို မြန်မာတို့ခေတ်ဦးတွင် နွားနှင့်ခိုင်းစေမှုသည်တွင်တွင်ကျယ်ကျယ် ရှိနေပြီဖြစ်သည်။

ရခိုင်ဘုရင်တို့ ထုတ်လုပ်သုံးစွဲသည့် ဒင်္ဂါး အထောက်အထားများအရ အေဒီ(၄)ရာစုကပင် နွားလားဥသဘ၏ပုံမှာဒင်္ဂါးတွင် ပါဝင်ပါသည်။ နွားလားဥသဘမှာ ဟိန္ဒူလူမျိုးတို့အတွက်ဆိုလျှင် ယစ်ယူဇော်သည့်နွားအဖြစ်လည်းကောင်း၊သိဝနတ်မင်း၏ စီးတော်ယာဉ် နန္ဒီနွားလားဥသဘအဖြစ်လည်းကောင်း ဖော်ညွှန်းနိုင်ပါသည်။ ဗုဒ္ဓဘာသာလူမျိုးတို့အတွက်မူ နွားလားဥသဘမှာ ဝိသာခါလပြည့်နေ့ကို ဖော်ညွှန်းသည်။ ဝိသာခါ လပြည့်နေ့သည်ကဆုန်လပြည့်နေ့ဖြစ်ပါသည်။ နွားသည် လယ်ယာစိုက်ပျိုးရာတွင် မရှိမဖြစ် တိရစ္ဆာန်ဖြစ်သည်။ ဒင်္ဂါးမသုံးမီ ခေတ်ဦးက ပစ္စည်းဖလှယ်ကြရာတွင် နွားကိုအခြေခံ၍ ဖလှယ်ခဲ့ကြသည်။

ရခိုင်ဘုရင်ခေတ်က ဒင်္ဂါးများတွင်နွားလားဥသဘ အထောက်အထားကိုတွေ့ရရှိသဖြင့် အေဒီတစ်ရာစု၌ မြို့ပြထွန်းကားခဲ့သော ပျူနိုင်ငံ၊ သရေခေတ္တရာနှင့်ရခိုင်တို့ ကူးလူးဆက်ဆံမှုတွင် နွားသည်ယဉ်ပါးသော အိမ်မွေးတိရစ္ဆာန်အဖြစ်အသုံးဝင်နေပြီဟု ယူဆရပါသည်။ မြန်မာလူမျိုးတို့သည် တိဘက်ကုန်းမြေ မြင့်မှအဆငဆ့် ငေ့် ပြာင်း ရွှေ့လာ၍ ဧရာဝတြီမစ်ဝှမ်းဒေသတို့တွင် ဆင်၊ မြင်း၊ ကျွဲ၊ နွားများ ခိုင်းစေအသုံးပြုနေပြီဖြစ်ကြောင်း ယုံမှားသံသယဖြစ်ဖွယ်မရှိပါ။

မြန်မာဟူသော ဝေါဟာရအစပြုသည့် သရေခေတ္တရာ ပုဂံခေတ်ဦးကပင်လယ်ယာလုပ်ငန်း ကျယ်ပြန့်ခဲ့သည်။ ထို့ကြောင့် နွားမွေးမြူရေးအစ ပေါ်ပေါက်ခဲ့သည်။ မြန်မာရာဇဝင်များတွင်လည်း အုပ်စိုးသောဘုရင်များ လယ်ထွန်မင်္ဂလာပြုတော်မူခဲ့ကြသည်။ လယ်ထွန်မင်္ဂလာဆင်ယင်ကျင်းပရာတွင် စာဥနွားမျိုးနွယ်၊ စံပယ်ဖြူဖွေးသည့် နွားတစ်ရှဉ်းဖြင့်ထွန်လေ့ရှိသည်။

မြန်မာနိုင်ငံဒေသအတွင်းသာ တွေ့ရှိရသည့် နွားမျိုးဖြစ်ပါသည်။ နွား၏မူလမျိုးနွယ်ဇီးဗူး (ZEBU) မျိုးနွယ်စု၏မူရင်းပေါက်ဖွားရာဒေသသည် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသဖြစ်ကြောင်းလေ့လာရပါသည်။

မြန်မာနွားမျိုးကို မြန်မာတို့သည်အရောင်နှင့်သာ အကြမ်းအားဖြင့်လေးမျိုးခွဲခြားထားပါသည်။ ယင်းလေးမျိုးထဲမှ နွားကောင်းလက္ခဏာများ၊ အရောင်များစစ်ထုတ်၍ နွားကောင်းစံပြုခိုင်းနွားကောင်းများ သတ်မှတ်ကြသည်။

နွားနီအုပ်စု၊ နွားပြာအုပ်စု၊ နွားနက်အုပ်စု၊ နွားဖြူ(ဝါ)စာအုအုပ်စုများတွင် နွားအုပ်စုတစ်စုစီတွင် အရောင်ကွဲအလိုက်ခေါ်ဝေါ်ကြသည်။ နွားရွှေနီနှင့် နွားပြာစိမ်းမျိုးများသည် မြန်မာတို့ကြိုက်နှစ်သက်ကြသည်။

နွားနီအုပ်စုတွင် နွားနီ၊ နွားရွှေနီ၊ နွားကျစ်နီ၊ နွားနီထိပ်ကွက်၊ နွားနီမြီးစွပ်၊ နွားနီကြား၊ နွားရွှေနီ ရဲရဲတောက်၊ ချိပ်နီ၊ ပုစွန်ဆီ၊ အုန်းခွံ၊ ဇော်နီကွမ်းသွေး၊ နွားကျစ၊် နွားဝါ စသည်ြဖင့် ခေါ်ဝေါ်ကြသည်။

နွားပြာအုပ်စုတွင် မြန်မာနွားစစ်ဟုမသတ်မှတ်ကြောင်း၊ နွားပြာအုပ်စုမှသည်ဝေသာလီမျိုးများမှ နွားမျိုးယှက်နွယ်၍ပေါက်ဖွားလာခြင်းဖြစ်သည်။ ရွှေနန်းရှင်တို့၏ တော်ဝင်နွားမှာ နွားဖြူ (စာဥ)ရောင်ဖြစ်ပြီး ကျေးလက်ပြည်သူများကမူနွားရွှေနီကို အသုံးပြုကြသည်။ သို့သော်နွားပြာအုပ်စုကို မြန်မာနွားဟု သတ်မှတ်ခေါ်ဝေါ်ကြသည်။

နွားနက်အုပ်စုတွင် နွားနက်၊ ဩဇာချိပ်၊ သံရောင်ချိပ်၊ နွားနက်ကြား၊ နွားနက်ထိပ်ကွက်၊ နွားညိုသံရောင်၊ နွားသပြေညို၊ နွားပြေသံရောင်၊ နွားပြေထန်းသီးတို့ဖြစ်သည်။ နွားဖြူအုပ်စု (ဝါ) စာဥတွင် စာဥ၊ စံပယ်၊ စံပယ်ဖြူ၊ စာဥဝါ၊ စာဥဝါကြား၊ စာဥထိပ်ကွက်၊ စာဥ အုန်းခွံ၊ စာဥခြောက်၊ စာဥမြီးဆံကြောင် စသည်တို့ ခေါ်ဝေါ်ကြသည်။

မြန်မာနွားမျိုးသည် အကောင်ငယ်ကြ၍ အရွယ်ရောက် နွားထီးသည် ၁၈၀ မှ ၂၇၅ ပိဿာ၊ နွားမများသည် ၁၂၅ မှ ၁၅၀ ပိဿာခန့်သသာရှိကြသည်။ အရွယ်အားဖြင့် ရင်လုံးပတ် ၇၅ လက်မ၊ အလျား ၈၁ လက်မမှ ၉၁ လက်မ၊ အရပ်အမြင့်(ဒေါက်) ၄၉လက်မ၊ ၅၄ လက်မ ရှိကြသည်။ နွားကောင်းဟု ခေါ်ရမည်ဖြစ်သည်။

မြန်မာနွားတို့၏ အဓိကစွမ်းရည်မှာ "လုပ်အား"ပင်ဖြစ်သည်။ နို့ထုတ်လုပ်ပေးမှုမှာ တစ်သားလျှင် နို့ပိဿာ ၁၂၀ ခန့်သာ ထုတ်လုပ်ပေးနိုင်ပြီး နို့ပေးကာလမှာ ခြောက်လခန့်သာ ရှိပါသည်။ သို့ဖြစ်၍ နွားငယ်ကလေး ရှင်သန်မှုအတွက် နို့သောက်စို့ရန်အတွက်သာ နို့ထုတ်လုပ်ပေးနိုင်ကြောင်း တွေ့ရှိရသည်။
ခိုင်းနွားတို့၏ လုပ်အားစွမ်းရည်သည်အလုပ် အနေအထား (ဥပမာ-ထွန်ယက်သည့်မြေအမျိုးအစား)၊ ဝန်တင်ရုန်းဆွဲရသည့်ပစ္စည်း (ဥပမာ- ထွန်၊ ထယ်၊ လှည်း၊ ကုန်ပစ္စည်း)၊ ရာသီဥတုအခြေအနေ (ဥပမာ- နွေရာသီ၊ ဆောင်း ရာသီ)၊ နွား၏လိမ္မာပါးနပ်မှုနှင့် ကျွမ်းကျင်မှုတို့ပေါ်တွင် မူတည်ပါသည်။ ခိုင်းနွားသည် မိမိ၏ကိုယ်အလေးချိန်ထက် ၃ ဆမှ ၅ ဆခန့်ရှိသောဝန်ကို နိုင်ပါသည်။ မြန်မာနွားတစ်ကောင်၏ လုပ်ငန်းခွင် အင်အားသည် (မြင်းကောင်ရေ) HP ဝ.၇၅ ရှိပါ သည်။ မြန်မာနွားကောင်းတစ်ရှဉ်းသည် အလေးချိန် တစ်တန်လေးသော ဝန်ကိုတင်ဆောင်၍ တစ်နာရီ နှစ်မိုင်နှုန်းနှင့် မိုင် ၂၀ အထိ ပြေးဆွဲနိုင်သည်။ မြန်မာ့နွားတစ်ရှင်းသည် အချိန်အားဖြင့် ငါးနာရီမှ ခြောက်နာရီအတွင်း တစ်ဧကကွက်ကိုထယ်တစ်စပ် သို့မဟုတ် ထယ်နှစ်စပ်ပြီးအောင် ထွန်ယက်နိုင်သည်။ မိုးရာသီတွင် နွားတစ်ရှဉ်းကို ပျမ်းမျှအားဖြင့် ငါးဧကမှ ရှစ်ဧကအထိ ပြီးစီးနိုင်သည်။ မြန်မာနွားတစ်ကောင်သည် တစ်နေ့လျှင် ဆီဆုံခြောက်ဆုံမှ ရှစ်ဆုံအထိ ကြိတ်နိုင်သည်။ မြန်မာနွားကို တစ်နှစ်ပတ်လုံး ခိုင်းကြသည်။ ထွန်ယက်ခြင်း၊ ဝန်တင်ခြင်း၊ ဆီဆုံလည်ခြင်း စသောလုပ်ငန်းများကို ခိုင်းကြသည်။ မြန်မာခိုင်းနွားသည် ဇင်းမယ်နွား(ထိုင်းနွား)၊ လင်ဇင်းနွား(လောနွား)၊ ဗီယက်နမ်နွားတို့ထက် ကျော်ကြားသည်။ မြန်မာခိုင်းနွားများ စက်ကိရိယာထက်သာလွန်သော အရည်အချင်းများရှိကြသည်။ ခိုင်းနွားများသည် အေးဆေးတည်ငြိမ်စွာ အလုပ်လုပ်နိုင်စွမ်းရှိခြင်း၊ ကြံ့ခိုင်သော ခန္ဓာကိုယ်ရှိ၍ ကြီးမားသောဝန်ကိုပင်ရုန်းနိုင်သည်။
ခိုင်းနွားတို့နှင့် ယှဉ်တွဲဆောင်ရွက်ရသော လှည်း၊ ထွန်၊ ထယ် စသောပစ္စည်းများ လွယ်ကူစွာ သယ်ဆောင်နိုင်ခြင်း၊နွားမများ နို့ညှစ်ချိန်၌ပင် ပေါ့ပါးသောအလုပ်များကို ခိုင်းနိုင်ခြင်း၊ နေရာဒေသမရွေး ဆောင်ရွက်နိုင်ခြင်း၊ လယ်ယာသုံးစက်ကိရိယာများသည် အချိန်ကုန်သက်သာပြီး လုပ်ငန်းတွင်ကျယ်သော်လည်း ခိုင်းနွားများနှင့်စာလျှင် စက်မောင်းဆီများ လိုအပ်ခြင်း၊ စက်အပိုပစ္စည်းများ ဝယ်ယူရခြင်း၊ စက်ပြင်ဆင်စရိတ်များရှိနေခြင်း၊ နေရာဒေသသွားလာခက်ခဲမှုများရှိနေခြင်းတို့ကြောင့် ခိုင်းနွားတို့သည် လယ်ယာလုပ်ငန်းနှင့် ကျေးလက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတို့တွင် အထူးအရေးပါလှသည်။ သို့ဖြစ်၍ မြန်မာ ခိုင်းနွားကောင်းများ တိုးပွားရေးနှင့် စနစ်တကျအသုံးပြုနိုင်ရန်အတွက် တောင်သူလယ်သမားများသည် အစဉ်အမြဲကြိုးပမ်းအားထုတ် နေရမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။


ထွန်းလှိုင်(မြိုင်)
အတွဲ(၁၃)၊ အမှတ်(၁၆)

Popular Posts