လွန်ခဲ့သော
နှစ်ပေါင်း ၄၀ ကျော်ကတည်းကစ၍ သားအိမ်ခေါင်းကင်ဆာဟာ အမျိုးသမီးများ၏ ဇီဝိန်ကို ခြွေလာခဲ့ပါတယ်။
ဆေးသိပ္ပံနည်းပညာများ တစ်နေ့တခြား ဖွံ့ဖြိုးတိုးတက်လာတာရယ်၊ ပြည်သူများ ကျန်းမာရေး အမြင်ရှိလာပြီး
သားအိမ်ခေါင်းကင်ဆာ၏ ရှေ့ပြေးနိမိတ်များကို သိရှိလာတာကြောင့်လည်း ၄င်းကင်ဆာဖြင့် အသေ
အပျောက်နှုန်း သိသိသာသာကျဆင်းသွားပါတယ်။ သို့သော် ရှေးယခင်ကလောက် မများပြားလှသော်လည်း
နှစ်စဉ် သားအိမ်ခေါင်းကင်ဆာဖြင့် သေဆုံးမှုကတော့ ကမ္ဘာနှင့်အ၀န်းရှိနေကြတုန်းပါပဲ။ သားအိမ်ခေါင်းကင်ဆာရောဂါဟာ
ယေဘုယျအားဖြင့် အသက်ကြီးသောအမျိုးသမီးများတွင်သာ ဖြစ်ပွားလေ့ရှိသော်လည်း အသက် ၄၀ ၀န်းကျင်
အမျိုး သမီးများတွင်လည်း ဖြစ်တတ်ပါတယ်။ လေ့လာမှု မှတ်တမ်းများအရ သားအိမ်ခေါင်းကင်ဆာဟာ
ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် အမျိုးသမီးငါးသိန်းကျော်ဖြစ်ပွားနေပြီး တစ်နှစ်လျှင် သေဆုံးသူနှစ်သိန်းခွဲကျော်ရှိကြောင်း၊
နှစ်မိနစ်လျှင် အမျိုးသမီးတစ်ဦး သားအိမ်ခေါင်းကင်ဆာဖြင့် သေဆုံးနေကြောင်း သိရပါတယ်။
သားအိမ်ခေါင်းကင်ဆာနှင့်
ကူးစက်ပိုး
သားအိမ်ခေါင်းကင်ဆာရောဂါဟာ ကြွက်နို့ပိုး
(ခေါ်) HPV
(Human Papilloma Virus)
ပိုးကြောင့် အဓိက ဖြစ်ပွားပြီး
၎င်းပိုးမှာ လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများတွင် အများဆုံးဖြစ်သော ရောဂါတစ်ခုဖြစ်ပါ
တယ်။ HPV ပိုး အမျိုးပေါင်း ၄၀ ကျော် ခန့်ရှိတဲ့အနက် ပိုးမျိုးကွဲ
၁၆ နှင့် ၁၈ မှာ သားအိမ်ခေါင်းကင်ဆာရောဂါကို ရာခိုင်နှုန်း ၇၀ ဖြစ်စေနိုင်ပြီး ကျန်ပိုးမျိုးကွဲများမှာ
ရာခိုင်နှုန်း ၃၀ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်ပါတယ်။ HPV
ပိုးမျိုးကွဲတချို့မှာ သားအိမ်ခေါင်းထဲ ၀င်ရောက်ပြီးနောက် ၅၄ ရာခိုင်နှုန်းမှာ တစ်နှစ်အတွင်း၊
၉၁ ရာခိုင်နှုန်းမှာ နှစ်နှစ်အတွင်း ခုခံအားဖြင့် ရောဂါပိုးကို တိုက်နိုင်ကြောင်းနှင့်
ပိုးအမျိုးကွဲ ၁၆ နှင့် ၁၈ မှာမူ တခြားပိုးများထက် သားအိမ်ခေါင်းအတွင်း ဆက်လက်တည်ရှိနိုင်ကာ
ကင်ဆာရောဂါအဆင့်အထိ ဖြစ်စေနိုင်ကြောင်း သိရပါတယ်။
သားအိမ်ခေါင်းကင်ဆာနှင့်
မြန်မာပြည်
မြန်မာနိုင်ငံတွင် နှစ်စဉ် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားသူ
အမျိုးသမီးဦးရေ ၆၄၀၀ ကျော်ရှိပြီး၊ ၃၅၀၀ ကျော်မှာ သေဆုံးနေကြောင်း WHO
မှ ထုတ်ပြန်ထားပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံမှာ သားအိမ်ခေါင်းကင်ဆာရောဂါ ဟာ ရင်သားကင်ဆာဖြစ်ပွားမှုနှုန်းပြီးပါက
ဒုတိယအဖြစ်အများဆုံးရောဂါဖြစ်ပြီး၊ ၄င်းရောဂါနှင့်ပင် သေဆုံးမှုလည်း အများဆုံးဖြစ်နေကြောင်း
မြန်မာနိုင်ငံ ဆရာဝန်အသင်းက သတိပေးထားပါတယ်။ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို
အသက် ၉ နှစ်မှ ၁၃ နှစ်အရွယ် အမျိုးသမီးငယ်များ ထိုးနှံပေးသင့်ပြီး၊ ထိုအရွယ်တွင် မထိုးနှံဖြစ်
ခဲ့ပါက အိမ်ထောင်မကျသေးမီ အသက် ၁၆ နှစ် အရွယ်ထိထိုးနိုင်ကြောင်း အကြံပြုထားပါတယ်။ ရန်ကုန်ဗဟို
အမျိုး သမီးဆေးရုံကြီးတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ရေးအစီအစဉ်အရ သားအိမ်ခေါင်းကင်ဆာ
ရှိ မရှိ စစ်ဆေးခြင်းနှင့် ဆေးကုသပေးခြင်းတို့ကို အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့များတွင်
မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ အခမဲ့ ပြုလုပ်ပေးလျက်ရှိပါတယ်။ လက်ရှိတွင် ကာကွယ်ဆေးကိုးမျိုး
ထိုးပေးနေပြီး နိုင်ငံတော်အစိုးရနှင့် အလှူရှင်အဖွဲ့အစည်းတစ်ခုမှ ထည့်ဝင်သော ကာကွယ်ဆေးခြောက်မျိုးနှင့်
ကမ္ဘာ့ကုလသမဂ္ဂကျန်းမာရေးအဖွဲ့ အစည်းမှ ကူညီပေးသော ကာကွယ်ဆေးသုံးမျိုးတို့ ဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးနှံထားပါက ဖြစ်ပွားမှုကို ၉၃ ရာခိုင်နှုန်းမှ ၉၉ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ကြောင်း
သိရပါတယ်။
ဖြစ်ပွားရသောအကြောင်းရင်း
ရောဂါဖြစ်ရသော အဓိကအကြောင်းရင်းများမှာ သားအိမ်ခေါင်းဆိုင်ရာ
ပုံမှန်မဟုတ်သော ဆဲလ်များကြီး ထွားလာခြင်း၊ လိင်ဆက်ဆံဖော်များခြင်း၊ ငယ်ရွယ်စဉ် လိင်ဆက်ဆံမှုစတင်ခြင်း၊
သန္ဓေတားဆေးများသုံးစွဲခြင်း၊ ကိုယ်ခံအားစနစ်အား နည်းခြင်းတို့ကြောင့် ဖြစ်လာရပါတယ်။
အောက်ဖော်ပြပါအခြေအနေများကို ဖတ်ရှုရင်း မိမိနှင့်တကွ အခြားသောအမျိုးသမီးများ၏ အသက်အန္တရာယ်ကို
ဆွဲဆန့်ထားနိုင်ပါလိမ့်မယ်။
စားသောက်မှုပုံစံ
နည်းစနစ်မကျခြင်း
အထူးသဖြင့် အ၀လွန်သော အမျိုးသမီးများဟာ အာဟာရဓာတ်ပမာဏမပြည့်မီတဲ့
ready made
အစား အစာတွေကို နေ့တဓူဝစားသောက်ခြင်းကြောင့်
သားအိမ်ခေါင်းကင်ဆာဖြစ်လာဖို့ တွန်းအား ဖြစ်စေပါတယ်။
ပဋိသန္ဓေတားဆေးများ၏
ဘေးထွက်ဆိုးကျိုး
လေ့လာစမ်းစစ်မှု မှတ်တမ်းများ အရ၊ ပဋိသန္ဓေတားဆေးကို
ငါးနှစ်နှင့်အထက် စွဲ၍ သုံးစွဲလာသူ အမျိုးသမီး များမှာ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်မှု
အခွင့် အလမ်းများနေပါတယ်။
မျိုးရိုးလိုက်ခြင်း
သားအိမ်ခေါင်းကင်ဆာနဲ့ပတ်သက်၍ သုတေသနပြုချက်များအရ
ထိုကင်ဆာဟာ မျိုးရိုးလိုက်တယ်/ မျိုးရိုး မလိုက်ဘူးဟု သုတေသီများအကြား အငြင်းပွား မှုတွေရှိနေကြပါတယ်။
မိခင်၊ အဘွား၊ ကြီးဒေါ်စသူတွေမှာ ထိုကင် ဆာရှိနေပါက မိမိမှာလည်း ကင်ဆာဖြစ်နိုင်ခြေ အလားအလာ
သုံးဆခန့်ရှိတယ်လို့ ဆိုပါတယ်။ တချို့သော သုတေ သီများကတော့ သားအိမ်ခေါင်းကင်ဆာဟာ မျိုးရိုးမလိုက်နိုင်ဟု
ဆိုပါတယ်။ မျိုးရိုးထဲမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားသူရှိနေပါက ပေါ့ပေါ့ဆဆ သဘောမထားသင့်ပေ။
HIV ပိုးအန္တရာယ်
HIV
ပိုးကြောင့် ဖြစ်လာရတဲ့ AIDS ရောဂါဟာ ကိုယ်ခံစွမ်းအင်တွေကို ဖျက် ဆီးပစ်တာကြောင့် Human Papilloma Virus (HPV) (ခေါ်) ဗိုင်းရပ်စ် ရောဂါပိုးကို အဆမတန် တိုးပွားလာပြီးနောက်
ဆက်တွဲဆိုးကျိုးအဖြစ် သားအိမ်ခေါင်းကင်ဆာဖြစ်ဖို့ တွန်းအားပေးလာပါတယ်။
ဆေးလိပ်သောက်ခြင်း
ဆေးရွက်ကြီးထဲမှာပါရှိတဲ့
ဓာတ်ပစ္စည်းများဟာ သားအိမ်ခေါင်း၏ ဆဲလ်များထဲရှိ DNA ကို
ပျက်စီးစေ ရုံသာမက၊ ကင်ဆာဆဲလ်များကို အဆမတန်ပြန့်ပွားစေပါတယ်။ ဒါ့ပြင် ဆေးရွက်ကြီးက
ကိုယ်ခံစွမ်းအားစနစ်ကို ဆုတ်ယုတ်လာစေတာကြောင့်၊ သားအိမ်ခေါင်းကင်ဆာဖြစ်စေနိုင်တဲ့ HPV ကူးစက်ပိုးမွှားများကို
မတိုက်ခိုက်နိုင် တော့ပေ။ ထို့ကြောင့် ဆေးလိပ်သောက်သော အမျိုးသမီးများဟာ လုံးဝမသောက်တတ်သူများထက်
သားအိမ်ခေါင်း ကင်ဆာ ဖြစ်နိုင်ခြေ အလားအလာနှစ်ဆကျော် ပိုလာနိုင်ပါတယ်။
မကြာခဏ
ကိုယ်ဝန်ဆောင်ခြင်း သို့မဟုတ် ကလေးများခြင်း
သားသမီးသုံးဦးနှင့်အထက် မွေးခဲ့သော မိခင်တွေမှာ
သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ချေ အလားအလာ ပိုနေပါတယ်။
အရွယ်မရောက်ခင်
ကိုယ်ဝန်ဆောင်ခြင်း
အသက်
၁၇ နှစ်မတိုင်ခင် (အရွယ်မရောက်သေးခင်)မှာ မိမိရဲ့ ပထမဦးဆုံးကလေးကို ကိုယ်ဝန်ဆောင်ခဲ့သူ
များဟာ အသက် ၂၅ နှစ်ရောက်မှ ကိုယ်ဝန်ဆောင်သူများထက် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေ
အလားအလာ နှစ်ဆပိုပါတယ်။
ကြိုတင်ကာကွယ်နည်း
တကယ်တမ်းမှာတော့ သားအိမ်ခေါင်းကင်ဆာဖြစ်နေကြောင်းကို
အလွယ်တကူမသိနိုင်ပါဘူး။ ကင်ဆာ ပထမအဆင့်ရောက်မှသာ သိသွားကြတာမျိုးပါ။ သို့သော် သိပ်ပြီးမစိုးရိမ်ကြပါနဲ
့။ အောက်ပါ ဆောင်ရန်ရှောင်ရန် နည်းများဖြင့် ကြိုတင်ကာကွယ်လို့ရပါတယ်။
အသားစကိုစစ်ဆေးခြင်း
Pap smears (ခေါ်) သားအိမ်ခေါင်း အစအနကိုထုတ်၍
အဏုစိတ်ကြည့်မှန်ပြောင်းဖြင့် စစ်ဆေးနည်း ဖြစ်ပါ တယ်။ ပျမ်းမျှအသက် ၂၀ မှ ၃၀ ကြား အမျိုးသမီးတွေဟာ
သုံးနှစ်တစ်ကြိမ်ပုံမှန် စစ်ဆေးသင့်ပြီး၊ အသက် ၃၀ မှ ၆၅ နှစ်ကြား အမျိုးသမီးတွေမှာ
သုံးနှစ် သို့မဟုတ် ငါးနှစ်တစ်ကြိမ် ပုံမှန်စစ်ဆေးသင့်ပါတယ်။ အသက် ၆၅ နှစ်နှင့် အထက်အမျိုးသမီးကြီးများကတော့
၎င်းတို့သက်တမ်းအတွင်း သုံးကြိမ်လောက် စစ်ဆေးခဲ့ဖူးပြီး၊ ဘာရောဂါလက္ခ ဏာမှ မပြခဲ့ဖူးဆိုရင်တော့
Pap smears
စစ်ဆေးဖို့ မလိုအပ်တော့ပါဘူး။
HPV ကာကွယ်ဆေးထိုးနှံခြင်း
အချို့သော ဆေးသုတေသီများက အမျိုသမီးတိုင်းသာမက
အမျိုးသား အားလုံး အသက် ၂၀ မတိုင်မီ HPV ကာကွယ်ဆေးထိုးနှံခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာ
ဖြစ်မလာအောင် ကြိုတင်ကာကွယ်ထားနိုင်တယ်လို့ ဆိုပါ တယ်။ ဒါ့ပြင် သမီးမိန်းကလေးများ အသက်ကိုးနှစ်အရွယ်မှစ၍
သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးထိုးခြင်းဟာ ကင်ဆာမဖြစ်ရန် အကောင်းဆုံး ကာကွယ်နည်းဖြစ်ပါတယ်။
ကာကွယ်ဆေးကို အသက် ၉ နှစ်မှ ၁၅ နှစ်ကြား ဆိုပါက နှစ်ကြိမ်ထိုးသင့်ပြီး အသက် ၁၅ နှစ်
အထက်ဆိုပါက သုံးကြိမ်ထိုးရပါမယ်။ HPV
ရှိသူများအပါအ၀င် ကိုယ် ခံအားနည်းသူ အမျိုးသမီးများကတော့ သုံးကြိမ်ထိုးရန် လိုအပ်ပါတယ်။
ဆေးလိပ်မသောက်ခြင်း
သားအိမ်ခေါင်းကင်ဆာအပါအ၀င် မည်သည့်ရောဂါအတွက်မျိုးမဆို
ဆေးလိပ်ဟာ(လုံးဝ)ကောင်းကျိုးမပေး ပါဘူး။ မိမိကိုယ်တိုင် ဆေးလိပ်မသောက်သော်ငြား၊ တစ်ဆင့်ခံ
စီးကရက်မီးခိုးငွေ့ကို ရှူရှိုက်ရသူများမှာလည်း ဘေးဖြစ်စေပါတယ်။ ဒါကြောင့် မိမိနှင့်တကွ
မိမိပတ်ဝန်းကျင်ရှိသူများကို ဆိုးကျိုးပြုတဲ့ ဆေးလိပ်ကို ဝေးဝေးက ရှောင်ကြပါ။
လိင်မှတစ်ဆင့်မကူးစက်အောင်
ကာကွယ်ခြင်း
HPV ပိုးရှိတဲ့ အမျိုးသားနှင့် လိင်ဆက်ဆံမိတဲ့အခါ၊
မိမိကိုပါကူးစက်လာပြီး ထိုမှတစ်ဆင့် သားအိမ်ခေါင်း ကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်
လိင်မှတစ်ဆင့် ဖြစ်ပွားသည့်ကူးစက်ပိုးမွှားများ အန်္တရာယ်မှကင်းဝေး အောင် (နောင်ရေး စိတ်အေးရအောင်)
အခုအခံအကာအကွယ်သုံး၍ လိင်ဆက်ဆံပါ။
အထက်ပါအချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့်
သားအိမ်ခေါင်းကင်ဆာဖြစ်ပွားခြင်းကို ကြိုတင်သိရှိ နိုင်ပြီး ထိရောက်စွာ ကာကွယ်နိုင်မှာ
ဖြစ်ပါတယ်။
ပေါက်ပေါက်
အတွဲ(၁၃)၊ အမှတ်(၁၅)