အစာအာဟာရပညာကိုလေ့လာရာ၌ အစာနှင့်အာဟာရကို ကွဲပြားစွာသိမြင်ရန်လိုပါသည်။
အာဟာရ ဆိုရာ၌ ကိုယ်ခန္ဓာကို စွမ်းအင်သော်လည်းကောင်း၊ ဆောက်တည်မှုသော်လည်းကောင်း၊ ကာကွယ်မှုသော်
လည်းကောင်း ပေးနိုင်သောအစာကိုဆိုလိုပါသည်။ သို့ဖြစ်ပါ၍ အာဟာရပေးနိုင်သော ဓာတုပစ္စည်းတို့သည်
အစာတွင်ပါဝင်ပါသည်။
ကိုယ်ခန္ဓာကို စွမ်းအင်ပေးသော အစာ (Energy Food) သည် ကစီဓာတ် (Carbohydrate) အဆီဓာတ် (Fats and Oils)နှင့် အသားဓာတ် (အသားဓာတ်အစစ်
True Protein)နှင့် အသားဓာတ် မဟုတ်သော
နိုက်ထရိုဂျင်ဓာတ် (Non-Protein nitrogen NPN compound) စသည်တို့ဖြစ်ပါသည်။
သို့သော် စွမ်းအင်ဖြစ် အစာဟုဆိုလျှင် ကစီဓာတ် (Carbohydrates) ကိုဆိုလိုပါသည်။ တစ်ယူနစ်ချင်းနှိုင်းယှဉ်လျှင်
ကစီဓာတ်နှင့် အသားဓာတ်တို့ထက် အဆီဓာတ်သည်ပေါများပြီး လွယ်လွယ်ကူကူ ရရှိနိုင်သည့်အပြင်
ကြေလွယ်ပြီး စွမ်းအင်ကို လွယ်လွယ်နှင့်များများ ထုတ်နိုင်သော အာဟာရဖြစ်၍ စွမ်းအင်ဖြစ်
အစာဟု သတ်မှတ်ဖော်ပြ လေ့ရှိပါသည်။
ကိုယ်ခန္ဓာကို ဆောက်တည်မှုပေး သောအစာ (Contructive Food) ဆိုသည်မှာ ကိုယ်ခန္ဓာကို
ကြီးထွားမှု အများဆုံးပေးသောအစာကို ဆိုလိုပါသည်။
၎င်းမှာ အသားဓာတ် (Protein) ကိုဆိုလိုပါသည်။ ၄င်းချို့တဲ့မှု ဖြစ်ပါက ကြီးထွားမှုကို
ထိခိုက်သည့်အပြင် ထုတ်လုပ်မှုကိုပါ ထိခိုက်နိုင်ပါသည်။
ကိုယ်ခန္ဓာကို ကာကွယ်မှုပေးသောအစာ (Protective Food) ဆိုသည်မှာ ကိုယ်ခန္ဓာကို
ပတ်ဝန်းကျင် ရောဂါဘယအမျိုးမျိုးမှ ကြိုတင်ကာကွယ်ရန်အလို့ငှာ လိုအပ်သောအာဟာရဓာတ်တစ်မျိုးဖြစ်ပါသည်။
ယေဘုယျအားဖြင့် အသားဓာတ်ကဲ့သို့ ဖွဲ့စည်းထားပြီး ဗီတာမင် (Vitamins) ဟုခေါ်ပါသည်။ ၄င်းဓာတ်ချို့
တဲ့ပါက အထွေထွေဗီတာမင်ချို့တဲ့သော ရောဂါအမျိုးမျိုးဖြစ်ပြီး အခြားရောဂါပိုးကြောင့် ကူးစက်ရောဂါများ အလွယ်တကူဖြစ်နိုင်ပါသည်။
ကျွဲ၊ နွား၊ သိုး၊ ဆိတ်နှင့် အခြားစားမြုံ့ပြန်သတ္တ၀ါတို့သည်
များသောအားဖြင့် ၄င်းတို့စားသုံးသော သာမန်အစားအစာများမှ ဗီတာမင်များနှင့် သတ္တုဓာတ်များကို
လုံလောက်စွာရရှိကြပေသည်။ ဗီတာမင်များ သည် တိရစ္ဆာန် ခန္ဓာကိုယ်အတွက် ညှိနှိုင်းပစ္စည်းများအဖြစ်
လိုအပ်ပါသည်။ ဥပမာ- ဗီတာမင်အေသည် တိရစ္ဆာန်ကြီးထွားမှုအတွက် လည်းကောင်း၊ ဗီတာမင်ဒီသည်
အရိုးအဆစ်များ ပုံမှန်ဖြစ်ထွန်းရန်အတွက် လည်းကောင်း ထိန်းညှိပေးလျက်ရှိကြပေသည်။ ၄င်းအပြင်
ဗီတာမင်အီးသည်လည်း မျိုးပွားလုပ်ငန်း ဆောင်တာများအား နှိုးဆွပေးခြင်းနှင့် ထိန်းညှိပေးလျက်ရှိကြပေသည်။
၎င်းအပြင် ဗီတာမင်အီးသည် မျိုးပွားလုပ်ငန်းဆောင်တာများအား နှိုးဆွပေးခြင်းနှင့် ထိန်းညှိပေးခြင်းတို့၌
လိုအပ်ပါသည်။ သို့ဖြစ်၍ တိရစ္ဆာန်တစ်ကောင်၏ ခန္ဓာကိုယ်လုပ်ငန်းဆောင်တာများ ပုံမှန်လည်ပတ်နိုင်ရေးအတွက်
ဗီတာမင်များ သည် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
အစာတွင်ပေါင်းစပ်ပါဝင်ပစ္စည်းအမျိုးမျိုး
ရေ၊ အသားဓာတ်၊ ကစီဓာတ်၊ အမျှင်ဓာတ်၊ အမျှင်ဓာတ်ကြမ်း
(Crude Fibre)၊ အဆီဓာတ်၊ ဓာတ် သတ္တုများ
(Minerals)တို့ဖြစ်သည်။
ဆိတ်၏ရေသောက်မှုသည် အစာစားသုံးမှု၊ ပတ်ဝန်းကျင်အပူချိန်၊
ရေ၏အပူချိန် လှုပ်ရှားမှုနှင့် ထုတ် လုပ်မှု၊ ဓာတ်ဆားနှင့် အသားဓာတ်များ စားသုံးမှု စသည်တို့အပေါ်တွင်
မူတည်သည်။
ရေ၏စွမ်းဆောင်ချက်
ခန္ဓာကိုယ်အပူချိန်မျှတစေခြင်း၊ အစာချေဖျက်ပြီး
ပစ္စည်းများနှင့် အသွင်ပြောင်းလဲခြင်း၊ ရွေ့လျားပို့ ဆောင်မှုပြုလုပ်ခြင်း၊ ကလပ်စည်းများဆောက်တည်မှုတွင်
ပါဝင်ခြင်း၊ ဇီဝကမ္မလုပ်ငန်းစဉ်များအတွက် အထောက်အကူပြုခြင်းဖြစ်သည်။
အသားဓာတ်
အသားဓာတ်သည် တိရစ္ဆာန်တစ်ကောင်၏ ခန္ဓာကိုယ်အတွင်းရှိ
အသားမျှင်တည်ဆောက်မှုနှင့် ပြန် လည်ပြုပြင်မှုအတွက်လည်းကောင်း၊ အစာချေရည်နှင့် ဟော်မုန်းများ
ထုတ်လုပ်ရာတွင်လည်းကောင်း လိုအပ်ပေသည်။ နို့ထုတ်လုပ်မှုနှင့် ကြီးထွားမှုတို့တွင်လည်း
အသားဓာတ်လိုအပ်ပေသည်။ အသားဓာတ်၏ အချို့အစိတ်အပိုင်းသည် စွမ်းအင်အဖြစ် ပြောင်းလဲနိုင်ပေသည်။
အစာအမျိုးမျိုးမှရရှိသော အသားဓာတ် ပမာဏမှာ များစွာခြားနားမှုရှိသည်။ ဥပမာ- ကောက်ရိုးကဲ့သို့သော
အစာများတွင် အသားဓာတ် အနည်း ငယ် သာပါဝင်သော်လည်း နှမ်းဖတ်၊ ပဲဖတ် သို့မဟုတ် ပဲပိစပ်ကဲ့သို့သောအစာများတွင်မူ
အသားဓာတ် ပါဝင်မှု ပိုမိုများပေသည်။
အသားဓာတ်တွင် နိုက်ထရိုဂျင်သည် အဓိကပါဝင်သောပစ္စည်းဖြစ်သည်။
အသားဓာတ်ရှိ နိုက်ထရိုဂျင် ပမာဏသည် အစဉ်တည်မြဲသော ကိန်းဂဏန်းတစ်ခုအဖြစ်ရှိသည်။ အသားဓာတ်အားလုံးလိုလိုပင်
၁၆ ရာခိုင်နှုန်း နိုက်ထရိုဂျင်ပါရှိသည်။ ဆိုလိုချက်မှာ ၁၀၀ ဂရမ် အသားဓာတ် ကြမ်းတွင်
၁၆ ဂရမ် နိုက်ထရို ဂျင်ပါဝင်သည်။ သို့မဟုတ် တစ်ဂရမ်နိုက်ထရိုဂျင်သည် ၆ ဒသမ ၂၅ ဂရမ်
အသားဓာတ်အတွက် ရပ်တည် နေခြင်းဖြစ်သည်။
ကစီဓာတ်
စွမ်းအင်ထုတ်လုပ်မှုကို အားပေးသည်။ အပိုအလျှံများကို
အဆီအဖြစ် စုဆောင်းစေ၏။ ကစီဓာတ်တွင် ကော်ဓာတ် (starch)နှင့် ရိုးရိုးသကြား (Sugars) များပါဝင်သည်။
အမျှင်ဓာတ် (Crude Fibre)
ဆိတ်စာပင်များတွင် အမျှင်ဓာတ်ကြမ်းများစွာပါဝင်သည်။
အမျှင်ဓာတ်သည် အူလမ်းကြောင်း လှုပ်ရှား မှုကို အားပေးစေ၏။ သို့အတွက် အင်ဇိုင်းများ စစ်ထုတ်မှုကို
မြင့်မားစေပြီး ကောင်းမွန်စွာ အစာချေဖျက် နိုင်စွမ်းရှိစေပါသည်။ ရေစုပ်ယူမှုကိုလည်း
မြင့်မားစေခြင်းဖြင့် ခြောက်သွေ့သော စွန့်ပစ်ပစ္စည်းများကို စွန့် ထုတ်စေသည်။ ကြားခံပစ်္စည်းတစ်ခုအဖြစ်
အသုံးပြုကြသည်။ အထူးသဖြင့် ဆီကမ် (Caecum)အတွင်းတွင် ဖြစ်သည်။ ၄င်းပိုးမွှားများသည် ဆဲလူးလို့စ်များကို
ချေဖျက်ရန်နှင့် ဆဲလူလေ့အင်ဇိုင်းများကို စစ်ထုတ်သည်။ ထို့အပြင် ဗီတာမင် K နှင့် ဘီ၁၂ (B 12) ကိုလည်း ထုတ်ပေးနိုင်သည်။
အဆီဓာတ် (Fat)
စွမ်းအင်ထုတ်လုပ်မှုကို အားပေးသည်။ မရှိမဖြစ်လိုအပ်သော
ဖက်တီးအက်စစ်များပါဝင်ပါသည်။ ဗီတာ မင်နှင့် ပရိုဗီတာမင်များပါဝင်သည်။ (ဗီတာမင် အေ၊
ဒီ၊ အီး၊ ကေ)
ဓာတ်သတ္တုများ (Minerals)
ဓာတ်သက္တုများသည် ခန္ဓာကိုယ်အတွင်း၌ အမျိုးအစားအလိုက်
ကွဲပြားခြားနားသော လုပ်ငန်းဆောင် တာများကို ဆောင်ရွက်လျက်ရှိပေသည်။ ဥပမာ-ခန္ဓာကိုယ်၏အရိုးစုကို
တည်ဆောက်ရာ၌လည်းကောင်း၊ နို့ထုတ်လုပ်မှုနှင့် သန္ဓေကြီးထွားမှုအတွက်လည်းကောင်း၊ ကယ်လ်စီယမ်နှင့်
ဖော့စဖာရပ် အမြောက် အများလိုအပ်သည်။ ခန္ဓာကိုယ်၏ ဓာတုဗေဒဆိုင်ရာ ညှိနှိုင်းဖြစ်စဉ်များ၌လည်းကောင်း
အနည်းငယ်စီ လို အပ်သည်။ မွေးမြူရေးလုပ်ခြင်းသည် တိရစ္ဆာန်အစာများမှ အာဟာရဓာတ်များကို
မွေးမြူရေးလုပ်ငန်း၏ သွင်းအားစုများအဖြစ် အသုံးချ၍ တိရစ္ဆာန်များမှ စွမ်းအင်ကို ထုတ်ယူသုံးစွဲခြင်းဖြစ်ပါသည်။
စွမ်းအင်
စွမ်းအင်ဆိုသည်မှာ အလုပ်လုပ်နိုင်သော စွမ်းရည်ပင်ဖြစ်သည်။
ခန္ဓာကိုယ်တည်တံ့ရေးအတွက် စွမ်း အင်လိုအပ်ပါသည်။ တိရစ္ဆာန်တစ်ကောင်၏ သက်တမ်းတစ်လျှောက်၌
နှလုံးဆက်တိုက် အလုပ်လုပ်ခြင်း သို့မဟုတ် အူများသည် အစာများ အစာလမ်းကြောင်းတစ်လျှောက်
ရွေ့လျားစေခြင်းနှင့် အခြားလုပ်ငန်း ဆောင်တာများ လုပ်ဆောင်ခြင်းများသည် စွမ်းအင်ကြောင့်
ဖြစ်ပေါ်စေနိုင်သော အကြောင်းများဖြစ်သည်။
တစ်နည်းအားဖြင့်ပြောရလျှင် တိရစ္ဆာန် တစ်ကောင်၏
ခန္ဓာကိုယ်အတွက် စွမ်းအင်သည် အင်ဂျင်စက် တစ်လုံးအတွက် လိုအပ်သောလောင်စာဆီ၏ လုပ်ငန်းဆောင်တာ
ကဲ့သို့ပင်ဖြစ်ပေသည်။ သို့သော် ခြားနား မှုတစ်ခုမှာ တိရစ္ဆာန်တစ်ကောင်၏ ခန္ဓာကိုယ်သည်
အာဟာရကို အဓိကအားဖြင့် အဆီအဖြစ် သိုလှောင် ထားနိုင်ပြီး အစာရှားပါးသောကာလများ၌ အသုံးပြုနိုင်ပေသည်။
စွမ်းအင်ကို အသားဓာတ်များ၊ အဆီများ၊ ကစီဓာတ်(ကာဘိုဟိုက်ဒရိတ်)ကဲ့သို့သော အော်ဂဲနစ်
(သက်ရှိရုပ်ကြွင်းဓာတ်) အစာများ အားလုံးတို့တွင် တွေ့ရှိရပါသည်။ တိရစ္ဆာန်တစ်ကောင်၏
စွမ်းအင်လိုအပ်ချက်သည် ၄င်း၏ခန္ဓာကိုယ် အရွယ်အစား၊ အသက်နှင့်အခြေအနေတို့အပေါ်တွင် မူတည်လျက်ရှိပါသည်။
၎င်းတိရစ္ဆာန်၏ ထုတ်လုပ်မှု၊ ကြီးထွားမှု (ကိုယ်အလေးချိန်တိုးခြင်း)သို့မဟုတ် ဇီးရှိခြင်း
(ကိုယ်ဝန်ဆောင်ခြင်း) စသည်တို့ ဖြစ်သည်။
အာဟာရဗေဒပညာဖြင့် အဓိပ္ပာယ်ဖွင့်ဆိုမည်ဆိုပါက တိရစ္ဆာန်တစ်ကောင်၏
ခန္ဓာကိုယ်အတွင်းတွင် ဇီဝကမ္မဆိုင်ရာ ဓာတ်ပြုပြင်ပြောင်းလဲမှုများကြောင့် ထွက်ရှိလာသော
အပူပမာဏကို တိုင်းတာမှု သို့မဟုတ် ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်ဆုံးရှုံးမှုပမာဏတို့ပင်ဖြစ်သည်။
အစာတစ်ခု၏ ပါဝင်မှုပစ္စည်းအပြင် အစာ၏ စွမ်းအင်ပါဝင်မှုသည်လည်း
အရေးကြီးပေသည်။ အစာတွင် ပါဝင်သည့်ဒြပ်ပစ္စည်း (Organic Matter) များသာ လောင်ကျွမ်းနိုင်ကြသည်။
သို့အတွက် Organic
Matter များသည်
အစာစွမ်းအင်ကို ထုတ်ပေးနိုင်ကြသည်။
ဒြပ်ပစ္စည်းတစ်ခု လောင်ကျွမ်းသောအခါ ၄င်းတွင်ရှိသော
စွမ်းအင်တို့ထွက်ပေါ်လာပါသည်။ ၄င်းထွက် ပေါ်လာသော စွမ်းအင်ကိုပင် (Gross Energy) ဟုခေါ်ဆိုပြီး အပူ၏
တိုးတက်မှုပမာဏအဖြစ် တိုင်းတာကြ လေသည်။
ထွန်းလှိုင်(မြိုင်)
အတွဲ(၁၃)၊ အမှတ်(၁၅)