မိမိတို့နိုင်ငံတွင် ကြီးပွားတိုးတက်လိုသော
မြန်မာလူငယ်အတော်များများသည် နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသည်။
အမျုးသားအလုပ်သမားဦးရေမှာ ပိုမိုများပြားသော်လည်း ကျား၊ မ၊ လူကြီး၊ လူလတ်အရွယ်စုံပင်
သွားရောက်နေကြပါသည်။ အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်း၊ မလေးရှား၊ စင်္ကာပူတို့မှသည်
တရုတ်၊ ဩစတြေးလျ၊ ဂျပန်၊ အမေရိကန်၊ ယူအေအီး စသောနုငငံများအထ ကမ္ဘာ့နိုင်ငံစုံပင်
သွားရောက်ကြပါသည်။ အထူးသဖြင့် မြန်မာအများစုသွားရောက်ကြသည်မှာ အိမ်နီးချင်းများဖြစ်သော
မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်သည်။ ယခုနောက်ပိုင်းတွင် မလေးရှားနိုင်ငံသို့
သွားရောက်သူဦးရေမှာ ပိုမိုများပြားလာသည်။
မလေးသို့သွားရသည့်စရိတ်ကလည်း စင်္ကာပူတို့လောက်
မများပြား။ စရိတ်စက တတ်နိုင်ကြသဖြင့် ကျေးလက်နေထိုင်သူ အတော်များများပင် မလေးသို့သွားရောက်
အလုပ်လုပ်လာကြသည်။ ပညာရှင်များရော အလုပ်ကြမ်းသမားများပါ သူ့ထက်ငါ မလေး ရှားနိုင်ငံသို့ ငွေရှာထွက်နေကြပါသည်။ နိုင်ငံရပ်ခြားသို့
သွားရောက်အလုပ်လုပ် ကိုင်ခြင်းမှာ ကောင်းပါ၏။ မိမိအတွက် စီးပွားဥစ္စာတိုးသကဲ့သို့
တိုင်းပြည်အတွက် လည်း နိုင်ငံခြားဝင်ငွေရရှိသည်သာ ဖြစ်ပါ ၏။ အတုယူနည်းမှီးနိုင်မည်ဆိုပါကလည်း
အလုပ်ရှင်နိုင်ငံတို့၏ ကြီးပွားတိုးတက်ပုံ နည်းနာတို့ကို သိရှိနိုင်ပါသည်။ တိုးတကိ
ဖွံ့ဖြိုးနေသော တိုင်းပြည်နိုင်ငံတိုင်းသည် အကြောင်းမဲ့သော အကျိုးပေးသက်သက်
များကြောင့် မဟုတ်ကြပါ။ တကယ်ကြိုးစား အလုပ်လုပ်သော တကယ်စည်းကမ်း ကောင်းမွန်သော
အကြောင်းတရားများကို နဖူးတွေ့၊ ဒူးတွေ့ သိရှိလာမည် ဖြစ်ပါသည်။
သို့သော် နိုင်ငံခြားသို့ သွားရောက် အလုပ်လုပ်သော မြန်မာများအနေဖြင့်
''အစားမတော်တစ်လုတ်၊ အသွားမတော် တစ်လှမ်း''
မဖြစ်ကြရအောင် သတိ၊ ဝီရိယ နှင့် အသိအလိမ္မာတို့ ရှိဖို့လိုအပ်လှပါသည်။ သတိဟူသည်
နေရာဌာနတိုင်းအတွက် အရေးကြီးစမြဲဖြစ်ရာ ရေခြားမြေခြားသို့ သွားရောက်လုပ်ကိုင်ကြသူများအတွက်မှာ
ပို၍ပင် အရေးကြီးလှပါသည်။
မိမိအလုပ်လုပ်ကိုင်ရသော ပတ်ဝန်းကျင်
သည် မိမိနှင့်အကျွမ်းတ၀င်မရှိ။ အစိမ်း သက်သက်။ မိမိအပေါ် သံယောဇဉ်နှင့်ရစ်ဖွဲ့
ထားသောအနေအထားမျိုးမဟုတ်။ လုပ်ငန်း သဘောအရ ဆက်စပ်နေခြင်းမျှပင်။ လက် တွဲအလုပ်လုပ်ကိုင်နေရသူအများစုသည်လည်း
မိမိနှင့် တစ်ရေတစ်မြေတည်း ပေါက်ဖွား သူများမဟုတ်ကြ။ နှုတ်ထွက်စကားလည်း မတူ။
ဘာသာအယူဝါဒလည်း တခြားစီ။ သို့ဖြစ်ရာ ရေခြားမြေခြား မြန်မာအလုပ် သမားများအတွက်
သွားလာလုပ်ကိုင်နေထိုင် သည့်အချိန်တိုင်းပင် သတိကိုကိုယ်နှင့်မကွာ ဆောင်ထားနိုင်မှ
တော်ကာကျပါမည်။
ဤစာစုကို စာရေးသူရေးနေစဉ်၌ပင် ထိုင်းနိုင်ငံတွင်
လုပ်ကိုင်နေသော မြန်မာ အလုပ်သမားနှစ်ဦးကို အမည်မသိ ထိုင်း လူငယ်တစ်စုမှ ဓားနှင့်ထိုးသဖြင့်
အပြင်း အထန် ဒဏ်ရာရရှိကြောင်း သတင်းတစ်ပုဒ် ကို ဂျာနယ်တစ်စောင်တွင် ဖတ်ရှုရပါသည်။
အဆိုးဆုံးမှာ ဒဏ်ရာရရှိသော မြန်မာ အလုပ်သမားများသည် ဘာသာစကား အခက်အခဲရှိနေသည့်အတွက်
ဓားနှင့်ထိုး သူများကို ဥပဒေကြောင်းအရ မဖြေရှင်းနိုင် ခြင်း ဖြစ်သည်။ ဆေးရုံတက်ခြင်းနှင့်
၎င်း မြန်မာအလုပ်သမားတို့၏ ကိစ္စအဝ၀ကို ထိုင်းနိုင်ငံရောက် မြန်မာများ ဖွဲ့စည်းထား
သည့် လူမှုရေးအသင်းအဖွဲ့တစ်ခုမှ ကူညီ ဆောင်ရွက်ပေးကြရသည်။
ဒုတိယသတင်းတစ်ပုဒ်ကိုလည်း ဆက်လက်တင်ပြလိုပါသည်။
အင်ဒိုနီးရှား နုင်ငံရှိ မြန်မာသံရုံးတွင် အကြမ်းဖက်ဗုံး ဖောက်ခွဲမည့်အရိပ်လက္ခဏာအဖြစ်
ဖုန်းတစ်လုံးတွေ့ရှိရခြင်း ဖြစ်သည်။
မြန်မာတို့ သွားရောက်လုပ်ကိုင်နေကြ သည့်
အိမ်နီးချင်းထိုင်းနိုင်ငံသည်ပင် ယခင်က ဗုဒ္ဓဘာသာဝင်အများအပြားရှိခဲ့ကြသော် လည်း ယနေ့ကာလတွင်
ဗုဒ္ဓဘာသာဝင် ဦးရေမှာ တစ်စထက်တစ်စ နည်းပါးလာ ပါသည်။ ထိုကဲ့သို့ ဘာသာခြားသောအနေ အထားများသည်
ရေခြားမြေခြား မြန်မာ အလုပ်သမားများအပေါ် "ဓားစာခံ"ဖြစ်လာ နိုင်ပါသည်။ ဤအချက်သည်လည်း
နိုင်ငံခြားသို့ သွားရောက်အလုပ်လုပ်ကြ မည့်
မြန်မာများအတွက် ထပ်ဆင့်တိုး ပွားလာသော သတိထားစရာကိစ္စဖြစ်ပါ
သည်။
ယနေ့ကမ္ဘာသည် အဘက်ဘက်မှ နညးပညာအဆင့်တန်းများ
အံ့မခန်းတိုးတက် နေကြသည်။ မြန်မာတို့၏ "သတိတမံဉာဏ် မြေကတုတ်"ဟူသောအဆိုစကား
မှန်ကန် လှကြောင်းကို ဩစတြေးလျနိုင်ငံမှ အဖြစ်
အပျက်တစ်ခုက သက်သေခံနေပါသည်။
ဖြစ်ပျက်ခဲ့သည်ကတော့ အချိန်ကာလ အားဖြင့်
၁၀ စုနှစ်တစ်ခုကို ကျော်ခဲ့ပြီ ဖြစ်သည်။ သို့သော်
ရေခြားမြေခြား မြန်မာ အလုပ်သမားများအတွက် ထပ်ဆင့် ဖောက်သည်ချလိုပါသည်။
ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့သို့ ရောက်ရှိလာသော
နိုင်ငံခြားသား တစ်ယောက်သည် အရက်ဘားတစ်ခုတွင် တစ်ခွက်တစ်ဖလားချရင်း ဇိမ်ကျနေသည်။ ထိုစဉ်
၎င်းထံသို့ လူတစ်ယောက်ရောက် ရှိလာပြီး မိတ်ဖွဲ့ကာ အရက်ဝယ်၍ ဧည့်ဝတ် ပြုပါသည်။
နှစ်ယောက်သား သောက်စားရင်း အချိန်ကြာလာသောအခါ
နိုင်ငံခြား ဧည့်သည်မှာ နောက်ဆုံးဘာမျှမသိတော့ သည့်အဆင့်အထိ ဖြစ်သွားပါသည်။ နောက်ဆုံးသူနိုးလာသောအချိန်မှ
ရေခဲတွေ စိမ်ထားသည့် ရေချိုးကန်ထဲသို့ ရောက်ရှိနေ ခြင်းဖြစ်ပါသည်။
သူနှင့် လက်လှမ်းမှီရာတွင်လည်း ဖုန်း တစ်လုံးရှိ၍
နေရာမရွေ့ဘဲ အမြန်ခေါ်ဆိုရန် ဖုန်းနံပါတ်တစ်ခုကို စာရေး၍ ညွှန်ကြား ထားခဲ့သည်။ ဧည့်သည်နိုင်ငံခြားသားလည်း
စာညွှန်းအတိုင်း ဖုန်းအော်ပရေတာကို လှမ်း ခေါ်၍ အကြောင်းစုံပြောပြပါသည်။ ထို အခါတွင်
အတွေ့အကြုံရှိသော ဖုန်းအော်ပ ရေတာက ဧည့်သည်ကို
ဖြည်းညင်းစွာထ၍ နောက်ဖက်ကခါးကို စမ်းကြည်လိုက်ဟု ဆို ပါသည်။ ခါးတွင် ပိုက်တစ်ခုရှိမရှိက်ုလည်း နိုင်ငံခြားသားဧည့်သည်အား မေးမြန်းပါ သည်။
နိုင်ငံခြားသားလည်း မိမိခါးတွင် ပိုက် တစ်ခုတွေ့ကြောင်း
ပြောလိုက်သည်နှင့် ဖုန်း အော်ပရေတာက မလှုပ်ရှားမစေဖို့နဲ့ ရေချိုး ကန်ထဲ ပြန်ဝင်ဖို့
အရေးတကြီး ညွှန်ကြား တော့သည်။ အကြောင်းမှာ နိုင်ငံခြားသား ဧည့်သည်၏ခန္ဓာကိုယ်မှ ကျောက်ကပ်
နှစ်လုံးကို ထုတ်ယူခံလိုက်ရသောကြောင့် ဖြစ်သည်။
နိုင်ငံခြားသို့ရောက်ရှိနေသော မြန်မာ အလုပ်သမားများအတွက်
ထိတွေ့၊ မြင် တွေ့သမျှ ပတ်ဝန်းကျင်သည် အသစ်အဆန်း များချည်းဖြစ်နေပါသည်။ အသစ်အဆန်း ဆိုလျှင်
စမ်းချင်ကြသည့် လူ့စိတ်သဘော အရ မြန်မာတိ၏ စံပြုအပ်သော ကိုယ်ကျင့် တရားများလည်း ပျက်စီးလာတတ်ပါသည်။
သို့ဖြစ်ရာ နိုင်ငံခြားသို့ သွားရောက်အလုပ် လုပ်သူများသည် မိမိကိုယ်ကို ထိန်းသိမ်း
နိုင်သော ကိုယ်ရည်ကိုယ်သွေးများ ရှိဖို့ လိုအပ်လှပါသည်။
မြန်မာတို့၏ ကိုယ်ကျင့်တရားသည် မကောင်းမှုပြုရမှာကို
ရှက်ခြင်း၊ ကြောက် ခြင်းများပင် ဖြစ်သည်။ မကောင်းမှုဟု ဆိုရာ၌လည်း နိုင်ငံခြားတိုင်းပြည်များ
အတွက် မဆန်းပြားလှသော သောက်စားမူးယစ်သည့်ဓလေ့မှ နှစ်ဦးသဘောတူ ချစ်ကြိုက်လျှင် အတူနေကြသည့်ဓလေ့စရိုက်များအထိ
အလုံးစုံအကျုံးဝင်ပါသည်။
ရောဂါဆိုးသည် ပျံ့နှံ့လွယ်သကဲ့သို့ မကောင်းမှုအကျင့်သည်းလည်း
လူတို့အား ကူးစက်လွယ်စေပါသည်။အဘယ်ကြောင့်ဆိုသော် လူတို့၏ပင်ကိုစိတ်သဘောသည် မကောင်းမှု၌
လက်ခံလွယ်သောကြောင့်ပင် သို့ဖြစ်ရာ နိုင်ငံခြားသို့ သွားရောက်အလုပ်လုပ်ရာမှ ပြန်လာကြသော
မြန်မာများသည် ရေခြားမြေခြား ဓလေ့များ၏ အငွေ့အသက်အဖြစ် သွေးသားနှီးနွှယ်မှုကို လွယ်လွယ်သဘောထားလာကြသော်
ဘာသာတရား၏ အဆုံးအမအောက်္ပ ခိုင်မြဲစွာဖူးပွင့်ခဲ့သော မြန်မာ့ယဉ်ကျေးမှုသည် အချိန်တိုအတွင်းပင်
ရေတိမ်နစ်ရကိန်းသို့ ဆိုက်ရောက်လာနိုငပါသည်။
စာရေးသူ၏ ပတ်ဝန်းကျင်တွင် နိုင်ငံခြားသို့
သွားရောက်အလုပ်လုပ်ကြသူများစွာ တွေ့ရပါသည်။ အချို့မှာ မိသားစုကို လစဉ်ငွေပို့၍ အပြန်တွင်လည်း
အထိုက်အလျောက် သော ငွေစကြေးစများ ပါရှိလာကြသည်။ အချို့ကမူ မိသားစုအတွက် လစဉ်ပို့ငွေလည်း
လောက်လောက်လားလားမရှိသည့်အပြင် အပြန်တွင်လည်း ခရီးစရိတ်မှ အနိုင်နိုင် ဟူသော ပုဂ္ဂိုလ်များလည်း ရှိကြပါသည်။
ထိုသူများကို ထဲထဲဝင်ဝင် မေးမြန်းကြည့် သောအခါ အလုပ်အကိုင် အဆင်မပြေမှု သက်သက်ကြောင့်
မဟုတ်ကြပါ။ ရရှိသမျှ သောလစာကို အကန့်အသတ်မရှိ သုံးဖြုန်း ခဲ့ကြသောကြောင့် ဖြစ်သည်။
မိမိအကျိုးစီးပွားအတွက် ရေခြားမြေ ခြားသို့
ထွက်ခွာကြရသူများသည် မိမိ၏ မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများ၊ သူငယ်ချင်းများနှင့်
အမိတိုင်းပြည်တို့ကို ချစ်လျက်နှင့် ခွာထွက်ကြရသူများ ဖြစ်ပါ သည်။ မျက်နှာငယ်စွာဖြင့်
သူတစ်ပါး တိုင်းပြည်တွင် သွေး၊ ချွေးနှင့် ရင်းနေကြ ရသူများ ဖြစ်ပါသည်။ ထိုသို့သော
အခြေ အနေတွင် "သမဇီဝတတာ"ဟူသည့် မြတ် ဘုရား၏ ကြီးပွားကြောင်း တရားလမ်း ညွှန်ချက်အတိုင်း
အဝငအထွကကုကြည့၍ သုံးစွဲကြရပါမည။ "အာရက္ခသမ္ပဒါ"ဟူ သည့်အတိုင်း မိမိဥစ္စာငွေကြေးကို
မပျက်စီး၊ မပျောက်ပျက်၊ မဆုံးရှုံးအောင် စောင့်ရှောက်
ကြရပါမည်။
ယနေ့ကာလတွင် စာရေးသူတို့နိုင်ငံ သည် မည်သည့်အချိန်ကာလနှင့်မျှမတူဘဲ
နိုင်ငံသားတစ်ဦးစီ၏ ရပိုင်ခွင့်များကို အလေးထားနေချိန် ဖြစ်ပါသည်။ ယခင်က နိုင်ငံခြားသို့သွားလိုလျှင်
ဗီဇာရဖို့ အချိန် ပေးကြရပါသည်။ ယခုမူ အခက်အခဲ၊ နှောင့်နှေးမှုတို့ မရှိသလောက်နည်းပါးပြီ
ဖြစ်သည်။ တိုးတက်ကြီးပွားလိုသော သူများအနေဖြင့်လည်း ရေခြားမြေခြား တိုင်းပြည်များသို့
ပိုမိုသွားရောက်လုပ်ကုင် လာနိုင်ကြပါသည်။
ချုပ်၍ဆိုရပါလျှင် နိုင်ငံခြားသို့ သွား
ရောက်ငွေရှာကြသော မြန်မာများအနေဖြင့် မိမိတို့အလိုရှိသော ငွေကြေးနှင့် ၎င်းနိုင်ငံ တို့၏
ကြီးပွားတိုးတက်အော်င ကြုးစား လုပ်ဆောင်ပုံ နည်းပညာတို့ကိုသာ လက်သင့် ခံအတုခိုးသယ်ဆောင်လာကြရပါမည်။
မိမိ တို့ရေမြေရာသီဥတု၊ ရိုးရာယဉ်ကျေးမှုတို့နှင့် မအပ်စပ်သော လုံးဝဖီလာဆန့်ကျင်ဖြစ်သော
ဓလေ့စရိုက်နေထုင်မှုပုံစံများကို လူသေစေ တတ်သည့် အဆိပ်ပမာ ဝေးဝေးရှောင်ကြရ မည် ဖြစ်ပါသည်။
ကျော်ဟန်(မြန်မာစာ)
အတွဲ(၁၃)၊ အမှတ်(၁၅)