ငြိမ်းချမ်းရေးဟူသော စကားလေးက သုံးလုံးတည်း သာဖြစ်သော်လည်း
နောက်ဆက်တွဲအဓိပ္ပါယ်မှာ ကျယ်ပြန့်လှသည်။ တည်ငြိမ်အေးချမ်းသော သာယာဝပြောသော၊
ဖွံ့ဖြိုးတိုးတက်သော လူ့ဘောင်တစ်ခု တည်ဆောက်ရေးအတွက် မရှိမဖြစ်အဓိကကျသည့်
လိုအပ်ချက်တစ်ခုလည်း ဖြစ်ပါသည်။ လက်နက် ကြီးငယ်များဖြင့် ပစ်ခတ်နေကြသော
စစ်ဘေးသင့်ဒေသများမှ အတိဒုက္ခရောက်နေကြသည့် စစ်ဘေးသင့် ပြည်သူများ၊
ကျောင်းဖွင့်ချိန် စာသင်ခန်းသို့သွားရောက်၍ စာသင်အံနေရမည့်အချိန်
တောထဲတောင်ထဲ၌ ပြေးလွှားပုန်းခိုနေကြရသည့်
ကလေးငယ်များနှင့် နယ်မြေမတည်ငြိမ်မှု၊ မအေးချမ်းမှုများကြောင့် အစစအရာရာ
ဖွံ့ဖြိုးတိုးတက်မှုနောက်ကျကျန်ခဲ့ကြရသည့် ဒေသများတွင် နေထိုင်ကြရသော
တိုင်းရင်းသားပြည်သူများက ငြိမ်းချမ်းရေး၏ အနှစ်သာရကို
ပိုမိုသိရှိလိုလားကြသည်။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့်
ပြည်နယ်အသီးသီးတွင် တစ်ပြေးညီဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက်
အဓိကလိုအပ်ချက်မှာ လက်နက်ကိုင်ပစ်ခတ်မှုများရပ်စဲပြီး
တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရန် ဖြစ်သည်။ ယင်းကဲ့သို့တစ်နိုင်ငံလုံး
ငြိမ်းချမ်းရေး ရရှိနိုင်ရန်အတွက် နိုင်ငံတော်အစိုးရကလည်း လက်နက်ကိုင်
အဖွဲ့အစည်းများနှင့် အစွမ်းကုန် ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။ ထို့သို့
ကြိုးပမ်းမှု၏ ရလဒ်အဖြစ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အရေးကြီးသည့်
ကဏ္ဍတစ်ရပ်ဖြစ်သော ၂၁ ရာစုပင်လုံညီလာခံကြီးကို မကြာမီ ကာလအတွင်း
ကျင်းပနိုင်တော့မည် ဖြစ်သည်။
၂၁ ရာစုပင်လုံညီလာခံကြီးတွင်
နိုင်ငံတော်အတွက် အပြုသဘောဆောင်သော ရလဒ်ကောင်းများ ပေါ်ထွက်လာရန်
တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက မျှော်လင့်လျက်ရှိသည်။
နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို တစ်ညီ တစ်ညွတ်တည်း ညှိနှိုင်းသဘောတူညီမှု
ရရှိနိုင်ရန်နှင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရန်မှာ ပြောင်းလဲမှု
လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေသော မြန်မာနိုင်ငံအတွက်
လွန်စွာအရေးကြီးသည့်အချက်လည်း ဖြစ်ပါသည်။ သို့ဖြစ်ရာ ၂၁ ရာစုပင်လုံညီလာခံမှ
ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်သော ရလဒ်ကောင်းများဖော်ဆောင်နိုင်မှသာ
နိုင်ငံသားအားလုံးက လိုလားတောင့်တလျက်ရှိသည့် ငြိမ်းချမ်းဝေစည်
ဖွံ့ဖြိုးတိုးတက်သော မြန်မာ့လူ့ဘောင်သစ်တစ်ရပ်ကို ဖော်ဆောင်နိုင်မည်
ဖြစ်ပေသည်။
အယ်ဒီတာ့အာဘော်
အတွဲ(၁၃)၊ အမှတ်(၁၅)
Popular Posts
-
လယ်တွင်းသားစောချစ် "ရွာတွင် လယ်ယာလုပ်ငန်းမှာ မြွေဆိုးအန္တရာယ်ကြောင့် အသက်ဆုံးရှုံးရသည်များ ရှိပါသည်။ လူငယ်များက ရှေးဦးသူနာပြုနည်းကို စန...
-
နေဝင်းလွင် (မွေး/ကု) မေး။ ကျွန်တော်တို့ ကျေးလက်ဒေသအနေဖြင့် တောကြက်(ခေါ်) ဒေသကြက်မွေးမြူရာတွင် ကျွန်တော်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ...