၃၁-၇-၂၀၁၆
ညနေ(၇း၀၅)နာရီ
မြစ်ရေစိုးရိမ်ရေအမှတ်ကျော်လွန်မှုအခြေအနေ နဲ့ ရေဖုံးလွှမ်းခံရမှုအခြေအနေသတင်း
၃၁-၇-၂၀၁၆ ရက်၊ ညနေ (၀၆း၃၀)နာရီအချိန်ထုတ်ပြန်ချက်
(၃၁-၇-၂၀၁၆)ရက်နေ့(၁၂း၃၀)နာရီအချိန် တိုင်းတာချက်များအရ ဧရာဝတီမြစ်ရေဟာ သပိတ်ကျဉ်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ညောင်ဦး၊ ဟင်္သာတ၊ဇလွန် မြို့များတွင်လ လည်းကောင်း၊ ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်း၊ ဖေါင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ မုံရွာ မြို့များတွည်းကောင်း၊ ဒုဋ္ဌ၀တီမြစ်ရေဟာ မြစ်ငယ်မြို့တွင်လည်းကောင်း၊ င၀န်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့တွင်လည်းကောင်း၊ အဆိုပါမြို့များအသီးသီးတို့ရဲ့ စိုးရိမ်ရေအမှတ်များကို ကျော်လွန်ရောက်ရှိ နေပါတယ်။
နောက်(၂)ရက်အတွင်း အဆိုပါမြစ်ရေများဟာ စိုးရိမ်ရေအမှတ်များအောက် ပြန်လည်ကျ ဆင်းဖွယ်ရာ မရှိသေးပဲ စိုးရိမ်ရေအမှတ်များရဲ့အထက်မှာ ဆက်လက်တည်ရှိနေဦးမှာဖြစ်ပါတယ်။
ထို့အပြင် ဧရာဝတီမြစ်ရေဟာ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ မြို့များတွင် လည်းကောင်း၊ သံလွင်မြစ်ရေသည် ဘားအံမြိုကတွင်လည်းကောင်း နောက်(၂)ရက်အတွင်း အဆိုပါမြို့များရဲ့ စိုးရိမ်ရေအမှတ်များဆီသို့ ရောက်ရှိကျော်လွန်သွားနိုင်ပါတယ်။
နာဆာရဲ့ ဂြိုဟ်တုတိုင်းတာချက်များအရ မိုးရေများ၊ ချောင်းရေများ၊ တောင်ကျရေးများ၊ မြစ်ရေများ စီးဆင်းမှုကြောင့် မန္တလေးတိုင်း(ညောင်ဦး၊ ပုဂံ၊ မိတ္ထီလာ မြို့နယ်များ)၊ စစ်ကိုင်းတိုင်း အောက်ပိုင်း (မုံရွာမြို့နယ်)၊ ဧရာဝတီတိုင်း(မအူပင်မြို့နယ်)၊ ပဲခူးတိုင်း(ပဲခူးမြို့နယ်)၊ ရန်ကုန်တိုင်း( ရန်ကုန်-မင်္ဂလာဒုံမြို့နယ်) နဲ့ မွန်ပြည်နယ်(သထုံမြို့နယ်) တို့တွင် ရေဖုံးလွှမ်းခံရမှု အလားအလာမြင့်မားသောဒေသများဖြစ်ပေါ်နေပါတယ်။
Souirce: DMH and NASA
ဒေါက်တာထွန်းလွင်
(MCCW)