မောင်ငြိမ်းအောင်(တန့်ဆည်)
ဧရာ၀တီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကြခတ်ကုန်းရွာက တောင်သူလယ်သမားကြီး ဦးညွန့်စိန် စာရေးသူထံ ဖုန်းဆက်လာပါတယ်။ စိုက်ပျိုးရေးဆိုင်ရာပွဲတစ်ခုမှာ ဆရာဆွေးနွေးသွားတဲ့ ဆေးရွက်ကြီးပိုးသတ်ဆေးရည်နဲ့ ငါးပုစွန် ဇီ၀အပင်အားတိုးဆေးရည် ပြုလုပ်သုံးစွဲနည်းကို တိတိကျကျ အသေးစိတ်သိချင်လို့ အကူအညီတောင်းတာပါလို့ ဆိုပါတယ်။
ဦးညွန့်စိန်သိချင်တဲ့ အဲဒီနည်းလမ်းနှစ်မျိုးက ဖုန်းနဲ့ပြောရုံနဲ့ ပြည့်စုံမှာ မဟုတ်ဘူးဗျာ။ ဒါနဲ့ အကြံပြုချက်ကလေး တောင်သူလယ်သမားများ အားလုံးရဲ့ အကျိုးအတွက် ရေးပေးလိုက်ရခြင်းပါပဲ။
![]() |
ဓာတ်ပုံ - Greenway |
ငါးပုစွန် ဇီ၀အပင်အားတိုးဆေးရည် ပြုလုပ်သုံးစွဲနည်းကတော့ ငါးသေး၊ ငါးမွှား၊ ငါးခေါင်း၊ အူ၊ အမြီး၊ ပုစွန်အသေးအမွှား နှစ်ပိဿာကျော်ခန့်ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ကနဦး ထန်းလျက်နှစ်ပိဿာကို မပျစ်မကျဲရအောင် ကျိုပြီး အအေးခံထားပါ။ ထန်းလျက်တင်လဲရည် ခြောက်လီတာရအောင် စပ်ပါ။ အအေးခံထားပါ။ အိုးတစ်ခုထဲသို့ ငါး၊ ပုစွန် နှစ်ပိဿာကိုထည့်ပြီး ၎င်းထဲသို့ တင်လဲရည် ခြောက်လီတာလောင်းထည့်ပါ။ တုတ်နဲ့သမအောင် ကောင်းကောင်းမွှေပါ။ အိုးကို လေလုံအောင် ကောင်းစွာပိတ်ပြီး အရိပ်အောက်မှာ ၃၀ ရက်ကြာထားပါ။ ကြားကာလတွင် ငါးကြိမ်၊ ခြောက်ကြိမ် အဖုံးဖွင့်ပြီး မွှေပေးပါ။ တစ်လပြည့်ရင် အဖတ်များကို စွပ်ကျယ်ဟောင်း (သို့) ရေစစ်ဟောင်းကြီးကြီးနဲ့ စစ်ပါ။ အဖတ်များကို ပြန်သုံးရန် အိုးတွင် ပြန်ထည့်ပါ။ စစ်၍ရတဲ့အရည်ကို ဆေးရည် တစ်ဆ၊ ရေ ၁၀၀၀ ဆနဲ့ရောပြီး ဖျန်းပုံးနဲ့ ဖျန်းနိုင်ပါတယ်။ သုံးနိုင်တဲ့သီးနှံတွေကတော့ စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံ၊ သစ်သီး၀လံ၊ ဟင်းသီးဟင်းရွက်တွေမှာ အသုံးပြုနိုင်ပါတယ်။ အကျိုးရှိနိုင်တဲ့ အချက်ကတော့ အပင်တွေ ကြီးထွားသန်မာစေတယ်။ အသီးအပွင့်အားကောင်းစေတယ်။ အသီးအပွင့်အရွက်တွေ အရည်အသွေးကောင်းမွန်စေတယ်။ ဓာတုဓာတ်ကြွင်း လုံး၀မရှိရပါ။ အသုံးပြုမယ့်အချိန်နဲ့ အကြိမ်ကတော့ အပင်ကြီးထွားချိန်မှာ သုံးကြိမ်၊ အပွင့်အဖူးဝင်ချိန်မှာ နှစ်ကြိမ်၊ သီးကင်းဝင်ချိန်မှာ နှစ်ကြိမ်ဖျန်းပေးဖို့ လိုအပ်ပါတယ်။
အထက်ပါ ဇီ၀နည်းလမ်းနှစ်သွယ်ကတော့ ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနက သုတေသနပြု စမ်းသပ်ထုတ်လုပ်ထားတဲ့နည်း ဖြစ်တဲ့အတွက် ယုံကြည်စိတ်ချစွာသာ အသုံးပြုလိုက်ကြပါ။ သီးနှံတွေ အထွက်တိုးလို့ အရည်အသွေးကောင်းပြီး ဓာတုဓာတ်ကြွင်းမပါလို့ အကျိုးကျေးဇူးများလှပါတယ်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၁)
No comments:
Post a Comment