မေကျော်(ပြန်/ဆက်)
ရွာဦးကျောင်းဆရာတော်၏ မွေးနေ့တွင်ဖြစ်သည်။ ဆရာတော်က တောင်ကျောင်းတွင် သီတင်းသုံးသည့်အတွက် အလှူရှင်များက မုန့်ပွဲများကို စီစဉ်ပြီး ကပ်လျက်ဆောက်ထားသည့် မြောက်ကျောင်းပေါ်တွင် ကျွေးမွေးပါသည်။ မွေးနေ့ပွဲသို့ ရွာသူရွာသားများ လာရောက်ရာ ထိုအထဲတွင် အစားအသောက် အလွန်သန်သော အောင်ဘုလည်းပါသည်။ အောင်ဘုက တောင်ကျောင်းပေါ်က မုန့်ပွဲများကို သွားယူလိုက်၊ မြောက်ကျောင်းပေါ်တွင် တက်စားလိုက်ဖြင့် ကြိမ်ဖန်များလာသောအခါ အပေါင်းအသင်းများက မေးပါသည်။
‘‘ဟေ့ကောင်အောင်ဘု မင်းမရှက်ဘူးလား။ ဒါနဲ့ဆို ငါးခါရှိပြီ’’
အောင်ဘုက ခပ်တည်တည်ဖြင့် ဖြေဆိုပါသည်။
‘‘ဘာလို့ရှက်ရမှာလဲကွ။ ငါက မင်းတို့နာမည်ကို ပြောပြောပြီး ယူလာတာကွ’’
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၇)
No comments:
Post a Comment