မောင်ငြိမ်းအောင်(တန့်ဆည်)
သီးနှံပင်တိုင်းတွင် ရှင်သန်ကြီးထွား မျိုးဆက်ပြန့်ပွားရန်အတွက် အာဟာရဓာတ် ၁၆ မျိုး လိုအပ်ပါတယ်။ အဲဒီဓာတ်တွေကတော့ နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်၊ ကာဗွန်၊ မဂ္ဂနီစီယမ်၊ ဆာလ်ဖာ(ကန့်)၊ သံ၊ မဂ္ဂနီးစ်၊ ကြေးနီ၊ သွပ်၊ ဘိုရွန်၊ မော်လစ်ဘီဒီနန်၊ ကလိုရင်းတို့ဖြစ်ပါတယ်။
သရက်ပင်အတွက် ဆာလ်ဖာ(ကန့်)ဓာတ်ရဲ့ အကျိုးသက်ရောက်မှုကို ဆွေးနွေးချင်ပါတယ်။ သရက်ပင်မှာ ဆာလ်ဖာဓာတ်ဟာ အရေးပါသောဓာတ်တစ်ခု ဖြစ်နေပါတယ်။ သရက်မှာ ဆာလ်ဖာချို့တဲ့ပါက သရက်ရွက်ပေါ်တွင် ဒဏ်ရာအပြောက်များ ဖြစ်ပေါ်လာခြင်း၊ ရွက်ကြောများစုစည်းလာခြင်း၊ မရင့်သေးသော ရွက်နုများ ပြုတ်ကျခြင်း၊ အစိမ်းရောင်အရွက်များ ပါးလွှာခြင်း ဖြစ်ပေါ်စေပါတယ်။ ဆာလ်ဖာဓာတ်အဆိပ်သင့်မှုဟာ ဆာလ်ဖာဒိုင်အောက်ဆိုဒ်မှာ အဆိပ်ငွေ့ဖြစ်သောအခါ ရေနဲ့ပေါင်းစပ်ပြီး ဘိုင်ဆာလ်ဖိတ်သို့ ပြောင်းသွားပါတယ်။ဆာလ်ဖြူရစ်အက်စစ်ကို ဖြစ်စေပါတယ်။ အစာချက်လုပ်ရန် အလင်းရောင်ကို တုံ့ပြန်မှုရှိသောအခါ အဆိပ်သင့်စေပါတယ်။ သရက်ပင်ဟာ ဆာလ်ဖာကို မြေထဲနဲ့ လေထုထဲမှာ အလွန်ဆုံးတုံ့ပြန်နိုင်စွမ်းရှိပါတယ်။
![]() |
ဓာတ်ပုံ - Grafted Mango Tree |
ဆာလ်ဖာဓာတ်ဟာ အာဟာရဓာတ်ပေါင်းများ ဖွဲ့စည်းရာမှာ မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ၎င်းအပြင် ဆာလ်ဖာဟာ ဖက်တီးအက်စစ်ကို လျော့ကျစေပါတယ်။ မြေဆီလွှာအတွင်းမှာရှိတဲ့ ဆာလ်ဖာရဲ့ ၇၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းဟာ အော်ဂင်းနစ်ဆီမှာ ရှိနေတာ ဖြစ်ပါတယ်။ မြေမျက်နှာသွင်ပြင် ပျော့ပြီး မိုးရေချိန်များသော မြေများမှာ ဆာလ်ဖာစုပုံခြင်း၊ စုပ်ယူမှုများ ဟန့်တားခြင်း ဖြစ်ပေါ်နိုင်ပါတယ်။
သရက်ပင်အတွက် ဆာလ်ဖာထည့်သွင်းမယ်ဆိုရင် ပိုတက်စီယမ်ဆာလ်ဖိတ်၊ ကျောက်မှုန့်၊ အမိုးနီးယမ်းဆာလ်ဖိတ်တို့ကို အသုံးပြုနိုင်ပါတယ်။ လေထဲရှိ ဆာလ်ဖာဒိုင်အောက်ဆိုဒ်ကို အရွက်များမှတစ်ဆင့် ထိန်းထားနိုင်ပါတယ်။ ဆာလ်ဖာဟာ အမြစ်မှ စုပ်ယူပြီး အညွန့်များဆီသို့ ရွေ့လျားနိုင်ပါတယ်။ အပင်တစ်သျှူးတစ်ခုမှ တစ်ခုသို့ လွယ်ကူစွာ မရွှေ့ပြောင်းနိုင်တဲ့အတွက် စုပ်ယူမှု လျော့နည်းစေနိုင်ပါတယ်။
ဆာလ်ဖာသည် သရက်သီး အသီးတင်နှုန်း၊ အရောင်အသွေးတောက်ပမှု၊ အနံ့အရသာကောင်းမှု၊ အရည်အသွေးကောင်းမှုတို့ကို အထူးပြုနိုင်တဲ့အတွက် သရက်စိုက်ရင် ဆာလ်ဖာကို မမေ့ပါနဲ့လို့အသိပေးလိုက်ပါရစေ။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၅)
No comments:
Post a Comment